ဆေးမသောက်ခင် အစားတစ်ခုခုစားပါလို့ ပြောရတဲ့အကြောင်းက

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

ကိုယ်လက်တွေ ကိုက်လိုက်တာ။ခေါင်းထဲကတစစ်စစ်ကိုက်နေလို့ ဗိုက်အောင့်လို့ သွားကိုက်လို့၊နေထိုင်မကောင်းလို့ သက်သာသွားအောင်ဆေးသောက်လိုက်ရင်ကောင်းမယ်နော်။ အင်း …ဆေးမသောက်ခင် တစ်ခုခုတော့စားဦးနော်၊ လို့ပြောတာကိုငယ်ငယ်ကတည်းက ကြားဖူးကြမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတာကို သိတဲ့သူလည်းရှိမှာပါ။ အချို့ကတော့လည်း လုပ်ရိုးလုပ်စဉ်တစ်ခုလိုလုပ်နေကြတာ ရှိပါတယ်။

ဘာကြောင့်ဆေးမသောက်ခင်တစ်ခုခုစားခိုင်းရတာလဲ။ ဒီဆောင်းပါးလေးထဲမှာကြည့်လိုက်နော်။

အစားတစ်ခုခုစားပြီးမှဆေးသောက်သင့်ရတဲ့ အကြောင်းအရင်းက

ဆေးတိုင်းကို အစားတစ်ခုခုစားပြီးမှသောက်သင့်တယ်ရယ်တော့ မဟုတ်ပါဘူး။ အချို့ဆေးတွေကတော့ အစားမစားခင်သောက်ဖို့လိုပါတယ်။ ဒါပေမယ့်ဆေးအများစုကတော့ အစားတစ်ခုခုစားပြီးမှသောက်တာ အကောင်းဆုံးပါ။

ဒီအချက်တွေကြောင့် အစားစားပြီးမှဆေးသောက်ခိုင်းရတာပါ။

ဆေးအရှိန်ကြောင့် မအီမသာဖြစ်တာအော့အန်တာတွေ မဖြစ်စေဖို့ ခန္ဓါကိုယ်မှာ မအီမသာဖြစ်ေစနိုင်တဲ့ဆေးတွေ၊အော့အန်တာကိုဖြစ်စေတဲ့ဆေးတွေ၊ဆေးအာနိသင်ပြင်းတဲ့ဆေးတွေကိုတော့ အစားတစ်ခုခုစားပြီးမှသောက်သင့်ပါတယ်။

အစာအိမ်ထဲကအောင့်တာ၊ အစာအိမ်အနာဖြစ်တာမျိုးတွေဖြစ်နိုင်ခြေကိုလျော့ကျစေနိုင်ဖို့ – အချို့ဆေးတွေက ဗိုက်အောင့်ဗိုက်နာတာတွေဖြစ်စေနိုင်ပေမယ့် အစားတစ်ခုခုစားပြီးမှသောက်မယ်ဆိုရင် ဒီလိုဖြစ်နိုင်ခြေလျော့သွားစေနိုင်ပါတယ်။ဆေးမသောက်ခင် သိပ်အများကြီးမဟုတ်ရင်တောင်ဘီစကစ်လေးဖြစ်ဖြစ်၊ အသားညှပ်ပေါင်မုန့်လေးတစ်ခုလောက်ဖြစ်ဖြစ်၊ခေါက်ဆွဲပြုတ်ေလးနည်းနည်းလောက်ဖြစ်ဖြစ် စားလိုက်ပါ။

ရင်ပူတာစားချဉ့်ပြန်တာတွေဖြစ်မလာစေဖို့ -နေထိုင်မကောင်းတဲ့အခါသောက်ရတဲ့ အချို့ဆေးတွေက ရင်ပူတာ နဲ့ စားချဉ့်ပြန်တာတွေကိုဖြစ်စေနိုင်တာကြောင့်ဆေးမသောက်ခင်မှာ အစားတစ်ခုခုစားလိုက်တာက မလိုလားအပ်တဲ့ဝေဒနာတွေဖြစ်မလာအောင် ကာကွယ်ပြီးသားဖြစ်သွားပါတယ်။

ဆေးအာနိသင်ကိုကောင်းကောင်းရရှိစေနိုင်ဖို့ –အချို့ဆေးတွေ အာနိသင်ပြင်းတာကြောင့် မဖြစ်မနေ အစားတစ်ခုခုစားပြီးမှသောက်သုံးသင့်ပါတယ်။ ဥပမာပြောပြရရင် အကိုက်အခဲပျောက်ဆေးတွေလိုမျိုးပေါ့။ ဒီလိုမျိုး စားပေးလိုက်မှပဲ အစာအိမ်နဲ့အူနံရံတွေက အာဟာရတွေကိုရောဆေးအာနိသင်ကို ပါကောင်းကောင်းစုပ်ယူနိုင်မှာပါ။

ခန္ဓါကိုယ်က စားလိုက်တဲ့ အစားအစာတွေကိုချေဖျက်မှုမှာ အထောက်အကူဖြစ်စေဖို့ – အထူးသဖြင့် ဆီးချိုေဆးတွေကိုတော့ စားသုံးလိုက်တဲ့ အစားအစာမှာပါတဲ့ သကြားဓါတ်တွေ၊ကစီဓါတ်တွေကိုချေဖျက်စုပ်ယူမှုနဲ့ သွေးချိုထိန်းညှိမှုတွေအတွက် အထောက်အကူဖြစ်စေဖို့ အစားတစ်ခုခုမစားခင်မှာသောက်သုံးကြတာများပါတယ်။ နာတာရှည် မုန့်ချိုအိတ်ရောဂါခံစားနေရသူတွေကတော့ အစားတစ်ခုခု စားပြီးမှ ဆေးသောက်တာကဆေးအာနိသင်ကို ပိုမိုထိရောက်မှုရှိစေတယ်လို့ တွေ့ရပါတယ်။

အစားတစ်ခုခုစားပြီးမှဆေးသောက်ရင် ရရှိလာမယ့် အကျိုးကျေးဇူးတွေက

ဆေးမသောက်ခင် တစ်ခုခုစားသုံးလိုက်တဲ့အခါ အူနံရံတွေဆီသွေးရောက်ရှိမှု ပိုကောင်းလာတာ၊ သည်းခြေရည်ပိုထွက်ရှိတာ၊ ကိုယ်တွင်း pH ပမာဏပြောင်းလဲလာတာ လိုမျိုးခန္ဓါကိုယ်မှာပြောင်းလဲမှုတွေအများအပြားဖြစ်ပေါ်လာပါမယ်။ ဒီပြောင်းလဲမှုတွေကပဲ ခန္ဓါကိုယ်အနှံ့သွေးကြောတွေဆီကို ဆေးအာနိသင်တွေပိုမိုရောက်ရှိသွားအောင်လုပ်ဆောင်ပေးပြီးမြန်မြန်နေကောင်းစေပါတယ်။

ဆေးမသောက်ခင်မှာ တစ်ခုခုစားလိုက်တာက ခန္ဓါကိုယ်ကို အားပြည့်သွားစေနိုင်ပြီးဆေးရှိန်ပြင်းတာကြောင့်ဖြစ်လာနိုင်တဲ့ ရင်တုန်တာ၊ မူးဝေတာ၊ အားမရှိသလိုဖြစ်တာ၊ မအီမသာဖြစ်တာ၊အော့အန်တာမျိုးတွေ ဖြစ်နိုင်ခြေကိုလျော့နည်းသွားစေနိုင်ပါတယ်။နေမကောင်းတဲ့အခါ အစားမစားဘဲနေတာထက် အစားစားပေးတာက ကိုယ်ခံအားကိုမြန်မြန်ပြန်ကောင်းလာစေနိုင်ပြီး အဖျားတာတိုစေနိုင်ပါတယ်။

အစားစားပါဆိုတဲ့နေရာမှာလည်း ကိုယ့်ကျန်းမာရေးအခြေအနေနဲ့ တည့်အောင် ဂရုစိုက်စားသုံးသင့်ပါတယ်။နေမကောင်းပါဘူးဆိုမှ ရေခဲမုန့်တို့ ကိုလာတို့သောက်တာမျိုးတော့ မဖြစ်သင့်သလို အားမဖြစ်စေမယ့် သရေစာတွေတော့ရှောင်ပေါ့။နေမကောင်းလို့စားချင်ရင် အားဖြစ်စေမယ့် အစားအစာတွေ အစာကြေလွယ်မယ့် အစားအစာမျိုးတော့ရွေးချယ်စားသုံးဖို့လိုပါမယ်။ ဒါမှသာ ခန္ဓါကိုယ်အတွက် အထောက်အကူပြုပြီးဆေးအာနိသင်ကို ထိရောက်စေမှာပါ။

ဆေးမသောက်ခင် အစားစားပေးတာကနေရရှိနိုင်မယ့် နောက်အကျိုးကျေးဇူးတစ်ခုက အစာအိမ်ထိခိုက်တာမျိုးကို ကာကွယ်ပြီးသားဖြစ်သွားတာပါ။

ဆေးမသောက်ခင် အစားအစာကို ဘယ်လောက်ပမာဏအထိစားသုံးရမလဲ

ဒါကတော့ အတိအကျမရှိပါဘူး။ ကိုယ်သောက်သုံးရမယ့်ဆေးပေါ်မူတည်ပြီး အဆာပြေ အစားအစားလောက်ကနေ စလို့ပြည့်ပြည့်ဝဝစားသုံးရတဲ့အထိ အမျိုးမျိုးဖြစ်နိုင်ပါတယ်။ အချို့ဆေးတွေက အာနိသင်ပြင်းတဲ့အခါမျိုးမှာ ပေါင်မုန့်လေးတစ်ဖဲ့လောက်ကိတ်မုန့်လေးတစ်ကိုက်လောက်နဲ့ အဆင်မပြေပါဘူး။ခေါက်ဆွဲပြုတ် တစ်ပန်းကန်လုံးစာလောက် ကြာဇံ ဒါမှမဟုတ်မြူစွမ်ပြုတ်တစ်ပန်းကန်လောက်တော့သောက်ပေးဖို့လိုပါမယ်။နေမကောင်းလို့ အဖက်တွေမစားချင်ဘူးဆိုရင်လည်း ကြက်စွပ်ပြုတ်တစ်ခွက်လောက်သောက်သုံးပေးပါ။

အတိအကျသိရဖို့က ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးဖြစ်မှာပါ။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဇွန် 12, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စက်တင်ဘာ 16, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။