backup og meta

သင့် ကလေးလိင်အာသာဖြေ တာကို မိရင်ဘယ်လိုလုပ်မလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့် ကလေးလိင်အာသာဖြေ တာကို မိရင်ဘယ်လိုလုပ်မလဲ

    လိင်အာသာဖြေခြင်းဟာ စိတ်ကျေနပ်မှုနဲ့ စိတ်သက်သောင့်သက်သာ ဖြစ်စေဖို့ လိင်အင်္ဂါတွေကို လှုံ့ဆော်ခြင်းပဲ ဖြစ်ပါတယ်။ ကလေးတွေက သူတို့လက် (သို့) အခြားအရာတွေကို အသုံးပြုပြီး ပွတ်နိုင်ပါတယ်။ လိင်အာသာဖြေခြင်းက ရေချိုးစဉ်မှာ သူတို့ရဲ့ လိင်အင်္ဂါတွေကို ပုံမှန်ကြည့်ရှုလေ့ရှိတဲ့ နှစ်နှစ်ကလေးတွေထက် ပိုပါတယ်။ လိင်အာသာဖြေစဉ်မှာ ကလေးငယ်ဟာ ငေးငိုင်ပြီး ဒီကိစ္စတစ်ခုတည်းကိုသာ အာရုံစိုက်နေတတ်ပါတယ်။ ကလေးတွေက တစ်နေ့မှာ အကြိမ်ပေါင်းများစွာ လိင်အာသာ ဖြေနိုင်ခြင်း (သို့) တစ်ပတ်မှာ တစ်ကြိမ်မှာ လိင်အာသာဖြေခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။ ကလေးလိင်အာသာဖြေ ခြင်းက အိပ်ချင်ချိန်၊ စိတ်ကျချိန်နဲ့ စိတ်ဖိစီးချိန်တွေမှာ အဖြစ်များပါတယ်။

    ဘာလို့ ကလေးတွေ လိင်အာသာဖြေကြတာလဲ။

    လိင်အာသာဖြေခြင်းဟာ လမ်းလျှောက်တတ်ကာစ ကလေးတွေနဲ့ ကျောင်းမတက်ရသေးတဲ့အရွယ် ကလေးတွေမှာ ပုံမှန်ဖြစ်တဲ့ အပြုအမူတစ်ခုပဲ ဖြစ်ပါတယ်။ သူတို့ဟာ ခံစားမှုကောင်းမွန်တာကြောင့် လိင်အာသာဖြေခြင်းကို ဆက်လက်လုပ်ဆောင်တတ်ကြပါတယ်။ အချို့ကလေးတွေဟာ သူတို့ဝမ်းနည်းနေရင်လည်း လိင်အာသာဖြေတတ်ကြပါတယ်။ လိင်အာသာဖြေခြင်းဟာ ကျန်းမာရေးအခြေအနေတွေကို ညွှန်ပြခြင်း မဖြစ်နိုင်ပါဘူး။ လိင်အင်္ဂါတွေမှာ ကျိန်းစပ်စပ်ဖြစ်ခြင်း၊ နာကျင်မှုနဲ့ ယားယံမှုတွေတော့ ဖြစ်စေနိုင်ပါတယ်။

    လိင်အာသာဖြေခြင်းက အချိန်ဘယ်လောက် ကြာမြင့်ပါသလဲ။

    သင့်ကလေးက လိင်အာသာဖြေခြင်းကို သိရှိသွားရင် ရပ်ဖို့ ခက်ပါတယ်။ သင့်ကလေးဟာ စိတ်ကျမှုတွေ သက်သာသွားရင် မကြာခဏ လိင်အာသာဖြေမှာ မဟုတ်ပါဘူး။ အသက် ၅ နှစ် ၆ နှစ်ရောက်ရင်တော့ ကလေးငယ်အများစုဟာ သတိထားပြီး လူမရှိချိန်မှသာ လိင်အာသာဖြေမှာ ဖြစ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲတွေ၊ လိင်စိတ်ပြောင်းလဲမှုတွေကြောင့် လိင်အာသာဖြေခြင်းဟာ ဆယ်ကျော်သက်အရွယ်မှာ ပိုအဖြစ်များပါတယ်။

    ကလေးလိင်အာသာဖြေ ခြင်းက နောက်ပိုင်းမှာ ပြဿနာတွေ ဖြစ်စေနိုင်ပါသလား။

    လိင်အာသာဖြေခြင်းက ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ဒဏ်ရာရခြင်းတွေ၊ အန္တရာယ် ဖြစ်စေခြင်းတွေ မရှိပါဘူး။ အသက် ၅ နှစ် ၆ နှစ်ရောက်တဲ့အချိန် လူကြားထဲမှာ လိင်အာသာဖြေရင်တော့ ဒါကို ပုံမှန်မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ကလေးငယ်က လိင်ကိစ္စ အလွန်အမင်း စိတ်ဝင်စားတယ်၊ ရှုပ်တယ်လို့ မဆိုလိုပါဘူး။

    လူကြီးတွေက ကလေးငယ်တွေ လိင်အာသာဖြေခြင်းကို ညစ်ပတ်တဲ့ အရာတစ်ခုအဖြစ် တုံ့ပြန်တတ်ကြပါတယ်။ ဒါဟာ ကလေးငယ်တွေကို စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရစေပြီး အပြစ်ရှိတယ်ခံစားရခြင်း၊ လိင်ကိစ္စ စွဲလမ်းခြင်းတွေ ဖြစ်စေနိုင်ပါတယ်။

    ကလေးလိင်အာသာဖြေ တာကို ဘယ်လို ကူညီမလဲ။

    ၁။ လိင်အာသာဖြေဖို့ နေရာကို ရွေးချယ်ပေးပါ။

    ကလေးလိင်အာသာဖြေ ခြင်းကို အတင်းအကျပ်တားမြစ်ဖို့ မဖြစ်နိုင်ပါဘူး။ သင့်ကလေးဟာ ဒါကို သိတယ်၊ ကြိုက်နှစ်သက်တယ်ဆိုတဲ့ အချက်ကို လက်ခံသင့်ပါတယ်။ သင်ဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသော အချက်ကတော့ သူတို့ဒါကို ဘယ်မှာ ပြုမူသင့်လဲဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

    ဖြစ်သင့်တာကတော့ လိင်အာသာဖြေခြင်းကို အိပ်ခန်းထဲမှာနဲ့ ရေချိုးခန်းထဲမှာပဲ လုပ်သင့်တယ်လို့ ဆုံးမတာပဲ ဖြစ်ပါတယ်။ တကယ်လို့ ဘယ်မှာ ပြုလုပ်သင့်သလဲဆိုတာကို မပြောပြထားရင် ကလေးက ဒါကို ဘယ်နေရာမှာမဆို ပြုလုပ်နိုင်တယ်လို့ ထင်သွားနိုင်ပါတယ်။

    ၂။ အိပ်ချိန်မှာ လိင်အာသာဖြေခြင်းကို မတားမြစ်ပါနဲ့။

    ကလေးတွေကို ဒီအချိန်မှာ သတိထားကြည့်ပါ။ သူတို့လှဲအိပ်နေစဉ်မှာ ခြေထောက်ကြား လက်ရှိသလားဆိုတာ မမေးသင့်ပါဘူး။

    ၃။ အခြားအချိန်တွေမှာ အခြားအရာတွေနဲ့ အာရုံပြောင်းပါ။

    ကလေးကို အရုပ်၊ ဂိမ်း အစရှိတာတွေနဲ့ အာရုံပြောင်းဖို့ ကြိုးစားပါ။ တကယ်လို့ ဒါဟာ အလုပ်မဖြစ်ဘူးဆိုရင် ကလေးတွေကို အောက်ပါအတိုင်း ရှင်းပြသင့်ပါတယ်။

    သင့်ကလေးကို ဒီလိုလုပ်ခြင်းက သူတို့ကို နေလို့ကောင်းစေတယ်ဆိုတာကို သင်သိရှိပြီး ဒါဟာ ရေချိုးခန်းနဲ့ အိပ်ခန်းထဲမှာပဲ ပြုလုပ်သင့်ပြီး အိမ်ရဲ့ အခြားနေရာတွေမှာ ပြုလုပ်ဖို့ မသင့်ကြောင်း ပြောသင့်ပါတယ်။ လေးငါးနှစ်ရောက်ရင် ကလေးတွေဟာ အခြားသူတွေရဲ့ ခံစားမှုတွေကို သိလာတာကြောင့် ဘယ်သူမှ မရှိတဲ့အချိန်မှာမှ လိင်အာသာဖြေခြင်းကို ပြုလုပ်မှာ ဖြစ်ပါတယ်။

    ငယ်ရွယ်တဲ့ ကလေးတွေကို လိင်အာသာဖြေခြင်း ပြုလုပ်ရန် အခန်းအတွင်းကို စေလွှတ်သင့်ပါတယ်။

    ၄။ ဒီနည်းကို ကလေးထိန်းကျောင်းက သူတွေနဲ့လည်း ဆွေးနွေးထားပါ။

    မူကြိုတက်တဲ့အရွယ်ရောက်လို့ မူကြိုသွားတဲ့အခါ ကလေးထိန်းဆရာ၊ ဆရာမတွေကို ကလေးရဲ့ လိင်အာသာဖြေခြင်းကို အခြားအရာတွေနဲ့ အာရုံပြောင်းဖို့ တောင်းဆိုပါ။ တကယ်လို့ အလုပ်မဖြစ်ဘူးဆိုရင်တော့ ကျောင်းမှာ လိင်အာသာဖြေခြင်းကို အိပ်ချိန်မှာသာ ပြုလုပ်ခွင့်ပေးသင့်ပါတယ်။

    ၅။ သင့်ကလေးကို နွေးနွေးထွေးထွေးဆက်ဆံပါ။

    ကလေးတချို့က တစ်နေကုန် နွေးထွေးစွာ ဖက်ထားခံရတယ်ဆိုရင် လိင်အာသာဖြေမှု နည်းပါးပါတယ်။ သင့်ကလေးနဲ့ တစ်နေ့ကို အနည်းဆုံးအချိန် တစ်နာရီ ကုန်ဆုံးသင့်ပြီး နွေးထွေးစွာ ပွေ့ဖက်ထားသင့်ပါတယ်။

    ၆။ အဖြစ်များတဲ့အမှားများ

    မိဘတွေ အလုပ်များတဲ့ အမှားတစ်ခုကတော့ ကလေးလိင်အာသာဖြေ ခြင်းကို လုံးဝတားမြစ်ခြင်းပဲဖြစ်ပါတယ်။ ဒါဟာ မိဘတွေ စကားနားမထောင်ခြင်းနဲ့သာ အဆုံးသတ်မှာ ဖြစ်ပါတယ်။

    ကလေးတွေဟာ လိင်အာသာဖြေခြင်းအတွက် အရိုက်ခံရခြင်း၊ အအော်ခံရခြင်း၊ ဆုံးမခံရခြင်းတွေ မခံရသင့်ပါဘူး။ လိင်အာသာဖြေခြင်းကို ဆိုးရွား ညစ်ပတ် အပြစ်ရှိတဲ့ အပြုအမူ တစ်ခုအဖြစ် မမြင်သင့်ပါဘူး။

    အရေးကြီးတာကတော့ သင့်ကလေးကို ကြိုးတုပ်ထားခြင်း၊ အခြား အပြစ်ပေးခြင်း အစရှိတာတွေ ပြုလုပ်ခြင်းက ကလေးကို ဆိုးသွမ်းစေပြီး နောက်ကြီးလာတဲ့အခါ လိင်ပိုင်းဆိုင်ရာ ရှက်ကြောက်ခြင်းတွေ ဖြစ်စေတာကြောင့် မပြုလုပ်သင့်ပါဘူး။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement