backup og meta

အကြောဆေးသွင်းခြင်းနှင့် သတိပြုဖွယ်များ


Yu Wadi Lwin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အကြောဆေးသွင်းခြင်းနှင့် သတိပြုဖွယ်များ

    ဖြစ်စဉ် (၁)

    ကိုထ ွန်းကျော်။ ကုန်ထမ်းရတာများသွားလို့ထင်သည်။ ညောင်းကိုက်သည်။ ပိုဆိုးသည်မှာ ကိုယ်လက်တွေ မသယ်ချင်လောက်အောင်ဖြစ်နေသည်။ လှုပ်ရှားရတာ အားနည်းသလို ဖြစ်နေတာ ၃-၄ ရက်ရှိပြီ။ အရင်က အလုပ်ပြန်လျှင်ပုံမှန်သောက်နေကျ အရက်လေး ၁ ပုလင်းလောက်သောက်လျှင် ပင်ပန်းတာ သက်သာသလို ဖြစ်သော်လည်း အားနည်းတာက အခုရက်ပိုင်း မသက်သာ။ ညနေတော့ အရက်မသောက်သေးဘဲ သူငယ်ချင်းညွှန်းသလိုလမ်းထိပ်ကဆေးခန်းမှာ အကြောဆေးဝင်သ ွင်းဦးမည်။

    အိမ်ရောက်တာနဲ့ကိုထ ွန်းကျော်ဝင်အိပ်ဖြစ်သည်။ အကြောအားဆေးဝင်သ ွင်းလိုက်သော်လည်း သူများတေ ွပြောသလိုလန်းမသ ွား။ နောက်နေ့မနက်ထတော့ကိုထ ွန်းကျော်ခြေထောက်တေ ွ မလှုပ်နိုင်တော့။ လက်ကိုအားပြု ထမည်ကျန်တော့လည်း လက်ပါ ကောင်းကောင်းမလှုပ်နိုင်တော့။ သို့နှင့် ကိုထ ွန်းကျော်တစ်ယောက်အင်းစိန်ဆေးရုံရောက်လာသည်။ ဆရာဝန်တွေကတော့ ပိုတက်စီယမ် (potassium) ခေါ် သက်စောင့်ဓါတ်နည်းတာလို့ပြောသည်။ ဒီထက်နည်းလာရင်အသက်ရှူမရဖြစ်လာ၊ နှလုံးရပ်ပြီးသေတဲ့အထိဖြစ်လာနိုင်မည်ဟုပြောသည်။ ပြီးတော့အကြောဆေးသ ွင်းလိုက်သေးလားဟု ပါရဂူကြီးကမေးသေးသည်။ သ ွင်းမိသည်လို့ဖြေတော့နောက်ဆိုဆင်ခြင်ဖို့ပြောသည်။ ပိုတက်စီယမ် နည်းနေချိန် အကြောဆေးသ ွင်းမိရင်ပိုနည်းသ ွားတတ်သည်တဲ့။

    ဖြစ်စဉ် (၂)

    ဒေါ်အေးမူတစ်ယောက်နေရထိုင်ရ မကောင်းဖြစ်နေသည်မှာ လနှင့်ချီနေပြီဖြစ်သည်။ နုံးလွယ် ပင်ပန်းလွယ်သည်။ ရေမကြာမကြာငတ်သည်။ ခြေထောက်တေ ွ ထုံသလိုကျင်သလိုဖြစ်နေသည်။ လမ်းထိပ်က ဆေးခန်းမှာ တော့အကြောဆေးသွား သ ွားသွင်းဖြစ်သည်။ ဝေဒနာကတော့သိပ်မသက်သာလှ။

    တစ်ရက်ဒေါ်အေးမူရုတ်တရက်မူးလဲသည်။ ချွေးစေးတွေလည်းပြန်လာသည်။ သတိတော့အကြာကြီးလစ်မသ ွား။ မောသည်မောသည်ဆို၍ မြောက်ဥက္ကလာပဆေးရုံပို့လိုက်ကြသည်။ နှလုံးသွေးကြောပိတ်သည်ဟု ပြောသည်။ ဆီးချိုလည်း အရမ်းတက်နေသည်။ ဆရာဝန်မေးသော ဆီးချို လက္ခဏာတေ ွက ဒေါ်အေးမူအရင်ဖြစ်နေသည့်အတိုင်း ဆင်တူနေသည်။ ဆီးချိုတက်လို့ ဖြစ်နေသည့်လက္ခဏာတေ ွကို ဂလူးကို့စ်အကြောဆေးတွေ ထိုးနေတော့ပိုဆိုးသွားကြောင်း ပါရဂူကြီးကရှင်းပြသည်။

    ရှင်းလင်းချက်

    ဆေးခန်းတ ွင်အကြောဆေးသ ွင်းချင်လို့ပါဆိုပြီး လာသောလူနာမျိုးကို ဆေးခန်းထိုင်သော ဆရာဝန်တိုင်း တွေ့ဖူးကြပါသည်။ အကြောအားဆေးတွင်များသောအားဖြင့်ဂလူးကို့စ်(glucose) နှင့် ဗီတာမင်ဓါတ်များ (vitamin B2, B6, B12 etc.) ထည့်သ ွင်းထိုးလေ့ရှိသည်။ ဂလူးကို့စ်သည်အချိုဓါတ်ဖြစ်သည်။ အချိုဓါတ်သွေးထဲရောက်လာလျှင်ဦးနှောက်နှင့်တခြားကိုယ်အင်္ဂါ အစိတ်အပိုင်းများသို့ ဆက်ရောက်သ ွားသည်။ ထိုအခါ လူကလန်းဆန်းသွားသလို ခံစားရသည်။ ပါဝင်သော ဗီတာမင်ဓါတ်များ ကြောင့်လည်း အားပိုရှိသွားသည်ဟုထင်ကြသည်။ ထို့ကြောင့်လည်း အကြောအားဆေးသွင်းလျှင် အားရှိသွားသည်နေလို့ကောင်းသွားသည်ဟု ခံစားသွားကြရခြင်းဖြစ်သည်။

    သို့သော်တကယ်တမ်း သိပ္ပံနည်းကျ တ ွက်ကြည့်လျှင်ရေရှည်အတွက် အာနိသင်သိပ်မထူးလှသည်ကိုတေတွ့ရှိကြရမည်။ အကြောဆေးတစ်ခါသွင်းစာ ဂလူးကို့စ်တစ်လုံးတွင်၅ သို့ ၁၀ ဂရမ်သာ ပါလေ့ရှိသည်။ ကီလိုကယ်လိုရီဆိုသော ယူနစ်နှင့်တ ွက်လျှင်၁၀ ဂရမ်တ ွင်မှ၄၀ ကီလိုကယ်လိုရီသာ ရပါသည်။ ထမင်းတစ်ခါစားပြင်သလောက်သည်၃၀၀ ကီလိုကယ်လိုရီခန့်ရသည်။ လူတစ်ယောက်အတွက်တစ်နေ့တာလိုအပ်ချက်သည် အကြမ်းအားဖြင့်၂၀၀၀ ကီလိုကယ်လိုရီလိုသည်။ ထိုပမာဏကိုထမင်းအပြင် အဆီဓါတ်နှင့်အသားတို့မှရသည်။ ထိုကြောင့်အကြောထိုးဆေးမှရသော ကီလိုကယ်လိုရီသည်တစ်နေ့တာ လိုအပ်ချက်နှင့်ယှဉ်လျှင်ဘာမှမဟုတ်သည်ကို တွေ့နိုင်ပါသည်။ ပုလင်းကြီးတစ်လုံး (၁၀ % ဂလူးကို့) တွင်ပင် ဂလူးကို့စ်၅၀ ဂရမ်သာ ပါရာ ၂၀၀ ကီလိုကယ်လိုရီသာ ရပေလိမ့်မည်။ အကြောဆေး ဂလူးကို့စ်သည်အဓိကအားဖြင့်သေ ွးတွင်း အချိုဓါတ်ကျနေသောလူများတ ွင် အဓိကသုံးကြခြင်းဖြစ်သည်။

    အကြောဆေးတွင်ပါသော ဗီတာမင်ဓါတ်များသည်လည်း သွေးကြောထဲ တိုက်ရိုက်ရောက်သ ွားသည့် အတွက်မြန်မြန်အာနိသင်ရှိနိုင်သည်မှာ မှန်သော်လည်း ပုံမှန်စားသောက်နိုင်သူတစ်ယောက်အတွက် ထိုးရလောက်အောင်မလိုပါ။ အစားအသောက်တွင်ပါသလောက်နှင့်လုံလောက်နိုင်သလို လိုအပ်ပါက အားဆေးသောက်လျှင်လည်း လုံလောက်နိုင်ပါသည်။ ထို့ပြင် သေ ွးပေါင်ကျနေလျှင်လည်း ဂလူးကို့စ် အကြောဆေးသွင်းရုံနှင့်သွေးပေါင်ပြန်မတက်နိုင်ပါ။

    ထို့ကြောင့်ပုံမှန်စားနိုင်သောက်နိုင်သူတစ်ယောက်အတ ွက် သီးသန့်အကြောဆေးသ ွင်းရန် မလိုအပ်ပါ။ အကြောဆေးသွင်းရန်လိုနေပြီဟုထင်နေကြသော နုံးခြင်း၊ အားမရှိခြင်းစသည့်လက္ခဏာ များသည်လည်း အပေါ်တ ွင်ပြောခဲ့သလို ပိုတက်စီယမ်နည်းခြင်း၊ ဆီးချိုဖြစ်ခြင်း စသည့်ရောဂါတစ်ခုခု၏ လက္ခဏာများဖြစ်နေတတ်သည်။ ထိုအခါမျိုးတွင်ဂလူးကို့စ်အကြောဆေးသွင်းလိုက်မှ ပိုဆိုးသွားတတ်သည်။ တခြားဘာရောဂါမျှမရှိလျှင်လည်း အကြောဆေးတွင်ပါသော ဓါတ်တစ်ခုခုကိုမတည့်ခြင်း ဖြစ်နိုင်ပါသေးသည်။

    ဆေးခန်းထိုင်ကြသော ဆရာဝန်များကြုံတွေ့နေကြရသော အခက်အခဲမှာ အကြောဆေးသွင်းလို၍ လာသောလူနာများတ ွင်ဖော်ပြပါရောဂါလက္ခဏာတစ်စုံတစ်ခု သံသယရှိ၍ ထပ်မံစစ်ဆေးလိုသည့်အခါ လူနာဘက်က အကြောဆေးသွင်းဖို့သာ အာရုံထားကြပြီး ဘာမှထပ်မစစ်ချင်ကြခြင်းပင်။ ဆရာဝန်က အကြောဆေးမသွင်းသင့်ဟု ရှင်းပြလိုက်လျှင်ပင်အကြောဆေးသွင်းပေးသော ရမ်းကုထံ ရောက်သွားတတ်သည်။ အကြောဆေးသွင်းခြင်းကို များစွာအကျိုးရှိသည်ဟုထင်ကြခြင်းကြောင့်ပင်ဖြစ်သည်။ ထိုကြောင့်လည်း ယခုစာစုကို ရေးသားတင်ပြရခြင်း ဖြစ်ပါသည်။

    မလိုအပ်ဘဲ အကြောဆေးမသွင်းကြရန်နှင့် ဆရာဝန်မှအကြောဆေးသွင်းရန် မသင့်တော်ကြောင်းရှင်းပြသည့်အခါ လက်ခံပြီး တခြားရောဂါများကို ဆက်ရှာရန် လိုအပ်လာပါက ဆက်လက်စစ်ဆေးမှုခံယူရန် အထူးအရေးကြီးကြောင်း တင်ပြလိုက်ပါသည်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yu Wadi Lwin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement