backup og meta

ဆံပင်ပြန်လည်ပေါက်ရာတွင် ဘာတွေဖြစ်ပါသလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr . Phyu Mon Latt မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆံပင်ပြန်လည်ပေါက်ရာတွင် ဘာတွေဖြစ်ပါသလဲ။

    လူတိုင်းဆံပင်ပြန်ပေါက်ရာတွင် မတူကြသည်ကိုသိထားပြီးဖြစ်ကြပါလိမ့်မည်။ ဆံပင်ပြန်ပေါက်ခြင်းအဆင့်ဆင့်သည် ပြီးပြည့်စုံရန် ပျမ်းမျှအားဖြင့် ၄လမှ၆လခန့် ကြာမြင့်ပါသည်။ ထို့ကြောင့် စိတ်ရှည်ရန် အရေးကြီးပါသည်။ ထိုအချိန်တွင် နူးညံ့သိမ်မွေ့သောပြောင်းလဲမှုများကိုသတိပြုမိပါလိမ့်မည်။ဤဆောင်းပါးတွင် သင်သိလိုသောဆံပင်ပြန်ပေါက်ပုံအဆင့်ဆင့်ကိုဖေါ်ပြထားပါသည်။

    အကယ်၍ သင်သည် ဆံပင်ကျွတ်ခြင်းကိုခံစားနေရပါကဤအရာသည် ပုံမှန်သဘောသာဖြစ်၍ ဆံပင်၏ ပုံမှန်ကြီးထွားပုံသံသရာတွင် ပါဝင်သောအရာသာဖြစ်ပါသည်။ ဆံပင်သည် အဆင့်ဆင့်ပြန်ပေါက်ခြင်းဖြစ်ပြီးရှည်စွာပေါက်လာပြီးနောက် တဖန်ပြန်ကျွတ်ပြန်ပါသည် ထိုနောက် မပြောင်းလဲသောကာလတခုရှိပါသည်။ ဆံပင်ကြီးထွားခြင်းတွင် အနာဂင်(anagen)၊ ကတာဂင်(catagen)နှင့် တီလိုဂင်(telogen)ဟူသောအဆင့် ၃ဆင့်ရှိပါသည်။

    ဆံပင်ကြီးထွားလာပုံကိုနားလည်လာအောင် အထက်ပါအဆင့်၃ဆင့် ဖြစ်ပျက်ပုံကိုစမ်းစစ်ကြည့်ပါစို့။

    (၁)အနာဂင်အဆင့်

    အနာဂင်အဆင့်သည် ဆံပင်၏ ပွားများတက်ကြွသောအဆင့်ဖြစ်ပါသည်။ ဆံပင်အမြစ်ရှိ ကလပ်စည်းများသည် လျှင်မြန်စွာပွားများလျက် ရှိပါသည်။ ဆံပင်အသစ်သည် မပွားတော့သည့် သို့မဟုတ် အနာဂင်အဆင့်တွင် မရှိတော့သည့် ဆံပင်စုကိုအပေါ်သို့တွန်းထိုး၍ အပြင်သို့ ထွက်လာပါသည်။ ဤအဆင့်တွင် ဆံပင်သည် ၂၈ရက်တွင် ၁စင်တီမီတာခန့် ရှည်လာပါသည်။ ဦးရေရှိ ဆံပင်သည် ဤပွားများသောအဆင့်တွင် ၂နှစ်မှ ၆နှစ်ထိနေလေ့ရှိပါသည်။

    လူတချို့တွင် ဤကလပ်စည်းပွားများသောအဆင့်သည် တိုတောင်း၍ ဆံပင်သည် အတိုင်းအတာတခုထိရှည်ပြီးနောက် ဆက်မရှည်ဘဲရပ်နေတတ်ပါသည်။ တနည်းဆိုရသော် ဆံပင်ရှည်သူများတွင် ပွားများသောအဆင့် ရှည်ပါသည်။ လက်၊ ခြေထောက်၊ မျက်ခုံးမွေး နှင့် မျက်တောင်များတွင် ရက်၃၀မှ ၄၅ရက်ခန့်ရှိသည့် အလွန်တိုတောင်းသောပွားများသောအဆင့် ရှိပါသည်။ဤအချက်ကြောင့်ပင် ထိုခြေ၊ လက်၊ မျက်ခုံး၊မျက်တောင်ရှိအမွှေးများသည် ဦးခေါင်းရှိဆံပင်များထင် တိုနေရခြင်းဖြစ်ပါသည်။

    (၂) ကတာဂင်အဆင့်

    ကတာဂင်အဆင့်သည် အကူးအပြောင်း ကြားကာလတခုဖြစ်ပြီးမည်သည့်အချိန်မှာမဆိုဆံပင်၏ ၃ရာခိုင်နှုန်းသည် ဤအဆင့်တွင်ရှိပါသည်။ဤကြားကာလသည် ပွားများခြင်း၏အဆုံးဇြစ်ပြီးအနာဂင်အဆင့်တွင် ကြီးထွားလာသောဆံပင်များ ကျွတ်ရန်ပြင်ဆင်နေချိန်ဖြစ်ပါသည်။

    (၃) တီလိုဂင်အဆင့်

    နောက်ဆုံးတွင် ဆံပင်သည် ကြီးထွားမှု ရပ်နားသောအဆင့်သို့ ရောက်လာပါသည်။ များသောအားဖြင့် ဆံပင်အားလုံး၏ ၆ မှ ၈ ရာခိုင်နှုန်းသည် ဤအဆင့်တွင် ရှိပါသည်။ တီလိုဂင်အဆင့်သည် ဦးခေါင်းပေါ်မှ ဆံပင်များအတွက်ရက်ပေါင်း၁၀၀ခန့် ကြာပြီးမျက်ခုံးမျက်တောင် ခြေ နှင့်လက်များတွင်ရှိအမွှေးများအတွက်မူပိုမိုရှည်ကြာပါသည်။ ဤအဆင့်တွင် တီလိုဂင်ဆံပင်များ သင်သည် ဆံပင်တချောင်းကို ဆွဲနှုတ်ကြည့်ပါက အရင်း၌ ခြောက်သွေ့၍ မာနေသော အဖြူရောင်အခဲကို သတိပြုမိပါလိမ့်မည်။ ပုံမှန်အားဖြင့် နေ့စဉ် ၂၅ မှ ၁၀၀ တီလိုဂင်ဆံပင်များ ကျွတ်လေ့ရှိပါသည်။ ဤငြိမ်နေသောအဆင့်သည် ၂လမှ၃လခန့်ကြာပြီး နောက်ပွားများသောအဆင့်ဖြစ်သည့် အနာဂင်သို့ ပြန်ရောက်ရှိပါသည်။

    သန်စွမ်းသောဆံပင်သည် ပွားများသောအနာဂင်ဆံပင်နှင့် ကျွတ်သောတီလိုဂင်ဆံပင်များအချိုးညီမျှတနေရသည်မှာ သဘာဝဖြစ်ပါသည်။ ဤပွားများခြင်းစက်ဝိုင်း မမှန်ကန်ပါကဆံပင်များသည် တီလိုဂင်အဆင့်သို့ လျှင်မြန်စွာရောက်ရှိပြီး ပြန်ပေါက်သည်ထက် ကျွတ်သည်ကများမည်ဖြစ်ပါသည်။ ဤအဆင့်များကိုသိရှိနားလည်ခြင်းဖြင့် သင်၏ဆံပင်ကိုကောင်းမွန်စွာဂရုစိုက်တတ်သည့်အပြင် ဆံပင်နှင့်ပတ်သက်၍ ဖြစ်ပေါ်နိုင်သောပြသနာများကိုလည်းနားလည်သိရှိနိုင်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 15/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement