backup og meta

ငှက်ပျောအူစားရင် ကျန်းမာရေးအတွက် ဘာတွေကောင်းလဲ

ငှက်ပျောအူစားရင် ကျန်းမာရေးအတွက် ဘာတွေကောင်းလဲ

မုန့်ဟင်းခါးစားရင် ငှက်ပျောအူတွေ အသည်းအသန်ဖယ်ခိုင်းတဲ့သူတွေရှိလား။ ကိုယ်တွေကတော့ ဟင်းရည်တောင်းရင် ငှက်ပျောအူဖတ်လေးထည့်ပေးပါလို့ကို ထည့်တောင်းတာ။ ငှက်ပျောပင်ဟာ အသီး၊အခွံ၊အရွက်၊ ပင်စည်အထိကို တစ်ပင်လုံးဆေးဘက်ဝင်နေတာ တကယ်အံ့သြဖို့ကောင်းပါတယ်။ ငှက်ပျောသီးက ဗီတာမင်နဲ့သတ္တုဓါတ်တွေပါဝင်တယ်၊ အခွံကလည်း အသားအရေအတွက် အသုံးဝင်တယ်၊ အရွက်ဆိုလည်း ဟိုရှေးတည်းကမြန်မာမုန့်လုပ်တဲေ့နရာမှာ အမြဲထည့်သုံးလေ့ရှိတာ အဆိပ်အတောက်ကင်းတဲ့ သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးကြောင့်ပါ။ အခုတော့ ပင်စည်ဖြစ်တဲ့ ငှက်ပျောအူရဲ့ဆေးဘက်ဝင်ပုံကိုပြောပြချင်လို့ ဖတ်ကြည့်လိုက်ပါဦး။ သူများနိုင်ငံမှာဆို ငှက်ပျောအူကို ကြိတ်ပြီးအရည်ကိုဖျော်ရည်တောင်လုပ်သောက်တာနော်။

အဆိပ်အတောက်ဖယ်ရှားနိုင်စွမ်း

ငှက်ပျောအူဟာ ခန္ဓါကိုယ်ထဲက အဆိပ်အတောက်ဓါတ်ေတွကို ဖယ်ရှားရှင်းလင်းပေးနိုင်ပါတယ်။ ဆီးလည်းရွှင်စေသလို အမျှင်ဓါတ်လည်း ကြွယ်ဝပါတယ်။

ဆီးကျောက်ကို ကြေစေပြီး ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကုသနိုင်စွမ်း

ငှက်ပျောအူနဲ့ဖာလာစေ့ ပေါင်းစပ်လိုက်ရင် ဆီးအိမ်ကို ပြေလျော့စေပြီး ဆီးကျောက်တွေကို ကြေစေနိုင်ပါတယ်လို့ ဆိုကြပါတယ်။ ငှက်ပျောအူနဲ့ သံပရာသီး ပေါင်းစပ်ရင် ဆီးလမ်းကြောင်းပိုးဝင်ခြင်းကြောင့် ခံစားရတဲ့ဝေဒနာတွေကို သက်သာစေနိုင်ပါတယ်။

ဝိတ်ကျစေခြင်း

အမျှင်ဓါတ်ကြွယ်ဝလွန်းတဲ့ ငှက်ပျောအူက ခန္ဓါကိုယ်ရဲ့ ဆဲလ်တွေထဲ သကြားဓါတ်နဲ့အဆီဓါတ်တွေ မစုပုံလာအောင် တားဆီးပေးနိုင်ပါတယ်။ ဒါ့အပြင် အစာကိုချေဖျက်နိုင်စွမ်းပိုကောင်းစေပြီး ကယ်လိုရီပါဝင်မှုလည်း နည်းပါးပါတယ်။

ဆီးချိုကျစေခြင်း

ငှက်ပျောအူကသွေးတွင်းသကြားဓါတ်ကို ကျစေတဲ့၊၊ ထိန်းစေတဲ့အစွမ်းအာနိသင်ရှိပါတယ်။သွေးတွင်းသကြားဓါတ်ကိုထိန်းညှိနိုင်ဖို့ ခန္ဓါကိုယ်ထဲမှာ အင်ဆူလင်ထုတ်လုပ်မှုကိုတိုးစေနိုင်ပါတယ်။

ကိုလက်စထရော ချေဖျက်နိုင်ခြင်း

ဗီတာမင် B6 နဲ့ သံဓါတ် ကြွယ်ဝပြီး ဟီမိုဂလိုဘင်အရေအတွက်ကို တိုးစေနိုင်ပါတယ်။ ပိုတက်ဆီယမ်ပါဝင်မှုလည်း မြင့်မားပြီး ကိုလက်စထရောကို ချေဖျက်နိုင်ပါတယ်။

အစာအိမ်သွေးကြောပွန်းပဲ့ခြင်းကို ပြန်လည်ကောင်းမွန်စေခြင်း

ငှက်ပျောအူက ခန္ဓါကိုယ်အတွင်းက အက်စစ်ဓါတ်ထွက်ရှိမှု ပမာဏကို ထိန်းပေးပြီး ညီညွတ်မျှတမှုရှိအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ အစာအိမ်အချဉ်ပေါက်တာ၊ ဗိုက်ထဲမှာ မအီမသာဖြစ်တာတွေကို သက်သာစေနိုင်ပါတယ်။

ကဲ ဒီလောက်အကျိုးများတဲ့ ငှက်ပျောအူကို ဖယ်မစားနဲ့တော့နော်။ နည်းနည်းစားကြည့်ပါ၊ ကြိုက်ရင်ကြိုက်သွားမှာပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.stylecraze.com/articles/banana-stem-juice-for-kidney-stone-and-weight-loss/#gref

Accessed Jan 9, 2018.

ယခုပုံစံ

10/06/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကြာစေ့လေးတွေ စားရင်းရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေက

ကင်းမွန်စားရင် ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 10/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement