backup og meta

Titanic ဇာတ်ကားထဲက မင်းသားက ဘယ်လိုပုံစံနဲ့ သေသွားတာပါလိမ့် ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Titanic ဇာတ်ကားထဲက မင်းသားက ဘယ်လိုပုံစံနဲ့ သေသွားတာပါလိမ့် ။ ။

    တိုက်တန်းနစ်ကားကို လူတိုင်းကြည့်ဖူးကြမှာပါ။ အဲဒီကားထဲက မင်းသားက ရေခဲပင်လယ်ကြီးထဲမှာ အေးခဲပြီး သေသွားတာကို အားလုံးမှတ်မိကြဦးမယ်ထင်ပါတယ်။ မင်းသားက အေးနေတဲ့ ရေခဲပင်လယ်ထဲမှာ သေသွားဆိုတော့ ဒီလို ရေခဲမှတ်ကို ရောက်နေတဲ့ အအေးဓာတ်က အသက်ဆုံးရှုံးရလောက်တဲ့အထိ ဘယ်လို ပြဿနာတွေကို ဖြစ်စေလဲဆိုတာ အားလုံး တွေးမိကြရဲ့လား ။ ။

    ခိုက်ခိုက်တုန်အောင် အေးတဲ့ အအေးက သင့်ကို ဘယ်လို အသက်ဆုံးရှုံးစေတာလဲ ။ ။

    ကိုယ်ခန္ဓာမှာတော့ အပြင်က အအေးဓာတ်ကို ခံနိုင်ရည်ရှိအောင် တန်ပြန်တဲ့ စနစ်ရှိပေမယ့် ရေများရေနိုင် မီးများမီးနိုင်ဆိုတဲ့ စကားလေးကလည်းရှိတယ်မလား ။ ရှိတာမှ ဒီကိုယ်ခန္ဓာတစ်ခုတည်း အပြင်က ပတ်ဝန်းကျင်ကြီးက အကျယ်ကြီးလေနော်။ ဒီတော့ ရေခဲလောက်တဲ့ အအေးဓာတ်ကို ကိုယ်ခန္ဓါက အကြာကြီး ဘယ်တောင့်ခံနိုင်ပါ့မလဲနော်။

    ဒီဆောင်းပါးလေးထဲမှာတော့ ခြေဖျားလက်ဖျားတွေ အေးတဲ့ အချိန်ကစလို့ နောက်ဆုံး အသက်ဆုံးရှုံးလောက်အောင် အအေးဓာတ်ကြောင့် ကိုယ်ခန္ဓာမှာ ဘာတွေ ပြောင်းလဲသွားလဲဆိုတာ ကြည့်လိုက်ရအောင်နော် ။ ။

    ၁- အေးလွန်းတဲ့ အအေးဓါတ်ဟာ ကိုယ်ခန္ဓာက သွေးကြောလေးတွေ ကျုံ့သွားစေပါတယ်။

    အေးလွန်းတာကြောင့် ကိုယ်တွင်းမှာရှိတဲ့ သွေးကြောတွေကျုံ့သွားကြလို့ သွေးလည်ပတ်မှုတွေ နှေးသွားပါတယ်။ ဒီလို အချိန်မှာ အရေးကြီးတဲ့ ကိုယ်တွင်းကလီစာတွေဆီ သွေးရောက်စေဖို့ ခြေဖျား လက်ဖျားတို့လို အရေပြားနဲ့ နီးတဲ့ သွေးကြောလေးတွေ က ပိုကျုံ့ပေးရတာကြောင့် အေးလွန်းတဲ့ အချိန်ဆို ခြေဖျားလက်ဖျားတွေ အေးလာရတာဖြစ်ပါတယ်။။

    ၂- နှလုံးခုန်နှုန်းနဲ့ အသက်ရှူနှုန်းတွေ မြန်လာပါတယ်။ ။

    သွေးလည်ပတ်မှုတွေ မကောင်းတော့တာကြောင့် နှလုံးက သွေးတွေကို ပိုညှစ်ပေးနေမိပြီး sympathetic nervous system ကြောင့် အသက်ရှူနှုန်းတွေလည်း မြန်လာပါတယ်။

    ၃- သင်စပြီးချမ်းတုန်လာပါပြီ ။ ။

    အေးပြီးချမ်းတုန်လာရတဲ့ အကြောင်းအရင်းက ကိုယ်တွင်းမှာ လျော့လာတဲ့ အပူချိန်တွေကို ပြန်မြင့်တက်အောင်လို့ ကိုယ်တွင်းက ကြွက်သားတွေ တုန်ခါပေးရတာကြောင့်ဖြစ်ပါတယ်။

    ၄- အသားအရေတွေ သွေးဆုတ်ပြီး ဖြူဖွေးလာပါတယ် ။ ။

    အရေးကြီးတဲ့ ကိုယ်တွင်းကလီစာတွေဆီကို သွေးက သွားနေရတာကြောင့် အရေပြားဆီ သွေးကောင်းကောင်းမရောက်နိုင်တော့ဘဲ သင့်အသားအရေတွေ ဖြူဖွေးလာရတာဖြစ်ပါတယ်။ အသားအရေတွေ ဖွေးဆုတ်လာရခြင်းဟာ နှင်းကိုက် ခြင်းလို့ လူတွေတင်စားကြတဲ့ အသားပပ်ခြင်း အစပါပဲ။

    ၅- ဆီးလည်း ခဏခဏ သွားချင်နေပါလိမ့်မယ်။ ။

    ကိုယ်တွင်းက အရေးကြီးတဲ့ ကလီစာဖြစ်တဲ့ ဆီးအိတ်နွေးနေအောင်လို့ သွေးတွေ အများကြီး လာနေရတာကြောင့် သင် ခဏခဏ ဆီးသွားချင်နေရတာဖြစ်ပါတယ်။ ဒါကြောင့် အေးလွန်းတဲ့ ရာသီတွေမှာ ညညဆို သင်ခဏခဏ ဆီးသွားချင်နေရတာ ဒါကြောင့်ပါ။ နောက်ပိုင်းအရမ်းအေးလာတဲ့ အချိန်ကျရင် ဆီးအိတ်က ဆီးကို ထိန်းနိုင်တော့မှာ မဟုတ်ပါဘူး။

    ၆- ကြွက်သားတွေ တောင့်တင်းလာပြီး လှုပ်ရှားရတာခက်လာပါတယ် ။ ။

    အေးလာလေလေ ကိုယ်ခန္ဓာက ကြွက်သားတွေ တောင့်လာလေလေဖြစ်ပြီး လှုပ်ရှားရခက်လာပါတယ်။

    ၇ -ခေါင်းထဲမှာ အတွေးတွေ စတင်ရှုပ်လာပါတယ်။

    သင့်ကိုယ်တွင်း အပူချိန် ကျလာလေလေ ဦးနှောက်က အင်ဇိုင်းတွေ အလုပ်မလုပ်တော့လေလေပါပဲ ။ ဒီလိုနဲ့ အာရုံကြောစနစ် တွေ စတင်ရှုပ်ထွေးလာပါတော့တယ်။

    ၈- ခြေချောင်းလက်ချောင်းတွေ စပြီး ပြာလာပါပြီ။ ။

    အစပိုင်းမှာ သွေးဆုတ်ပြီး ဖြူလျော်တာသာရှိပေမယ့် နောက်ပိုင်းကျတော့ ခြေချောင်း လက်ချောင်းတွေ ပြာတဲ့အဆင့်ကိုရောက်လာပါပြီ။

    ၉- နှလုံးခုန်နှုန်းတွေ အသက်ရှူနှုန်းတွေ စတင် နှေးကွေးလာပါပြီ ။ ။

    အေးတဲ့အချိန်ကြာလာတာနဲ့ အမျှ ကိုယ်ခန္ဓာကလည်း တောင့်မခံနိုင်တော့လို့ ကိုယ်တွင်း အပူချိန်ကျဆင်းလာပြီး နှလုံးနဲ့ အဆုတ်တို့ အလုပ်လုပ်တာလည်း နှေးသွားပါတယ်။

    ၁၀ – ကယောင်ကတမ်းတွေ စပြီးပြောနေပါပြီ။

    ဒီလို နှလုံးခုန်နှုန်းနှေးသွားတာကြောင့် ဦးနှောက်ဆီကိုလည်း သွေးတွေ အလုံအလောက်မရောက်နိုင်တော့လို့ သင် ကယောင်ကတမ်းတွေ စပြီးထင်နေပါပြီ။ အဲဒီအချိန်မှာ ခေါင်းထဲ အများဆုံးရှိတဲ့ အတွေးကတော့ ဒီ အအေးတောထဲကနေ လွတ်မြောက်သွားတဲ့ ကိုယ့်ကိုကိုယ် ပြန်မြင်နေတာမျိုးဖြစ်ပါတယ်။

    ၁၁- ဒီလိုနဲ့ သင်စပြီး သတိလစ်သွားပါလိမ့်မယ် ။

    ဦးနှောက်ထဲကို သွေးအရောက်နည်းသွားတာက တစ်ကြောင်း အသက်ရှူနှုန်းတွေ နှေးသွားတာကြောင့် အောက်ဆီဂျင် မရတော့တာက တစ်ကြောင်းနဲ့ သင်စပြီး သတိလစ်သွားပါလိမ့်မယ့်။

    ကိုယ်တွင်းကလီစာတွေ အားလုံး အလုပ်မလုပ်တော့လို့ အသက်သေဆုံးတဲ့အထိ ပြင်းထန်သွားပါပြီ။ ။

    ကိုယ်တွင်းမှာ အပူချိန်ကို လုံးဝ ထိန်းမထားနိုင်တော့တဲ့ နောက်ဆုံး ကိုယ်တွင်းက ကလီစာတွေ လည်း အလုပ်မလုပ်တော့ဘဲ အသက်ဆုံးရတဲ့အထိ ဖြစ်သွားပါတော့တယ်။

    ဒါတွေကတော့ အရမ်းအေးလွန်းတဲ့ အပူချိန်မှာ သင့်ကိုယ်ခန္ဓာတွင်း စပြီးပြောင်းလဲလာတာကနေ အသက်ဆုံးသွားတဲ့ တစ်ဆင့်ခြင်း ပြောင်းလဲပုံတွေ အကြောင်းပဲဖြစ်ပါတယ်။ တိုင်တန်းနစ် မင်းသားက ဒီလိုနည်းနဲ့ သေသွားတယ်လို့ ယူဆရပါတယ် ပရိတ်သတ်ကြီးရေ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement