ဆေးသုံးစွဲမှု လွန်ကဲခြင်း ဆိုတာဘာလဲ။ သူ့ရဲ့ လက္ခဏာ တွေက ဘာလဲ။ ဆေးသုံးစွဲမှု လွန်ကဲသူအား ဘာလုပ်ပေးသင့် သလဲ။ ဆောင်းပါးတွင် ဤအကြောင်းရာများနှင့် ပတ်သက် သည့် အချက်အလက်များကို ပေးသွားပါမည်။
သောက်ရန် ညွှန်ကြားထားသော သို့မဟုတ် အလွယ်တကူ ဝယ်၍ရသော ဆေးများ၊ စပ်ဆေးများကို မသင့်တော်သော ပမာဏ၊ အချိန် သို့မဟုတ် ညွှန်ကြားမှုဖြင့် သုံးသောအခါ ဆေးသုံးစွဲမှု လွန်ကဲခြင်းဖြစ်ပွားသည်။
တစ်စုံတစ်ယောက် ဆေးလွန်သွားပါက ပြင်းထန်မှု၊ ကျန်းမာရေး အခြေအနေ၊ လွန်သွားသော ဆေးအမျိုးအစား အပေါ်မူတည်ပြီး ရောဂါလက္ခဏာ အမျိုးမျိုးပြနိုင်သည်။ ထို့အပြင် လူတစ်ယောက်၏ ခန္ဓါကိုယ်နှင့် ဖြစ်စဉ်အပေါ် မူတည်ပြီး တုံ့ပြန်ပုံချင်း တစ်ဦးနှင့်တစ်ဦး မတူညီပါ။
ယေဘုယျအားဖြင့် ဆေးသုံးစွဲမှု လွန်ကဲခြင်း၏ လက္ခဏာ များမှာ မူးဝေခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ စိတ်ရှုပ်ထွေး ခြင်း၊ အော့အန်ခြင်း၊ တက်ခြင်း၊ အသက်ရှူခက်ခြင်း (သို့မဟုတ် အသက်ရှူရပ်ခြင်း)၊ မအီမသာဖြစ်ခြင်း၊ ငိုက်မျဉ်းခြင်း၊ အတွင်းပိုင်း သွေးထွက်ခြင်း၊ ဗိုက်အောင့်ခြင်း၊ အမြင်အာရုံ ပျက်ပြားခြင်း၊ သတိမေ့မြောခြင်း၊ ဟောက်ခြင်း၊ ဝမ်းလျှောခြင်း အစရှိသည်တို့ ဖြစ်သည်။
ဆေးသုံးစွဲမှု လွန်ကဲခြင်းကို ဖြစ်စေနိုင်သော အဓိက အကြောင်းရင်းနှစ်ခု ရှိသည်။
မတော်တဆ သုံးမိခြင်း။ လူတစ်ယောက်သည် ဆေးအမျိုး အစားမှားပြီး သောက်မိခြင်း သို့မဟုတ် ဆိုးကျိုးများကို မသိဘဲ ဆေးများကို အချိန်မှား၊ ပမာဏမှားပြီး သောက်မိခြင်း၊ မမှန်ကန် စွာ တွဲဖက်ပြီး သောက်မိခြင်းတို့ ဖြစ်သည်။
ဆေးများ၊ စပ်ဆေးများကို ရည်ရွယ်ချက်ရှိစွာ အလွဲသုံးစား လုပ်ခြင်း။ လူတစ်ယောက်သည် မူးယစ်စေရန်၊ ဘဝ၏ ပြဿနာ များမှ လွတ်မြောက်ရန် သို့မဟုတ် မိမိကိုယ်ကို အန္တရာယ်ဖြစ် စေရန် ဆေးသောက်ခြင်း ဖြစ်သည်။
ဆေးသုံးစွဲမှု လွန်ကဲခြင်းကို တွေ့ရှိပါက အောက်ပါအဆင့် များကို လိုက်နာဆောင်ရွက်ပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။