backup og meta

ပြေးလွှားခြင်း က လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးကို သက်ရောက်မှုရှိနိုင်သလား?

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Hello Sayarwon Panel မှ ရေးသားသည်။ · 01/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပြေးလွှားခြင်း က လူတစ်ယောက်ရဲ့ စိတ်ကျန်းမာရေးကို သက်ရောက်မှုရှိနိုင်သလား?

    ပြေးလွှားခြင်း ဟာ နှလုံးကျန်းမာရေးအတွက် လုပ်ဆောင်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ပြေးလွှားခြင်းက အဆီတွေကို လောင်ကျွမ်းစေပြီး သင့်ခန္ဓာကိုယ် ပုံစံကိုလှစေတဲ့ အပြင် သင့်နှလုံးကိုလည်း ကြံ့ခိုင်စေနိုင်ပါတယ်။ ဒီလို ကိုယ်ခန္ဓာပိုင်းဆိုင်ရာ ကျန်းမာစေတဲ့ ကောင်းကျိုးတွေ အပြင် စိတ်ကျန်းမာရေးကို အတွက် ကောင်းကျိုးတွေကိုလည်း အများအပြား ရရှိစေနိုင်ပါတယ်။

    ၁။ စိတ်ပူပန်မှုတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။

    သင်ပြေးတဲ့အခါ သင့်ခန္ဓာကိုယ်က endorphins လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးထုတ်ပါတယ်။ အဲဒီဟော်မုန်းက စိတ်ကျရောဂါကုသပေးနိုင်တဲ့ ဆေးတွေနဲ့ သတ်ရောက်မှုခြင်း တူပါတယ်။ Endorphins ဟော်မုန်းက adrenaline နှင့် cortisol လိုမျိုး စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ ဟော်မုန်းတွေ ထွက်တာကို လျှော့ချပေးနိုင်တဲ့ အတွက် စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျတာတွေ ကို လျော့နည်းစေနိုင်ပါတယ်။

    ပြေးလွှားခြင်း က သင့်ရဲ့ စိတ်ဖိစီးမှုတွေကို ဖြေလျော့ပေးနိုင်ရုံသာမက အနာဂတ်မှာလည်း စိတ်ဖိစီးမှုတွေ ဝင်နိုင်ခြေကို လျော့နည်းစေနိုင်ပါတယ်။ စိတ်ပူပန်ခြင်း ရောဂါဝေဒနာ ခံစားနေရတဲ့ သူတွေအနေနဲ့ ပြေးလွှားခြင်းက ကြီးမားတဲ့ ကောင်းကျိုးတွေရနိုင်ပါတယ်။

    ၂။ ပြေးလွှားခြင်း က သင့်ကို ပိုပြီး အိပ်လို့ကောင်းအောင် ကူညီပေးနိုင်ပါတယ်။

    စိတ်ဓာတ်ကျခြင်းဝေဒနာက အိပ်ရေးပျက်ခြင်းတွေနဲ့ တွဲလာတတ်ပြီး အိပ်ရေးပျက်ခြင်းက စိတ်ဓာတ်ကျတာကို ပိုဆိုးစေနိုင်ပါတယ်။ ပြေးလွှားခြင်းက သင်အိပ်တာကို နှစ်ခြိုက် ကောင်းမွန်အောင် ကူညီပေးပါတယ်။ နေ့ခင်းပိုင်းတွေမှာ ကိုယ်ကာယ လှုပ်ရှားမှု ဘယ်လောက်လုပ်တယ်ဆိုတဲ့ပမာဏက အိပ်စက် အနားယူတဲ့ပမာဏကို အဆုံးအဖြတ်ပေးပါတယ်။

    ဒါကြောင့် သင်ဟာ ပိုပြီး တက်ကြွလုပ်ဆောင်လေလေ အိပ်စက်ရာမှာ ကောင်းမွန်လေလေ ဖြစ်ပါတယ်။ ဒါပေမယ့် မအိပ်ခင်မှာတော့ မပြေးသင့်ပါဘူး။ မနက်ခင်းစောစော အိပ်ရာထချိန်မှာပဲ သေချာ အားစိုက်ထုတ်ပြီး ပြေးလွှားသင့်ပါတယ်။ တစ်ပတ်မှာ ၃ ကြိမ်၊ ၄ကြိမ်လောက် ပြေးသင့်ပါတယ်။ တစ်ကြိမ်ပြေးတိုင်းမှာ ၃၀ မိနစ်လောက်ကြာသင့်ပါတယ်။

    ၃။ ပြေးလွှားခြင်း က သင့်ကို ပိုထက်မြက်စေနိုင်ပါတယ်။

    အသက်တွေ ကြီးလာတာနဲ့အမျှ ဦးနှောက်က တဖြည်းဖြည်း နှေးကွေးလာပါတယ်။ အချိန်တစ်ခုရောက်တဲ့အခါမှာ သင်ဟာ သင်တွေးချင်သလောက်မြန်မြန် မတွေးနိုင်တော့ဘဲ မှတ်ဉာဏ်တွေကလည်း ချို့ယွင်းပျက်စီးလာပါတယ်။ ပြေးလွှားခြင်းက ဒီလို အချိန်မရောက်လာအောင် (သို့) အသက် မကြီးလာအောင်တော့ မကာကွယ်နိုင်ပါဘူး။

    ဒါပေမယ့် ပြေးလွှားခြင်းက ဦးနှောက်ဆီကိုရောက်တဲ့ သွေးနဲ့ တစ်ကိုယ်လုံးမှာရှိနေတဲ့ သွေးလည်ပတ်မှုကို ပိုကောင်းစေတဲ့အတွက် တွေးတောနိုင်စွမ်းနဲ့ မှတ်ဉာဏ်ကို တိုးတက်လာအောင် ကူညီပေးနိုင်မှာတော့ သေချာပါတယ်။ ဒါကြောင့် ပုံမှန်ပြေးနေတဲ့ သူတစ်ယောက်က အသက်ကြီးလာတဲ့အခါ အခြားမလှုပ်မရှားနေတဲ့သူတွေနဲ့ ယှဉ်ရင် ကောင်းကောင်းဆုံးဖြတ်နိုင်စွမ်းပိုရှိပြီး ထက်မြက်တဲ့စိတ်နဲ့ အာရုံစူးစိုက်နိုင်ခြေ ပိုကြာမြင့်ပါတယ်။

    ၄။ ပြေးလွှားခြင်း က စားသောက်ချင်စိတ်ကို ပိုများစေနိုင်ပါတယ်။

    စားသောက်ချင်စိတ်နည်းတာက သင့်ရဲ့ စိတ်အခြေအနေကို မကောင်းတဲ့ဘက်က သက်ရောက်မှုတွေပေးနိုင်ပြီး စိတ်ဖိစီးမှုတွေနဲ့ စိတ်ဓာတ်ကျတာတွေကို ဖြစ်စေနိုင်ပါတယ်။ ကိုယ်ကျန်းမာရေးရော၊ စိတ်ကျန်းမာရေးပါ နှစ်ခုစလုံးက ကျန်းမာတဲ့ အစားအသောက်တွေ အပေါ်မူတည်နေပါတယ်။

    ပြေးလွှားခြင်းက ဗိုက်ဆာခြင်းကို ဖြစ်စေတဲ့ ghrelin နဲ့ peptide YY စတဲ့ ဟော်မုန်းတွေကို ထုတ်ပေးနိုင်ပါတယ်။ ဒါက သင့်ခန္ဓာကိုယ်က ပြေးလွှားရင်း ကုန်သွားတဲ့ ကယ်လိုရီတွေကို ပြန်လည်အစားထိုးဖို့အတွက် သင့်ခန္ဓာကိုယ်က အစာပိုစားဖို့တောင်းဆိုတာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီလိုစားသောက်ရာမှာ အစားအစာတွေ စားပုံနဲ့ ပတ်သတ်ပြီးလည်း သေချာ ဂရုစိုက်ရပါမယ်။ သင်က ပြေးလွှားတယ်ဆိုပေမယ့်လည်း အစားအစာကို ညီမျှအောင်စား ဖို့လိုအပ်ပါတယ်။

    တကယ်လို့ သင့်မှာ အိပ်မပျော်ခြင်း ၊ အစာစားချင်စိတ်မရှိခြင်း စတဲ့ ပြဿနာတွေနဲ့ တွေ့ကြုံနေရပြီဆိုရင် ဒီ ပြေးလွှားခြင်း ဆိုတဲ့ နည်းလမ်းလေးကို စမ်းလုပ်ဆောင်နိုင်ပါတယ်။ ရက်သတ္တပတ် အနည်းငယ်လောက် သေသေချာချာ ဆက်တိုက်ပြေးပြီးနောက်မှာ သင်ဟာ ဘယ်လောက်တောင် ပိုကျန်းမာလာပြီး ဘယ်လောက်တောင် ပိုပျော်ရွှင်လာတယ်ဆိုတာကို အံ့သြသွားရမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Hello Sayarwon Panel မှ ရေးသားသည်။ · 01/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement