သောက်သုံးရေရဲ့သက်တမ်း

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

နေ့စဉ်ရှင်သန်လုပ်ရှားနိုင်ဖို့ရေကအရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်နေတာပါ။ ထမင်းအသက် ၇ ရက် ရေ အသက် တစ်မနက် ရယ်လို့တောင် ဆိုရိုးရှိတယ်လေ။ ဒီလိုနေ့စဉ် ခန္ဓါကိုယ်ရဲ့ပြောင်းလဲမှုဖြစ်စဉ်တွေကိုကောင်းမွန်စွာလည်ပတ်နိုင်စေဖို့အရေးကြီးတဲ့ရေကို အခုနောက်ပိုင်းမှာရေသန့်ဗူးတွေနဲ့ ထည့်သွင်းပြီး PH7ရေသန့်စစ်စစ်လို့ရောင်းချလာကြပါတယ်။ ဒီဗူးတွေထဲမှာထည့်ထားတဲ့ရေရဲ့ သက်တမ်းက ဘယ်လောက်အထိပဲ စိတ်ချရတာလဲဆိုတာကို စဉ်းစားမိပါရဲ့လား။ ဒီဆောင်းပါးလေးထဲမှာရေသန့်ဗူးတွေထဲကရေရဲ့ သက်တမ်းကိုပြောပြပေးမယ်နော်။

ရေကလူကြိုက်များတဲ့သောက်စရာတစ်ခုပါ။ရေက ကျန်းမာရေးအတွက်အကျိုးကျေးဇူးများပြီးဘေးထွက်ဆိုးကျိုး လုံးဝမရှိပါဘူးငွေကြေးကုန်ကျမှုနည်းတဲ့သောက်စရာတစ်မျိုးလည်းဖြစ်ပါတယ်။ လူတွေကရေဗူးတွေကို အိမ်မှာနေ့စဉ်သောက်သုံးဖို့၊ ခရီးသွားတဲ့အခါယူသွားဖို့၊ ဒါမှမဟုတ် အပြင်သွားတဲ့အခါ လွယ်လင့်တကူသောက်သုံးလို့ရအောင် ယူဆောင်သွားကြတာပါ။

ရေဗူးဝယ်ယူတဲ့အခါ သတိထားရမယ့်အချက်တွေက

  • ရေက သန့်ရှင်းမှုရှိရဲ့လား
  • ထုပ်ပိုးထားတာတွေ ပျက်စီးနေလား
  • ရေဗူးက နေရောင်နဲ့တိုက်ရိုက်ထိတွေ့နိုင်တဲ့နေရာမှာထားထားတာလား
  • FDA ရဲ့ခွင့်ပြုချက်ရထားရဲ့လား
  • ကုန်ဆုံးရက်ကဘယ်နေ့လဲ
  • ရေမှာ အရောင်ရှိနေလား ဆိုတာတွေကိုသေချာဆန်းစစ်ဖို့လိုပါမယ်။

ရေဗူးထဲကရေရဲ့ သက်တမ်းက

အမှန်တော့သောက်သုံးရေရဲ့ သက်တမ်းမှာ ကုန်ဆုံးတယ်ဆိုတာမရှိပါဘူး။ ထည့်သွင်းထားတဲ့ ဗူးအနေအထားကြောင့်သာရေထဲမှာ ဓါတုဓါတ်ပြုမှုတွေဖြစ်နိုင်တာပါ။FDA ကချမှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း လိုက်နာလုပ်ဆောင်ပြီးထုတ်လုပ်ထားမယ်ဆိုရင် ရေဗူးထဲကရေရဲ့ သက်တမ်းက ၂ နှစ်အထိကြာမြင့်မှာပါ။ရေရဲ့နောက်ထပ်ဂုဏ်သတ္တိတစ်ရပ်က သူကိုယ်တိုင်အဆိပ်အတောက်ြဖစ်စေတာမျိုးမရှိပါဘူး။ ဥပမာပြောပြရရင်မြစ်ရေကလူတွေနဲ့စက်ရုံတွေရဲ့ စွန့်ပစ်ပစ္စည်းေတွကြောင့်သာ ညစ်ညမ်းတာဖြစ်ပြီး သူ့အလိုလိုညစ်ညမ်းနေတယ်ဆိုတာမရှိပါဘူး။ ကန်ရေတွေ ညစ်ညမ်းတာကလည်း လူတွေရဲ့ မဆင်မခြင်လုပ်ရပ်တွေကြောင့်ပါ။ ဒီလိုပါပဲသောက်သုံးရေတွေမှာလည်း သက်တမ်းကုန်ဆုံးသွားတယ်။ ညစ်ညမ်းသွားတယ်ဆိုတာ မရှိပါဘူး။

အခုပြောပြချင်တာကလည်း ဗူးတွေမှာထည့်ထားတဲ့ရေတွေကနေရောင်နဲ့ တိုက်ရိုက်ထိတွေ့မယ် ဆိုရင် ဗူးကိုထုတ်လုပ်ထားတဲ့ ပလပ်စတစ်မှာပါတဲ့ ဓါတုပစ္စည်းတွေက ထွက်လာပြီးရေထဲမှာပျော်ဝင်သွားတဲ့အခါရေကကျန်းမာရေးကို ထိခိုက်လာစေနိုင်မှာပါ။နောက်တစ်ချက်ကရေဗူးတွေကို သိုလှောင်တဲ့အခါအေးမြပြီးနေရောင်နဲ့တိုက်ရိုက်ထိတွေ့မှုမရှိတဲ့နေရာမှာ သိမ်းထားသင့်ပြီးရေဗူးတွေကို သန့်ရှင်းရေးသုံးပစ္စည်းတွေ၊ ဓါတ်ဆီထည့်ထားတဲ့ဗူးတွေ၊အိမ်သုတ်ဆေးဗူးတွေ နဲ့ အခြားအနံ့ပြင်းတဲ့အရာတွေ၊ အဆိပ်အတောက်ဖြစ်စေတဲ့ အရာတွေနဲ့ အတူတူကပ်ပြီး သိမ်းဆည်းတာမျိုးမလုပ်သင့်ပါဘူး။

သောက်သုံးရေကို ဗူးထဲထည့်ပြီး အခန်းအပူချိန်မှာထားသောက်သုံးမယ်ဆိုရင် ၄ နာရီကနေ ၈ နာရီအတွင်းပဲထားသင့်ပါတယ်။ တကယ်လို့ရေခဲသေတ္တာထဲ ထည့်ထားမယ်ဆိုရင် ၄ ရက် ကနေ ၅ရက်အထိထားလို့ရပါတယ်။ရေကို အမြဲတမ်းသန့်ရှင်းနေစေချင်ရင် ဖွင့်သောက်ပြီးတာနဲ့ ဗူးကိုရေခဲသေတ္တာထဲချက်ချင်းထည့်လိုက်ပါ။

လေ့လာမှုတွေအရနေရောင်နဲ့တိုက်ရိုက်ထိတွေ့ထားတဲ့ရေဗူးထဲကရေကိုသောက်သုံးမှုကြောင့် အမျိုးသမီးတွေမှာ ရင်သားကင်ဆာ ခံစားကြရပြီး အမျိုးသားတွေမှာလည်း ကင်ဆာရောဂါတွေခံစားရတာရှိပါတယ်။ လို့တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့်ရေသန့်ဗူးတွေကိုသောက်သုံးတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်ပြီး PH7ပြည့်ဝတဲ့ရေကိုသောက်သုံးမိစေဖို့အတွက်နေရောင်နဲ့တိုက်ရိုက်ထိတွေ့ထားတာ မရှိဘဲအေးမြပြီးနေရောင်နဲ့တိုက်ရိုက်ထိတွေ့မှုမရှိတဲ့နေရာမှာ သပ်သပ်ရပ်ရပ်သိမ်းဆည်းထားဖို့လိုပါမယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဇွန် 7, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 16, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။