၃။ တစ်နေ့ကို အနက်ရောင်ချောကလက် တစ်တုံး ပုံမှန်စားပေးခြင်းဖြင့် အသားအရေအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ ပြည့်ဝစေပြီး နူးညံ့ချောမွေ့လာစေတယ်။ စိုစိုပြေပြေလေးနဲ့ အသားအရေ အဆီပြန်တာ၊ ခြောက်သွေ့တာမျိုး မဖြစ်စေပဲ သဘာဝအတိုင်း အစိုဓါတ် ထိန်းပေးထားနိုင်ပါတယ်။
၄။ ကဖင်းဓါတ်ပါဝင်လို့ ချွေးပေါက်ထဲမှာ ရှိနေတဲ့ အညစ်အကြေး၊ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်။ အရေပြား အပေါ်ယံမှာ ကျန်နေတဲ့ ဆဲလ်အသေတွေကို ကွာကျစေပြီး အသားအရေကို ပြန်လည် ကျန်းမာတောက်ပလာစေနိုင်ပါတယ်။
အနက်ရောင် ချောကလက်ရဲ့ ဆံသားဆိုင်ရာ အကျိုးကျေးဇူးတွေ။
၁။ ဦးရေပြား သွေးလည်ပတ်မှုကောင်းစေပြီး ဆံသားတွေကို ကျန်းမာစေတယ်။ အရောင်တောက်ပလာစေတယ်။ ဒါ့အပြင် ဆံသားကျွတ်တဲ့ ပြဿနာကိုပါ ဖြေရှင်းပေးနိုင်ပါတယ်။
၂။ ဆံသားကို တောက်ပြောင်ချောမွေ့စေပြီး ဆံပင်ကို အုံထူစေတယ်။ ဆံသား မပျက်စီးစေဖို့နဲ့ မပါးစေဖို့ ကာကွယ်ပေးနိုင်တယ်။
၃။ ဦးရေပြား မှိုစွဲတာ၊ ဗောက်ထတဲ့ ပြဿနာကို လျော့နည်းစေတယ်။ ဦးရေပြား ယားယံတာမျိုးလည်း မဖြစ်စေပါဘူး။
ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။