၁။ ကိုယ်အလေးချိန် တက်စေတယ်။
ဒါကတော့ လူတော်တော်များများ သိထားကြပြီး ဖြစ်မှာပါ။ ညစာရှောင်တာထက် ညမိုးချုပ်မှ အစာစားခြင်းဟာ ကိုယ်အလေးချိန်ကို တက်စေပြီး အဝလွန်စေတယ်။ ညမိုးချုပ်တဲ့အခါ ကိုယ်က မအိပ်ပဲ နိုးနေရင်တောင် ကိုယ်တွင်းအင်္ဂါတွေက ပင်ပန်းနေမှာ ဖြစ်တဲ့အတွက် အစာကောင်းကောင်း ချေပေးနိုင်မှာ မဟုတ်ပါဘူး။ အစာမကြေဖြစ်ပြီး ရင်ပြည့်မယ်။ ဗိုက်မအီမသာဖြစ်ပြီး နိုးလာတဲ့အခါမှာလည်း နေလို့ထိုင်လို့ ကောင်းမှာ မဟုတ်ပါဘူး။
၂။ အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေတယ်။
အစာဝင်သွားတဲ့အခါ ကိုယ်တွင်းအင်္ဂါတွေအပြင် ဦးနှောက်ကပါ အလုပ်လုပ်နေရတဲ့အတွက် ကိုယ့်ရဲ့ ညဘက်အိပ်ချိန်ကိုပါ အဟန့်အတားဖြစ်စေပါတယ်။ လူတစ်ယောက်အတွက် နေ့စဉ် အိပ်ချိန် အနည်းဆုံး ၇နာရီ ပြည့်ဝဖို့ လိုအပ်တာကြောင့် ကြာလာတဲ့အခါ ညဘက်အစာစားတတ်တဲ့အကျင့်ကြောင့် ကျန်းမာရေး ထိခိုက်လာနိုင်ပါတယ်။
၃။ ရင်ပူမယ်။
အစာစားလိုက်တဲ့အခါ အစာအိမ်က အက်စစ်တွေ စီးဆင်းတဲ့အတွက် နှလုံးနဲ့ ရင်ဘက်တစ်ဝိုက်မှာ ပူလောင်နေမယ်။ အစာကောင်းကောင်း ချေဖျက်ေပးနိုင်မှာ မဟုတ်တဲ့အပြင် အစာစားပြီး အိပ်ရာတန်းဝင်လိုက်တဲ့အခါ ရင်ဘက်ထဲမှာ ပူလောင်နေတဲ့ ဝေဒနာကို ခံစားရနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။