backup og meta

ပေါင်ခြံမှာ ပေါက်တဲ့ ပွေး နဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပေါင်ခြံမှာ ပေါက်တဲ့ ပွေး နဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

    အရွယ်ရောက်ပြီးသူတွေမှာ အဖြစ်များတဲ့ မှိုကြောင့်ဖြစ်တဲ့ အရေပြားရောဂါတစ်မျိုး ဖြစ်ပြီး ပေါင်ခြံတစ်ဝိုက်မှာ အဖြစ်များပါတယ်။ လိင်အင်္ဂါနဲ့ တင်ပါး တစ်ဝိုက်မှာလည်း ပွေး ပေါက်နိုင်ပါတယ်။ ခန္ဓာကိုယ်အရေပြားအနှံ့ မှိုရောဂါပိုး ကူးစက်နိုင်ပြီး ဦးရေပြား၊ မျက်နှာ၊ လက်သည်း၊ ခြေသည်း၊ ခြေထောက်၊ ချိုင်း၊ ပေါင်ခြံ၊ လိင်အင်္ဂါ တစ်ဝိုက်မှာ ကူးစက်နိုင်ပါတယ်။

    စက်ဝိုင်းပုံသဏ္ဍာန်ရှိပြီး အနားသတ်တွေက ဖောင်းကြွပြီး နီရဲနေပါတယ်။ ယားယံလွန်းတာကြောင့် မကြာခဏ ကုတ်မိရာကနေ ပိုးဝင်သွားနိုင်ပြီး ရောဂါလက္ခဏာ ပိုဆိုးသွားနိုင်ပါတယ်။ သေချာကုသမှု မခံယူတဲ့အခါမှာ ရောဂါအပျောက်နှေးတာ၊ ဆေးယဉ်သွားတာ၊ ပွေးက နေရာအနှံ့ကို ပျံ့လာတာအပြင် အရေပြားအောက်က တစ်သျှူးကိုပါ ထိခိုက်ပျက်စီးစေနိုင်ပါတယ်။

    ပေါင်ခြံ ပွေး ဖြစ်ရခြင်း အကြောင်းရင်း

    ပူနွေးပြီး စိုစွတ်တဲ့ နေရာတွေ၊ ချွေးမကြာခဏ ထွက်လွန်းတဲ့ နေရာတွေမှာ ပိုပြီး ပေါက်ဖွားဖို့ လွယ်ကူပါတယ်။ အတွင်းခံဘောင်းဘီကို ကျပ်နေအောင် ဝတ်ထားတာ၊ ပူလောင်အိုက်စပ်တဲ့ ရာသီဥတုတွေမှာ အဖြစ်များပါတယ်။ အားကစားလုပ်ပြီး တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတဲ့ အမျိုးသားတွေ၊ မိုးရေနဲ့ ချွေးနဲ့ အကြာကြီးထိနေမိတဲ့အခါမျိုးမှာ၊ မှိုရောဂါပိုးရှိနေတဲ့ သူရဲ့ အသုံးအဆောင်၊ ဖိနပ်နဲ့ အဝတ်အစားတွေ အတူတကွ သုံးစွဲတာကြောင့် ပွေး  ကူးစက်နိုင်ပါတယ်။

    ပေါင်ခြံပွေးရဲ့ လက္ခဏာတွေက ဘာတွေလဲ။

    ၁။ များသောအားဖြင့် ပွေးပေါက်နေတဲ့ နေရာဟာ ယားယံနေတယ်။ တစ်ခါတလေမှာ နာကျင်တတ်ပါတယ်။

    ၂။ ပေါင်ခြံ၊ စအို၊ လိင်အင်္ဂါတစ်ဝိုက်မှာ နီရဲနေတတ်တယ်။

    ၃။ အနာက စက်ဝိုင်းပုံသဏ္ဍာန်ဖြစ်နေပြီး ပတ်ပတ်လည်ပြီး ဖောင်းကြွနေတဲ့ အဖက်ကလေးတွေ တွေ့ရတတ်ပါတယ်။

    ပေါင်ခြံမှာ ပေါက်တဲ့ ပွေး နဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

    ၄။ ပွေး က ကြီးလာတဲ့အခါ အလယ်က ချိုင့်ဝင်သွားပြီး ဘေးဘက်ကို ပျံ့ပြီးပွားလာပါတယ်။

    ၅။ ခြောက်နေတဲ့ အရည်ကြည်ဖုပုံစံ၊ အသားအရေက အကြေးခွံလို မာထစ်ထစ်ကြီး ဖြစ်နေတတ်ပါတယ်။

    ၆။ တစ်ခါတလေမှာ ပြည်တွေထွက်နေတတ်တယ်။

    ၇။ ပုံမှန်အသားအရောင်နဲ့ မတူဘဲ အရောင်ဖျော့တာ၊ ရင့်တာ ဖြစ်နိုင်တယ်။

    ပေါင်ခြံ ပွေး ကို ဘယ်လိုကုသမလဲ။

    ပွေးလိုမျိုး မှိုကြောင့်ဖြစ်တဲ့ အရေပြားရောဂါတွေဟာ တစ်ဦးနဲ့ တစ်ဦး ကူးစက်ဖို့လည်း လွယ်ကူသလို အမြစ်ပြတ် မပျောက်ကင်းသွားဘူးဆိုရင် တခြားနေရာမှာ ထပ်ပေါက်လာဖို့ ပိုလွယ်ကူပါတယ်။ ကိုယ့်ကိုယ်ကို ပွေး ရှိတယ်လို့ သံသယရှိတယ်ဆိုရင် အရေပြားဆရာဝန်နဲ့ သေချာပြသပြီး တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။

    ကိုယ့်ရဲ့ ရောဂါအခြေအနေ၊ ဖြစ်ပွားရခြင်း အကြောင်းရင်းပေါ် မူတည်ပြီး အရေပြားဆရာဝန် ကိုယ်တိုင် လိမ်းဆေးပေးနိုင်သလို လိမ်းဆေးနဲ့ သောက်ဆေးကို တွဲပြီး ပေးတာမျိုးလည်း ရှိနိုင်ပါတယ်။

    ဆေးလိမ်းတဲ့အခါမှာလည်း ဆရာဝန်ပြောထားတဲ့ ဆေးညွှန်းအတိုင်း သေချာလိုက်နာမယ်ဆိုရင် ၂ ပတ်ကနေ ၄ ပတ်အတွင်း အမြစ်ပြတ်ပျောက်ကင်းနိုင်ပါတယ်။

    ထပ်မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။

    ပေါင်ခြံမှာ ပေါက်တဲ့ ပွေး နဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

    ၁။ ကျား၊ မ မရွေး တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

    ၂။ ရေချိုးပြီးတဲ့အခါ ကိုယ်ခန္ဓာထဲမှာ ကျန်ရစ်နေတဲ့ ရေတွေကို ပြောင်စင်အောင် သုတ်ပါ။

    ၃။ သန့်ရှင်းပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သား အဝတ်အထည်တွေကို ဝတ်ပေးပါ။

    ၄။ အတွင်းခံတွေကို သန့်ရှင်းအောင်ထားပါ။ ဝတ်ပြီးသား အတွင်းခံတွေကို ပြန်ဝတ်တာမျိုး မလုပ်သင့်ပါဘူး။

    ၅။ လေ့ကျင့်ခန်း လုပ်ပြီးတဲ့အချိန်၊ ချွေးအလွန်ထွက်တဲ့ အချိန်ဆို ချွေးတိတ်အောင် ခဏစောင့်ပြီး ရေအမြန်ချိုးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement