အခြားလေ့ကျင့်ခန်းများ

ကျန်းမာကြံ့ခိုင်စေဖို့အတွက် နေ့စဉ် လုပ်ဆောင်နိုင်မယ့် လေ့ကျင့်ခန်းလေးတွေရှာနေတာလား။ ဒီကဏ္ဍလေးမှာ အသင့်တော်ဆုံး လေ့ကျင့်ခန်းကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားလေ့ကျင့်ခန်းများ

လေပွတာကို သက်သာစေမယ့် ယောဂပို့စ် ( ၅) ခု

လေပွတာက အတော်လေး ခံရခက်ပါတယ်။ ဒီလို လေပွရတာက နေ့စဉ် စားသုံးမှုမှာ ပါဝင်နေတဲ့ အချို့အချို့သော အစားအစာတွေကြောင့် ဖြစ်နိုင်သလို ပါးစပ်ကနေတဆင့် လေတွေကို မျိုချမိတာကြောင့်ပါ။ လေတွေက လေပွပြီး နေရထိုင်ရ မသက်မသာ ဖြစ်စေနိုင်သလို ဗိုက်အောင့်တာကို ဖြစ်စေနိုင်ပါတယ်။ ဒီလို လေပွတာကို သက်သာစေမယ့် ယောဂပို့စ် (၅) ခု ကို ဖော်ပြပေးလိုက်ပါတယ်။ ယောဂလုပ်တာက လေပွတာကို သက်သာစေမလား! ယောဂလုပ်တာက လေပွတာကို သက်သာစေနိုင်သလို ကိုယ်လက်လှုပ်ရှားမှုလေး လုပ်တာ၊ လမ်းလျှောက်တာ၊ အိမ်မှုကိစ္စလေးတွေကို လှုပ်လှုပ်ရှားရှား လုပ်ပေးတာက အစာကြေစေပြီး လေပွတာကို သက်သာစေနိုင်ပါတယ်။  ဒါကြောင့် လေပွနေပြီဆိုရင် အရင်ဆုံး လမ်းလျှောက်တာမျိုး လုပ်ပေးလို့ ရသလို အောက်မှာ ပြောပြမယ့် ယောဂလေ့ကျင့်ခန်းလေးတွေကို လုပ်ပေးတာကလည်း နည်းလမ်းကောင်းပါ။  ကဲ …. လေပွတာကို သက်သာစေမယ့် […]

အခြားလေ့ကျင့်ခန်းများ ကို ရှာဖွေမည်။

အခြားလေ့ကျင့်ခန်းများ

လေ့ကျင့်ခန်းပြင်းအား ကို ဘယ်လိုတိုင်းတာမလဲ။

လေ့ကျင့်ခန်းပြင်းအား (Exercise intensity) ဆိုတာ ကိုယ်လေ့ကျင့်ခန်းလုပ်တာ လုံလောက်မှုရှိရဲ့လား။ အလွန်အကျွံဖြစ်နေပြီလားဆိုတာကို တိုင်းတာတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုပေမယ့် ပြင်းအားနည်းရင် ကိုယ်လိုချင်တဲ့ ရလဒ်မရတာ၊ အလွန်အကျွံလုပ်ရင်လည်း ကျန်းမာရေးထိခိုက်နိုင်တာကြောင့် ကိုယ်လေ့ကျင့်ခန်းလုပ်တာ မှန်ကန်ရဲ့လားဆိုတာ သိဖို့လိုပါတယ်။ လေ့ကျင့်ခန်းပြင်းအား ဘယ်နှမျိုးရှိသလဲ။ လေ့ကျင့်ခန်းပြင်းအားမှာ သာမန်ရယ်၊ အသင့်အတင့်ရယ်၊ ပြင်းထန်ရယ်ဆိုပြီး ၃မျိုးရှိပါတယ်။ ကျန်းမာရေးကို အထောက်အကူပြုဖို့ဆို တစ်ပတ်ကို အသင့်အတင့်ပြင်းအားရှိတဲ့ လေ့ကျင့်ခန်း မိနစ်၁၅၀ ဒါမှမဟုတ် ပြင်းထန်လေ့ကျင့်ခန်း ၇၅မိနစ်လုပ်ဖို့လိုပါတယ်။ ဒါတွေ မလုပ်နိုင်သေးဘူးဆိုရင်လည်း သာမန်လေ့ကျင့်ခန်းကနေ စပြီး တဖြည်းဖြည်း တိုးသွားနိုင်ပါတယ်။ ဘယ်လေ့ကျင့်ခန်းတွေက ဘယ်လိုပြင်းအားရှိသလဲ။ အသင့်အတင့်ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေကတော့ ခပ်သွက်သွက်လမ်းလျှောက်တာ (တစ်နာရီ ၃မိုင်နှုန်းနဲ့အထက်) ရေထဲမှာ အေရိုးဗစ်ဆော့တာ စက်ဘီးစီးတာ (တစ်နာရီ ၁၀မိုင်အောက် သို့ မြေပြင်ညီ သို့ နိမ့်လျှောကုန်းမှာ […]


အခြားလေ့ကျင့်ခန်းများ

အထိုင်များသူတို့အတွက် လေ့ကျင့်ခန်း

တစ်နေ့တာမှာ လုပ်ဆောင်ရတဲ့ အလုပ်တွေက ထိုင်ရာကမထတမ်း လုပ်နေရတာလား ..... တစ်နေ့တာရဲ့ အချိန်တော်တော်များများကို ထိုင်နေရပြီဆိုရင်တော့ ဒီအကျင့်ကိုပြင်ဖို့ လိုနေပါပြီ။ ဒီလို အထိုင်များတာက တိုးတက်လာတဲ့ လူနေမှုပုံစံရဲ့ တစ်စိတ်တစ်ပိုင်းဆိုပေမယ့် စိတ်ရောကိုယ်ပါ ကျန်းမာမှုကို ထိခိုက်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အထိုင်များသူတို့အတွက် လေ့ကျင့်ခန်း တွေက ဘာတွေဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ အထိုင်များတာကြောင့် ကျန်းမာရေး မထိခိုက်စေဖို့အတွက် အတူတူ ဖတ်ကြည့်လိုက်ရအောင်လား။ အထိုင်များတာက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ် အထိုင်များလေလေ အသက်တိုနိုင်လေလေပါ။ တစ်နေ့တာမှာ မတ်တတ်ရပ်ရချိန်၊ လှုပ်ရှားသွားလာရချိန် များတာက အသက်ရှည်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ တစ်နေ့ကို ၄ နာရီနဲ့အထက် ဆက်တိုက်ထိုင်ရမယ်ဆိုရင်တော့ အထိုင်များနေပါပြီ။ ဒီလို အထိုင်များတာက ကျန်းမာရေးကို အခုလို ထိခိုက်စေနိုင်ပါတယ်။ ကြွက်သားတွေ အားနည်းလာမယ် ခြေလက်ကြွက်သားတွေ အားနည်းပြီး ချော်ကျတာလိုမျိုး ပြဿနာတွေ အဖြစ်များလာမယ် […]


အခြားလေ့ကျင့်ခန်းများ

ဒူးနှံ့ ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူး

ငယ်ငယ်က ဒူးနှံ့ ရင် အမေက ဖြန်းခနဲ လှမ်းရိုက်တာ ခံရဖူးမှာပါ။ အပျင်းကြီးတယ်။ မျက်စိနှောက်တယ်။ တချို့ကျတော့လည်း အိမ်လာဘ်တိတ်တယ် မလုပ်ရဘူး စသဖြင့်ပေါ့။ ဒီလိုဆိုပေမယ့် ဒူးနှံ့တာက လုံးဝမကောင်းတာတော့လည်း မဟုတ်ပါဘူး။ ဒူးနှံ့တာက ကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။ ဘာကြောင့် ဒူးနှံ့ ကြတာလဲ။ ဒူးနှံ့ကြတာ ဘာရယ်လို့ မဟုတ်ပါဘူး။ အများစုကပျင်းလို့ နှံ့ကြတာများပါတယ်။ တချို့ကြတော့လည်း တစ်ခုခုကို စျာန်ဝင်နေလို့ (ဥပမာ ဂိမ်းဆော့နေလို့) မသိလိုက်ဘဲ နှံ့ကြတာလည်း ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒူးနှံ့တာက ကျန်းမာရေးပြဿနာဆိုတာထက် အပျင်းပြေ လုပ်ကြတာ များပါတယ်။ ဒူးနှံ့တာကို ယောက်ျားလေးတွေမှာ ပိုတွေ့ရပါတယ်။ မိန်းကလေးတွေက မနှံ့တာတော့ မဟုတ်ပေမယ့် ယဉ်ကျေးမှု အဆုံးအမတွေကြောင့် မနှံ့ဖြစ်တော့ပါဘူး။ ဒူးနှံ့ တာက ကျန်းမာရေးအတွက် တကယ်ကောင်းသလား။ ဒူးနှံ့တာက ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတဲ့ အချက်၂ချက် […]


အခြားလေ့ကျင့်ခန်းများ

လေ့ကျင့်ခန်း မလုပ်ဘဲ ကယ်လိုရီလောင်ကျွမ်း စေဖို့

ကယ်လိုရီလောင်ကျွမ်း တယ်လို့ ပြောလိုက်ရင် ပြေးပြေးလွှားလွှားနဲ့ လေ့ကျင့်ခန်းလုပ်တဲ့သူတွေ၊  Gymမှာ အလေးမတဲ့သူတွေကို ပြေးမြင်မိမှာပါ။ ဒါတွေက တကယ်ကိုကောင်းပြီး တကယ်လည်းကျပါတယ်။ ဒါပေမယ့် ဒီလိုလုပ်မှ ကယ်လိုရီလောင်တာတော့ မဟုတ်ပါဘူး။ လေ့ကျင့်ခန်း မလုပ်နိုင်တဲ့သူတွေကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ နေ့စဉ်ဘဝမှာ ကယ်လိုရီလောင်ကျွမ်းဖို့ ကြိုးစားနိုင်ပါတယ်။ လေ့ကျင့်ခန်း မလုပ်ဘဲ ကယ်လိုရီလောင်ကျွမ်း နိုင်ပါ့မလား။ ကယ်လိုရီလောင်ကျွမ်း တယ်ဆိုတာ ခန္ဓာကိုယ်ကနေ စွမ်းအင်ထုတ်သုံးတာပါ။ လေ့ကျင့်ခန်းတွေကတော့ စွမ်းအင်များများ ထုတ်သုံးနိုင်အောင် တမင်လေ့ကျင့်တဲ့နည်းပါ။ ဝိတ်ကျချင်တဲ့သူ၊ ကြွက်သားတက်အောင် လေ့ကျင့်ချင်တဲ့သူတွေအတွက် အင်မတန်မှ သင့်တော်ပါတယ်။ တတ်နိုင်ရင် ပုံမှန်လေးလေ့ကျင့်သင့်ပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းလုပ်တာတို့၊ Gymသွားတာတို့ကျတော့ မရောက်တစ်ရက်၊ ပျက်တစ်ရက် (ဒီလိုနဲ့ ရောက်မှာလည်း မဟုတ်တော့ပါဘူး)ဆိုတော့ ဒီနေရာတွေကိုမှ မသွားရင် ကယ်လိုရီလောင်ဖို့ အခွင့်အရေးမရှိသလို ဖြစ်နေပါတယ်။ တကယ်တော့ နေ့စဉ်သွားလာလှုပ်ရှားမှုတွေမှာလည်း ကယ်လိုရီလောင်ကျွမ်း အောင်  သူ့နည်းသူ့ဟန်နဲ့ လုပ်လို့ရပါတယ်။ […]


အခြားလေ့ကျင့်ခန်းများ

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် အသုံးတည့်စေမယ့် လေ့ကျင့်ခန်းလေးများ

စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် မှာ ခန္ဓာကိုယ်ရဲ့ ပုံမှန် လုပ်ဆောင်ရမယ့် လုပ်ဆောင်မှုတွေကိုတောင် မလုပ်မိတာမျိုး ဖြစ်နိုင်ပါတယ်။ ဥပမာ အသက်ရှူဖို့ မေ့နေပြီး အသက်ရှူ မဝတော့မှ အသက်ကို ရှိုက်ပြီး ရှူတာမျိုးပါ။ ဒီလိုကနေ ခေါင်းကိုက်တာ၊ ကြွက်သားတွေ ကိုက်ခဲတာကို ခံစားလာရနိုင်ပါတယ်။ ဒါတွေက စိုးရိမ်မှု လွန်ကဲတာ​ကြောင့် ရလာတဲ့ ထိခိုက်မှုတွေပေါ့။ ဒီစိုးရိမ်မှု လွန်ကဲတာကြောင့် ခံစားလာရမယ့် ထိခိုက်မှုတွေကို သက်သာစေမယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ ဒါတွေက ဘာတွေ ဖြစ်မလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။ စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် အသုံးတည့်စေမယ့် လေ့ကျင့်ခန်းလေးများ စိုးရိမ်ပူပန်မှုလွန်ကဲနေချိန် မှာ သက်သာစေဖို့ လုပ်ဆောင်ပေးသင့်တဲ့ လေ့ကျင့်ခန်းလေးတွေ ရှိပါတယ်။ ဒါကတော့ အသက်ရှူလေ့ကျင့်ခန်း လုပ်တာနဲ့ ကြွက်သားကို ပြေလျော့စေမယ့် လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာပါ။ စိုးရိမ်ပူပန်မှုလွန်ကဲနေချိန်မှာ လုပ်ဆောင်ပေးသင့်တဲ့ အသက်ရှူလေ့ကျင့်ခန်း စိုးရိမ်ပူပန်မှု လွန်ကဲနေချိန်မှာ စိတ်လက်ပေါ့ပါးစေဖို့ လုပ်ဆောင်သင့်တဲ့ […]


အခြားလေ့ကျင့်ခန်းများ

လမ်းကြာကြာလျှောက် လို့ ဖြစ်လာတဲ့ ဒဏ်တွေကို ဘယ်လိုသက်သာအောင် လုပ်မလဲ။

လမ်းလျှောက်တာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် လမ်းကြာကြာလျှောက် မယ်၊ နေ့စဉ်ရက်ဆက်လျှောက်မယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးလေး အနည်းငယ်ရှိလာနိုင်ပါတယ်။ ဒီတော့ လမ်းကြာကြာလျှောက်လို့ ဖြစ်လာနိုင်တဲ့ ဒဏ်တွေက ဘာတွေလဲ။ ဘယ်လိုတွေ သက်သာအောင် လုပ်မလဲဆိုတာ အကြံပေးချင်ပါတယ်။ လမ်းကြာကြာလျှောက် ရင် ဘာတွေ ခံစားရနိုင်သလဲ။ အားကုန်တာ လမ်းလျှောက်တာက ခန္ဓာကိုယ်က ကြွက်သားတွေ အများကြီး သုံးရတဲ့အတွက် ကြလာတာနဲ့အမျှ အားကုန်လာပြီး နုံးလာပါလိမ့်မယ်။ နေ့စဉ်ရက်ဆက်လျှောက်မယ်ဆိုရင် တဖြည်းဖြည်း အားကုန်ပြီး ပိန်လာမှာပါ။ အကောင်းဘက်က ကြည့်ရင်တော့ ဝိတ်ကျတာပေါ့။ ကြွက်သားတွေ နာတာ တစ်နေကုန်နီးပါး ကြွက်သားတွေ အားသုံးထားရတာဆိုတော့ အိမ်ပြန်ရောက်ရင် ကြွက်သားတွေ နာနေပါလိမ့်မယ်၊ ခြေသလုံးတွေ၊ လက်မောင်းတွေ၊ ကျောတွေ နာတာခံစားရမှာပါ။ ကြွက်သားတွေ တောင့်တာ အိမ်ပြန်ရောက်တာနဲ့ ခြေသလုံးက ကြွက်သားတွေကို စမ်းကြည့်လိုက်ပါဦး။ ကျောက်ခဲတွေလို မာနေတာကို ခံစားရမှာပါ။ ခြေဖဝါးတွေလည်း […]


အခြားလေ့ကျင့်ခန်းများ

ကလေးထိန်း ပြီး ဝိတ်ချမလား

ခေါင်းစဉ်ကို ဖတ်ပြီးချိန်မှာ ဒေါင်းတောက်နေအောင် လျှောက်ပြေးနေမယ့် ရင်သွေးလေးတစ်ယောက်နောက်ကို ကလေးထိန်း ဖို့ အူလျားဖားလျားလျှောက်လိုက်နေရမယ့် မေမေတစ်ယောက်ကို ပြေးမြင်မိသွားကြမယ်ထင်ပါတယ်။ ဒီကနေ့ခေတ်မှာ လူအတော်များများ ကိုယ်အလေးချိန်မြင့်တက်လာကြပါတယ်။ ကိုယ်အလေးချိန် မြင့်တက်လာရတဲ့ အကြောင်းအရင်းတွေထဲမှာ ကိုယ်လက်လှုပ်ရှားမှုနည်းပါးတာနဲ့ အစားအသောက်ကို စနစ်တကျ မှီဝဲစားသောက်မှုမရှိတာတွေက အဓိက အကြောင်းတရားတွေပါပဲ။ ဒီလို လုပ်ဆောင်ချက် ၂ ခုလုံးကို တစ်ပြိုင်နက်တည်းပြင်ဆင်ခွင့်ရမယ့် အခွင့်အလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ ကလေးထိန်းတာပါပဲ။ ရင်သွေးတွေကို ထိန်းကျောင်းတာဟာ ကိုယ်လက်ကျန်းမာစေနိုင်တဲ့ နည်းနာတစ်ခုပါ။ စိတ်ပါလက်ပါနဲ့သာ အချိန်ပေးနိုင်မယ်ဆိုရင် ကိုယ်အလေးချိန်ပါ လျော့ကျစေနိုင်ပါတယ်။ ပျမ်းမျှခြင်းအားဖြင့် သာမန်ကိုယ်ခန္ဓာမျိုးရှိတဲ့ မိခင်တစ်ယောက်ဟာ သာမန် ပေါ့ပေါ့ပါးပါး ကလေးထိန်း တဲ့ လုပ်ငန်းဆောင်တာတွေကြောင့် တစ်နေ့ကို ကယ်လိုရီ ၁၄၄-၂၀၀ ဝန်းကျင်လောက် လောင်ကျွမ်းစေနိုင်ပါတယ်။ ဒါဟာ တစ်နေ့ကို ၂ မိုင်လောက် လမ်းလျှောက်တာနဲ့ ကယ်လိုရီလောင်ကျွမ်းမှုခြင်း အတူတူပါပဲ။ […]


အခြားလေ့ကျင့်ခန်းများ

Gym ကစားခြင်း နှင့် လူသိမှားနေသေးသော ဂျင်းတချို့…

ဒီဘက်ခေတ်မှာတော့ Gym ကစားခြင်း ဆိုတာ ထူးထူးဆန်းဆန်းအရာတစ်ခု မဟုတ်တော့ပါဘူး။ အရင်တုန်းကတော့ Gym ကစားတယ်ဆိုတာကို ပိုက်ဆံဖြုန်းတယ်၊ မော်ဒယ်တွေ အနုပညာရှင်တွေမှ လုပ်သင့်တဲ့အရာ အစရှိသဖြင့် ပြောခဲ့ကြပါတယ်။ ဒီဘက်ခေတ်မှာတော့ လူအများစု Gym ကို တစိုက်မတ်မတ် ကစားလာကြတာကို တွေ့ရတာ ကျန်းမာရေးရှုထောင့်အရတော့ ဝမ်းသာစရာ သတင်းကောင်းတစ်ခုပါပဲ။ Gym ကစားခြင်း နှင့် လူသိမှားနေသေးသော ဂျင်းတချို့… ဒါပေမယ့် လူတော်တော်များများမှာ Gym ကစားခြင်း နဲ့ပတ်သက်ပြီး မှားယွင်းစွာ သိထားတဲ့ ဂျင်းတွေ အများကြီးရှိနေသေးတာကို တွေ့ရပါတယ်။ ဒီဆောင်းပါးမှာတော့ ကျွန်တော်က ဒီလူသိမှားနေတဲ့ ဂျင်းအချက်တွေကို ပြောပြပေးပြီး နားလည်မှုလွဲနေတဲ့အရာတွေကို ပြန်လည်ဖြေရှင်းပေးချင်ပါတယ်။ ၁။ Gym ကစားရင် ဝက်ခြံတွေ ပိုထွက်လာလိမ့်မယ်။ Gym ကစားခြင်း နဲ့ ဝက်ခြံထွက်တဲ့ ပြဿနာဟာ တိုက်ရိုက်ဆက်စပ်ခြင်း မရှိပါဘူး။ […]


အခြားလေ့ကျင့်ခန်းများ

ဆယ်ကျော်သက် နဲ့ လေ့ကျင့်ခန်း

ဆယ်ကျော်သက် နဲ့ လေ့ကျင့်ခန်း အကြောင်းလေး လေ့လာလိုက်ရအောင်နော်။ လေ့ကျင့်ခန်း လုပ်တာက ဆယ်ကျော်သက်တွေရဲ့ ကျန်းမာရေးကို ထိန်းသိမ်း စောင့်ရှောက်မှုမှာ အရေးပါတဲ့ အရာ တစ်ခုပါ။ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ငယ်စဉ်ကတည်းက မွေးမြူတာက ကျန်းမာသန်စွမ်းပြီး ရောဂါကင်းတဲ့ လူကြီး ဖြစ်လာစေမှာပါ။ ဒါကြောင့် ကျန်းမာတဲ့ လူနေမှု ပုံစံကို ပိုင်ဆိုင်ချင်တယ် ဆိုရင် ဆယ်ကျော်သက် အရွယ်မှာကတည်းက လေ့ကျင့်ခန်း လုပ်ဖို့ ပြောပါရစေ။ ဆယ်ကျော်သက်နဲ့ လေ့ကျင့်ခန်း ဆယ်ကျော်သက်တွေ အနေနဲ့ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ အရိုးနဲ့ ကြွက်သားတွေ သန်မာစေဖို့၊ ထိုက်သင့်တဲ့ ကိုယ်အလေးချိန် နဲ့ အရပ်အမြင့် ရဖို့၊ အဝမလွန်စေဖို့၊ ကျန်းမာဖျတ်လတ် စေဖို့အတွက် လေ့ကျင့်ခန်းကို မဖြစ်မနေ လုပ်ဖို့ လိုပါမယ်။ ဆယ်ကျော်သက်တွေ အနေနဲ့ တစ်နေ့ကို မိနစ် […]


အခြားလေ့ကျင့်ခန်းများ

ရုံးမှာနေရင်း တက်ကြွကျန်းမာစေဖို့ ဒီ လေ့ကျင့်ခန်း တွေလုပ်ပါ

ရုံးမှာနေရင်း တက်ကြွကျန်းမာစေဖို့ ဒီ လေ့ကျင့်ခန်း တွေလုပ်ပါ တစ်နေ့တာ အချိန်ရဲ့  အနည်းဆုံး  ၈ နာရီကို ကွန်ပျူတာရှေ့မှာ အလုပ်လုပ်ရင်း ရုံးမှာ အချိန်တွေ ကုန်နေရတယ်ဟုတ်။ အညောင်းမိပြီး အကြောတွေများတောင့်တင်း နေပြီလား။ ဒါဆိုရင် ရုံးစားပွဲမှာ လုပ်လို့ရမယ့် လေ့ကျင့်ခန်း လေးတွေကို ဆောင်းပါးလေးထဲမှာ ဖတ်ရင်း အတူတူ လုပ်ကြည့်ရအောင်လား။ ရုံးမှာနေရင်း တက်ကြွကျန်းမာစေဖို့ လုပ်လို့ရမယ့် လေ့ကျင့်ခန်းများ တစ်နေ့တာရဲ့  အချိန် အတော်များများကို ကုန်ဆုံးနေရတဲ့ ရုံးစားပွဲမှာ အခုလို လေ့ကျင့်ခန်းလေးတွေ လုပ်ပေးလို့ ရပါတယ်။ အကြောအခြင်တွေ ပြေစေသလို စိတ်ကိုလည်း ကြည်စေပါတယ်။ Shoulder Raises ဒါက ဇက်ကြောတွေကို အတော်လေး ပြေလျော့စေပါတယ်။ ပခုံးကို နားရွက်နားထိ မြှင့်လိုက်ပါ။ ၁၀ စက္ကန့်လောက်ထားပါ။ ပြီးရင် ဖြေလျော့လိုက်ပါ။ တစ်ခါလုပ်ရင် ၅ ကြိမ်နဲ့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)