သွေးကင်ဆာအပြင် အခြားသွေးဆဲလ်နဲ့ပက်သက်တဲ့ ရောဂါများ ။ ။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

သွေးနဲ့ ပက်သက်တဲ့ရောဂါဆိုလို့ သွေးကင်ဆာ လောက်သာ နာမည်ကြီး လူသိများပါတယ်။ ဒါပေမယ့် ရိုးတွင်းခြင်ဆီမှာ ထုတ်လုပ်တဲ့သွေးဆဲလ်တွေ က အများကြီးဆိုတော့ သူတို့ကြောင့် ဖြစ်နိုင်တဲ့ သွေးနဲ့ ပက်သက်တဲ့ ရောဂါတွေလည်း အများကြီးပါ။ ဘာတွေ များလဲဆိုတာ ဒီဆောင်းပါးထဲမှာ အကုန်ပြောပြပေးထားတယ်နော် ။ ။

သွေးဆဲလ် ဘယ်နှစ်မျိုးရှိလဲ ။ ။

သွေးနီဥ သွေးဖြူဥ၊ သွေးခဲဖို့အတွက်လိုအပ်တဲ့ သွေးဆဲလ် platelets နဲ့ သွေးရည်ကြည်ဆိုပြီး သွေးဆဲလ်တွေကို အမျိုးအစား ၄မျိုး ခွဲလိုက်လို့ရပါတယ်။

  • သွေးနီဥ – အောက်ဆီဂျင်တွေကိုသယ်ပေးပြီး တစ်ကိုယ်လုံး အောက်ဆီဂျင်ရအောင် ပို့ဆောင်ပေးတယ်။
  • သွေးဖြူဥ – ကိုယ်တွင်းကိုဝင်လာတဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ပေးတယ်
  • Platelets – သွေးတိတ် စေဖို့ လုံးဝကို မရှိမဖြစ်တဲ့သွေးဆဲလ်တစ်ခု
  • သွေးရည်ကြည် – ကိုယ်တွင်းမှာလိုအပ်တဲ့ အာဟာရဓာတ်တွေ၊ ဟော်မုန်းတွေနဲ့ ပရိုတင်းတွေကို ပို့ဆောင်ပေးတဲ့ ကောက်ရိုးရောင် သွေးအရည်ကြည်ဖြစ်ပါတယ်။

ဒီ အဓိက သွေးဆဲလ် ၄ မျိုးရှိတာကြောင့် သူတို့ကနေ ဆင့်ကဲ ဖြစ်သွားနိုင်တဲ့ ရောဂါတွေကလည်း အများကြီးပါ။ တစ်ခုချင်း ရှင်းပြပေးမယ်နော်။ ။

သွေးဆဲလ်တွေနဲ့ ပက်သက်တဲ့ ရောဂါတွေက ဘာများလဲ ။ ။

( ၁ )သွးနီဥ နဲ့ဆိုင်သော ပြဿနာများ ။ ။

သွေးနီဥ ကြောင့် ဖြစ်နိုင်တဲ့ ရောဂါတွေကတော့

  • Anemia လို့ခေါ်တဲ့ သွေးအားနည်းတာက ထိပ်ဆုံးကပါ။ သွေးအားနည်းတာတောင်မှ သံဓာတ်ချို့သွေးအားနည်းခြင်း၊( Iron deficiency anemia) ၊ ဗီတာမင် b12 ချို့တဲ့လို့ သွေးအားနည်းခြင်း ( Pernicious anemia )၊ ရိုးတွင်းခြင်ဆီကနေ သွေးဆဲလ်တွေ လုံးဝမထုတ်တဲ့ (Aplastic anemia) ၊ ခုခံအားက ကိုယ့်သွေးနီဥကို ပြန်ဖျက်ဆီးတဲ့ Autoimmune hemolytic anemia (AHA) နဲ့ သွေးနီဥဆဲလ်တွေ ပုံစံမှန်မရှိလို့ အောက်ဆီဂျင်တွေ မသယ်နိုင်တဲ့ ရောဂါ ( Sickle cell anemia) ဆိုပြီး သွေးအားနည်းတာ ၅မျိုးပြန်ကွဲသွားပါသေးတယ်။
  • Thalassemia – Thalassemia ဆိုတာ မွေးရာပါသွေးဆဲလ်တွေ ချို့ယွင်းနေတဲ့ရောဂါဖြစ်ပါတယ်။ ဒီ မွေးရာပါချို့ယွင်းချက်ရှိတဲ့ သွေးဆဲလ်တွေမှာ အောက်ဆီဂျင်သယ်ပေးတဲ့ hemoglobin လုံလောက်စွာ မထုတ်နိုင်တဲ့အတွက်ကြောင့် အောက်ဆီဂျင်လုံလောက်စွာမရတဲ့ ပြဿနာတွေြ့ဖစ်နိုင်ပါတယ်။ Thalassemia သွေးရောဂါဖြစ်နေတဲ့ကလေးတွေမှာ အရိုးဖွဲ့စည်းပုံ မူမမှန်တာ၊ အခြားကလေးတွေထက်စာရင်ညှက်နေတာ၊ သရက်ရွက်ကြီးနေတဲ့ လက္ခဏာတွေ တွေ့ရတတ်ပြီး ကုသမှု အဖြစ် သွေးခဏခဏ သွင်းရပါတယ်။
  • Polycythemia Vera ဆိုတာ သွေးနီဥ ကင်ဆာတစ်မျိုးဖြစ်ပြီး သွေးနီဥတွေ အရမ်းပွားရာကနေ သွေးပျစ်ပြီး သွေးလည်ပတ်မှုနှေးကာ သွေးခဲခြင်းကို ဖြစ်စေပါတယ်။ ဒီခဲသွားတဲ့သွေး ပြုတ်သွားရာကနေ နှလုံးသွေးကြောပိတ်တာ၊ ဦးနှောက်သွေးကြောပိတ်ပြီး လေဖြတ်တာတွေဖြစ်နိုင်ပါတယ်။

သွေးနီဥ ပုံမှန်မဟုတ်တော့တာနဲ့ စတင်ခံစားလာရမယ့် လက္ခဏာတွေကတော့ မောပန်းလွယ်နေမယ်၊ အသက်ရှူလို့မဝဘူးဖြစ်နေမယ်၊ ဦးနှောက်ထဲအောက်ဆီဂျင်ကောင်းကောင်း မရောက်လို့ အာရုံစူးစိုက်မှုအားမကောင်းဘူး။ ကြွက်သားတွေ အားနည်းနေမယ်၊ နှလုံးခုန်တာတွေ မြန်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။

( ၂ ) သွေးဖြူဥ နဲ့ဆိုင်သော ပြဿနာများ ။ ။

သွေးဖြူဥကြောင့် ဖြစ်နိုင်တဲ့ ရောဂါတွေကတော့

  • Lymphomaပြန်ရေကြောစနစ်ကြီးမှာ ဖြစ်တဲ့ ကင်ဆာပါ။ သွေးဖြူဥဆဲလ်တွေ ထိန်းမရသိမ်းမရပွားပြီး ပွားလာတဲ့ သွေးဖြူဥတွေကလည်း ရောဂါကိုသေချာ ခုခံနိုင်ဖို့ အစွမ်းမရှိတဲ့အရာတွေဖြစ်နဲ့ ရောဂါပိုးတွေကိုယ်ထဲဝင်ရောက်ဖို့ အရမ်းလွယ်သွားပါတယ်။ Hodgkin’s lymphoma နဲ့ non-Hodgkin’s lymphomaဆိုပြီး ၂ မျိုးရှိပါတယ်။ ။
  • LeukemiaLeukemia ဆိုတာ နာမည်ကြီးသွေးကင်ဆာ တစ်ခုပါ။ ရိုးတွင်းခြင်ဆီထဲမှာ အရည်အသွေးမမှီတဲ့ သွေးဖြူဥဆဲလ်တွေ အရမ်းပွားလာရာကနေ ရောဂါပိုးတွေအလွယ်တကူဝင်ပြီး ပိုးဆိပ်ပြန့်တဲ့ လူကိုဒက္ခပေးနိုင်တဲ့ ကင်ဆာတစ်ခုပါ။
  • Myelodysplastic syndrome (MDS) – Leukemiaရဲ့ ရှေ့ပြေးနိမိတ်လို့တောင် ပြောလို့ရတဲ့ ဒီရောဂါဟာလည်း အဆင့်မမှီတဲ့ သွေးဖြူဥဆဲလ် blastsတွေ ပွားတဲ့ရောဂါဖြစ်ပါတယ်။

သွေးဖြူဥမှာ ပြဿနာတက်ခဲ့ရင် ရောဂါပိုးတွေခုခံတဲ့ ကိုယ်တွင်း ခုခံအားစနစ်ပျက်စီးသွားတာကြောင့် ရောဂါပိုးတွေ ကိုယ်တွင်းကို အလွယ်တကူဝင်ရောင်ပြီး ပိုးဆိပ်ပြန့်တဲ့ ပြဿာနာတွေ ဆိုးဝါးစွာ ဖြစ်နိုင်ပါတယ်။

( ၃ ) Platelet disorders ( သွေးတိတ်စေတဲ့ သွေးဆဲလ်) ပြဿနာ

ထိခိုက်ဒဏ်ရာရသွားနေရာမှာ ထွက်နေတဲ့သွေးတွေကို တိတ်စေဖို့ လိုအပ်တဲ့ Platelets တွေမူမမှန်တဲ့အခါ သွေးမတိတ်ရောဂါ၊ သွေးယိုစိမ့်မှု ရောဂါတွေ ဆက်ဖြစ်နိုင်ပါတယ်။

  • Platelets နည်းလွန်းခြင်း – Platelets တွေ ရှိသင့်တဲ့ ပမာဏအောင် ရောက်နေတဲ့ အခါ ထိခိုက်ဒဏ်ရာသေးသေးလေးကနေ သွေးအများကြီးထွက်ပြီး မတိတ်တော့တာ ဖြစ်နိုင်ပါတယ်။
  • Platelets များလွန်းခြင်း ( thrombocythemia ) – Platelets တွေနည်းလွန်တဲ့အခါ သွေးထွက်လွန်တာဖြစ်တတ်သလို Platelets တွေများလွန်းနေတဲ့  အခါကျ သွေးခဲတွေ ဖြစ်သွားတတ်ပါတယ်။ ဒီသွေးခဲ တွေ ပြုတ်သွားတဲ့အခါ ဦးနှောက်သွေးကြောမှာ သွားပိတ်ရင် လေဖြတ်ခြင်းနဲ့ နှလုံးသွေးကြောမှာ သွားပိတ်ရင် နှလုံးကြွက်သားပုပ်တာတွေ ဖြစ်နိုင်ပါတယ်။
  • Platelets က ပုံမှန် အလုပ်မလုပ်တဲ့အခါ ( Hemophilia ) – တစ်ချို့ ပုံစံမမှန်တဲ့ Platelets တွေ များနေရင် သွေးတိတ်စေတဲ့ လုပ်ငန်းကောင်းကောင်း မလုပ်နိုင်တော့တာကြောင့် သွေးထွက်လွန်တဲ့ ပြဿာနာတွေ ဖြစ်နိုင်ပါတယ်။
  • Von Willebrand diseaseလို့ခေါ်တဲ့ သွေးတိတ်စေတဲ့ Von Willebrand ပရိုတင်း မွေးကတည်းက ပါမလာတဲ့ ရောဂါကြောင့် သွေးထွက်လွန်တဲ့ ပြဿာနာတွေဖြစ်တတ်ပါတယ်။
  • အခြား ကိုယ်သောက်နေတဲ့ဆေးတွေဖြစ်တဲ့ aspirin၊ အကိုက်အခဲပျောက်ဆေး၊ သွေးကျဲဆေး၊ နဲ့ တစ်ချို့ပိုးသတ်ဆေးတွေကြောင့်လည်း Platelets ထိခိုက်တာမျိုးတွေဖြစ်တတ်ပါတယ်။

( ၄ ) Plasma cell disorders ( သွေးရည်ကြည်မှာ တက်နို်င်တဲ့ ပြဿာနာတွေ )

Plasma cell myeloma ဆိုတာ ရှားပါးတဲ့ သွေးကင်ဆာ တစ်မျိုးဖြစ်ပြီး ကင်ဆာဖြစ်နေတဲ့ေ သွေးရည်ကြည်ဆဲလ် တွေ ရိုးတွင်းခြင်ဆီထဲစုပြီး plasmacytomas လို့ခေါ်တဲ့ ကင်ဆာဖြစ်စေပါတယ်။ ဒီပုံမှန်မဟုတ်တဲ့ ကင်ဆာ သွေးရည်ကြည်ဆဲလ်တွေဟာ monoclonal (M) protein လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုးကိုထုတ်ပြီး ရိုးတွင်းခြင်ဆီထဲက ကျန်းမာတဲ့ ပရိုတင်းတွေနေရာကို ဝင်ယူစေပါတယ်။ ဒီလိုနဲ့ နောက်ပိုင်းမှာ သွေးရည်ကြည်က ပျစ်လာပြီး ကျောက်ကပ်ပျက်စီးစေတဲ့ အဆင့်ထိရောက်သွားပါတယ်။

ဒါတွေကတော့ အားလုံးသိထားသင့်တဲ့ သွေးကင်ဆာ အပြင် သွေးဆဲလ်တွေမှာ နောက်ထပ်ရောဂါတွေ အများကြီးရှိသေးတယ်ဆိုတဲ့အကြောင်းပါ ။ ။

Hello Health Group   သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

 

Read also:

မျှဝေမည်

တည်းဖြတ်သည့်နေ့ ဧပွီ 13, 2019 | နောက်ဆုံးတည်းဖြတ်ခြင်း ဧပွီ 13, 2019

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။