home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

အသက်ကြီးသူများတွင် အိပ်ရာထဲ သေးပါခြင်း

အသက်ကြီးသူများတွင် အိပ်ရာထဲ သေးပါခြင်း

အသက်ကြီးသူများတွင် အိပ်ရာထဲ သေးပါခြင်းဆိုတာ ဘာလဲ။

အိပ်ရာထဲ သေးပါခြင်း ( ဆီးမအောင့်နိုင်ခြင်း) သည် အသက်ကြီးသူများတွင် အဖြစ်များသော ပြဿနာတစ်ခု ဖြစ်သည်။ အိပ်ပျော်နေစဉ် အမှတ်တမဲ့ ဆီးထွက်ခြင်း ဖြစ်သည်။

အိပ်ရာထဲ သေးပါခြင်းကို ဘာတွေက ဖြစ်စေသလဲ။

အသက်ကြီးသူများတွင် အိပ်ရာထဲ သေးပါခြင်းသည် ကျန်းမာရေး အခြေအနေများစွာကြောင့် ဖြစ်နိုင်သည်။ ၎င်းတို့ မှာ-

  • ဆီးချိုသွေးချို
  • ဆီးလမ်းကြောင်း ရောဂါပိုးဝင်ခြင်း
  • ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်း
  • အာရုံကြော ပြဿနာများ
  • ကိုယ်ခန္ဓါ အစိတ်အပိုင်း ပုံမှန်မဟုတ်ခြင်း
  • အဖိုသုတ်ရည်ဂလင်း ကင်ဆာ
  • အဖိုသုတ်ရည် ဂလင်း ကြီးခြင်း
  • ဆီးအိတ်ကင်ဆာ
  • အိပ်ပျော်နေစဉ် အသက်ရှူ ပိတ်ခြင်း
  • စိုးရိမ်ပူပန်ခြင်းနှင့် အခြား စိတ်ပိုင်းဆိုင်ရာ ပြဿနာ များ

အသက်ကြီးသူများတွင် အိပ်ရာထဲ သေးပါခြင်းကို ဘယ်လို ရောဂါအဖြေရှာမလဲ။

တိကျသော ရောဂါအဖြေရှာခြင်းရရန် ဆရာဝန်သည် အသက်ကြီးသူအကြောင်း အချက်အလက်များ ဥပမာ ရောဂါလက္ခဏာများ ကို လုံလောက်စွာ သိရမည်။ ထို့ကြောင့် သင့်မိဘများသည် အိပ်ရာထဲ သေးပါပါက သူတို့၏ လက္ခဏာ များကို ရေးမှတ်ထားပြီး ဆရာဝန်ထံ သွားပြသောအခါ ယူ သွားပါ။ ရေးမှတ်ရမည်များကို အောက်တွင် ဖော်ပြထားသည်။

  • အိပ်ရာထဲ သေးပါခြင်းသည် ဘယ်အချိန်တွင် မကြာခဏ ဖြစ်သလဲ။
  • သင့်မိဘများသည် နေ့ဘက်တွင် ဘယ်နှစ်ကြိမ် ဆီးသွားသလဲ။ ဘယ်အချိန်တွေမှာလဲ။
  • အိပ်ရာထဲတွင် ဆီးဘယ်လောက် ထွက်လဲ။
  • သင့်မိဘများသည် ရေဘယ်လောက် သောက်သလဲ။ အိပ်ယာမဝင်ခင် ရေသောက်သလား။
  • ဘယ်လိုအရည်မျိုးသောက်သလဲ။ သကြားပါသော အရည်၊ အရက်ပါသော အရည် သို့မဟုတ် ကော်ဖီ။
  • ဆီးသွားမှု ပုံစံက ဘယ်လိုလဲ။ ဆီးလုံး သန်သလား။ ဆီးသွားရတာ အခက်အခဲရှိလား။
  • သင့်မိဘများတွင် ဆီးလမ်းကြောင်း ရောဂါပိုးဝင်ခြင်း ဖြစ်ဖူးသလား။
  • သင့်မိဘများသည် အိပ်ရာထဲ သေးပါခြင်း ဘယ်လောက် မကြာခဏ ဖြစ်သလဲ။
  • အခြား ရောဂါလက္ခဏာများ ဥပမာ ချွေးထွက်ခြင်း ရှိသလား။

ဆေးခန်းသွားပြရာတွင် ဘာတွေမျှော်လင့်ရမလဲ။

သင့်မိဘများကို ဆရာဝန်ထံသွားပြပါက သင်၏ မှတ်စု ကို ယူသွားပါ။ မိသားစုတွင် အိပ်ရာထဲ သေးပါခြင်း မှတ်တမ်း၊ သင့်မိဘများ၏ ဆေးမှတ်တမ်းနှင့် သောက်နေသောဆေးများ လည်း ယူသွားရန်မမေ့ပါနှင့်။ ၎င်းတို့သည် အိပ်ရာထဲ သေးပါခြင်းကို ဖြစ်စေနိုင်သော ကျန်းမာရေး အခြေအနေ များကို ဆရာဝန်မှ ရှာဖွေရာတွင် ကူညီပေးနိုင်သည်။ ဆေးခန်း ပြရာတွင် ဆရာဝန်သည် ခန္ဓါကိုယ်စစ်ဆေးခြင်း၊ အာရုံကြော အဆင့်သတ်မှတ်ခြင်းနှင့် ဆီးစစ်ရန် ဆီးနမူနာယူခြင်း ဆောင်ရွက်လိမ့်မည်။ ပြဿနာတစ်ခုခု ရှိပါက နောက်ထပ် စစ်ဆေးမှုများ လိုအပ်နိုင်သည်။

အသက်ကြီးသူများတွင် အိပ်ရာထဲ သေးပါခြင်းကို ဘယ်လို ကုသမလဲ။

သင့်တော်သော ကုသမှုရရန် ဆီးလမ်းကြောင်း အထူးကု သို့မဟုတ် အိပ်စက်မှုရောဂါ အထူးကုနှင့် ပြသရန် လိုသည်။ အသက်ကြီးသူများကို ကုသရာတွင် ဆေးသောက်ခြင်းသည် ထိရောက်သည်။ သင့်မိဘများသည် ဆီးမအောင့်နိုင်ခြင်း ခံစားနေရပါက တင်ပဆုံကြမ်းပြင် ကြွက်သားများ လေ့ကျင့် ခန်းလုပ်ခြင်းဖြင့် သက်သာနိုင်သည်။ အိပ်ရာထဲ သေးပါခြင်း သည် အလျင်စလို ဆီးမအောင့်နိုင်ခြင်းကြောင့် ဖြစ်ပါက ဆရာဝန်သည် ဆီးအိတ် ပြန်လည်လေ့ကျင့်ခြင်းနှင့် antimuscarinic ဆေးများ ပေးလိမ့်မည်။

သမရိုးကျ ကုသမှု များ အလုပ်မဖြစ်ဘဲ သေးပါခြင်းသည် သင့်မိဘများ၏ ကျန်းမာရေးကို ထိခိုက်စေပါက ခွဲစိတ်ကုသခြင်း လိုအပ် နိုင်သည်။ ထို့အပြင် သူတို့၏ အရည်သောက်သုံးမှုကို စောင့် ကြည့်ခြင်းသည်လည်း အကူအညီဖြစ်ပါသည်။ ညဘက်တွင် ဆီးသွားနည်းအောင် အိပ်ယာမဝင်ခင် ရေများများ သောက် ခြင်းကို ရှောင်ကြဉ်ပါ။ အရက်နှင့် ကော်ဖီသောက်သုံးမှုကို လည်း လျော့ချပါ။ သို့သော်လည်း သင့်မိဘများသည် ရေဓါတ်ပြည့်ဝစေရန် လုံလောက်သော အရည်ပမာဏ သောက်သုံးရန် လိုသည်။ သင့်မိဘများ သောက်သုံးသော အရည် အမျိုးအစားနှင့် အချိန်ကိုသာ သတိပေးပါ။

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Thirugnanasothy, S. (2010). Managing urinary incontinence in older people. BMJ, 341(aug09 2), c3835-c3835. http://dx.doi.org/10.1136/bmj.c3835

Bed Wetting in the Elderly. https://www.agingcare.com/articles/bed-wetting-in-elderly-133823.htm. Accessed April 4, 2017.

စာရေးသူ ဓာတ်ပုံbadge
Dr. Zin Wai Yan Lin မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။