backup og meta

ရင်သား ဖွံ့ထွား လှပစေမယ့် လေ့ကျင့်ခန်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သား ဖွံ့ထွား လှပစေမယ့် လေ့ကျင့်ခန်း

    ရင်သား ဖွံ့ထွား လှပစေမယ့် လေ့ကျင့်ခန်း တွေအကြောင်း သိပြီးပြီလား ….. မသိသေးဘူးဆိုရင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။

    အမျိုးသမီးတစ်ယောက်က တကယ်ကို လှပကြော့ရှင်းတယ်လို့ သတ်မှတ်ခံရဖို့ဆိုရင် မျက်နှာအသားအရေ နဲ့ ကိုယ်လုံးကိုယ်ပေါက်ကအစ အရာရာလှပဖို့ လိုအပ်ပါမယ်။ အမျိုးသမီး တော်တော်များများက သူတို့ရဲ့ အလှအပတရားနဲ့ ပတ်သက်ပြီး စိတ်တိုင်းကျတာ ရှားပါတယ်။ အဓိက စိတ်တိုင်းမကျကြတာက သူတို့ရဲ့ ရင်သား အရွယ်အစားနဲ့ပတ်သက်ပြီးတော့ပါ။ ဒီတော့ သဘာဝအတိုင်း ရင်သား ဖွံ့ထွား လှပစေဖို့အတွက် အိမ်မှာတင်လုပ်လို့ရတဲ့ လေ့ကျင့်ခန်း လေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

    လေ့ကျင့်ခန်းက ရင်သား အရွယ်အစား အပေါ် ဘယ်လို သက်ရောက်မှုရှိပါသလဲ

    လေ့ကျင့်ခန်းလုပ်တာက ခွဲစိတ်ပြုပြင်တာနဲ့ ဆေးတွေအသုံးပြုတာထက် ပိုစိတ်ချရပါတယ်။ ကြွက်သားတွေကို တည်ဆောက်ဖို့ ရိုးစင်းလွယ်ကူတဲ့လေ့ကျင့်ခန်းလေးတွေကို ပုံမှန်လုပ်ပေးဖို့လိုအပ်ပါမယ်။ ရင်သားတစ်ဝိုက်က ကြွက်သားတွေကိုနေ့စဉ်လှုပ်ရှားမှုလုပ်ဆောင်ပေးတာက မှန်ကန်တဲ့ ကိုယ်နေဟန်ထားနဲ့ လေ့ကျင့်ခန်းလုပ်တာတွေက ရင်သားကို သဘာဝအတိုင်း ဖွံ့ထွားလှပစေမှာပါ။

    ရင်သား ဖွံ့ထွား လှပစေမယ့် လေ့ကျင့်ခန်း

    ရင်သား ဖွံ့ထွား လှပစေမယ့် လေ့ကျင့်ခန်း တွေက

    နံရံတွန်းတဲ့ လေ့ကျင့်ခန်း

    • နံရံရှေ့မှာ ခပ်မတ်မတ်ရပ်ပေးပါ။
    • လက်ဖဝါး နှစ်ဖက်ကို နံရံမှာကပ်ထားပေးပါ။
    • လက်နှစ်ဖက်ကို ရင်ဘတ်နဲ့ တစ်တန်းတည်းအနေအထားနဲ့ ဆန့်ထုတ်ပေးပါ။
    • ပြီးရင် လက်ကိုဖြည်းဖြည်းချင်းကွေးပြီး ခန္ဓာကိုယ်ကို နံရံဆီကို တိုးကပ်ပါ။
    • ပြီးရင် နဂိုပုံစံအတိုင်း ပြန်နေပေးပါ။
    • နေ့စဉ် ၁၅ ကြိမ်လုပ်ပေးပါ။

    လက်မောင်းလှည့်လေ့ကျင့်ခန်း

    • လက်နှစ်ဖက်ကို ပခုံးနဲ့ တစ်ညီတည်းဘေးဘက်ကို ဆန့်ထုတ်ပေးပါ။
    • အနောက်ဘက်ကိုဖြည်းဖြည်းချင်း စက်ဝိုင်းသဏ္ဍာန်လှည့်ပေးပါ။ တစ်မိနစ်ခန့် လုပ်ပေးပါ။
    • အရှေ့ဘက်ကိုဖြည်းဖြည်းချင်း စက်ဝိုင်းသဏ္ဍာန်လှည့်ပေးပါ။ တစ်မိနစ်ခန့်လုပ်ပေးပါ။
    • ပြီးရင်လက်မောင်းကို အပေါ်ကနေအောက်ဘက်ကိုဖြည်းဖြည်းချင်း အတင်အချလုပ်ပေးပါ။ တစ်မိနစ်ခန့်လုပ်ပေးပါ။
    • တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ခန့်လုပ်ပေးပါ။
    • ဒီလေ့ကျင့်ခန်းလုပ်တဲ့အခါ လက်တစ်ဖက်မှာ ၂ပေါင်တုံးလေးတွေလိုမျိုး အလေးတုံးလေးတွေကိုင်ပြီး လုပ်ဆောင်ပေးလို့လည်းရပါတယ်။
    လက်ဖဝါးချင်းထိလေ့ကျင့်ခန်း
    • ထိုင်ရင်းဖြစ်ဖြစ်၊ မတ်တတ်ရပ်ပြီးဖြစ်ဖြစ် လက်နှစ်ဖက်ကို ရင်ဘတ်နဲ့ တစ်တန်းတည်းရှေ့ကိုဆန့်ထုတ်ပေးပါ။
    • လက်ဖဝါးနှစ်ခုကို ထိကပ်ထားပေးပါ။
    • ပြီးရင် လက်နှစ်ဖက်ကို ဘေးဘက်ကို ပခုံးနဲ့တစ်တန်းတည်းအနေအထားထိ ဆန့်ထုတ်ပေးပါ။
    • ပြီးရင်ရင်ဘတ်ရှေ့ဘက်မှာ လက်ဖဝါးနှစ်ဖက်ကို ထိကပ်ပေးပါ။
    • တစ်မိနစ်ခန့်လုပ်ပေးပါ။
    ဆုတောင်းပို့စ်
    • လက်ဖဝါးနှစ်ဖက်ကို ဆုတောင်းတဲ့ ပုံစံ ထိကပ်ထားပြီး လက်မောင်းတွေကို အရှေ့ဘက်ကိုဆန့်ထုတ်ပါ။
    • ပြီးရင်လက်မောင်းနှစ်ဖက်ကို ၉၀ ဒီဂရီကွေးပြီး လက်ဖဝါးတွေကို ရင်ဘတ်ရှေ့ဘက်ကို ထိကပ်ပေးပါ။
    • ၁၀ စက္ကန့်လောက်ထားပြီးရင် သက်တောင့်သက်သာအနေအထားပြန်နေပေးပါ။
    • ၁၅ ကြိမ်လောက်လုပ်ပေးပါ။
    ဒေါင်လိုက် လက်ဖဝါးချင်းထိကပ်ခြင်း
    • လက်နှစ်ဖက်ကို ရင်ဘတ်နဲ့ တစ်တန်းတည်း အရှေ့ဘက်ကို ဆန့်ထုတ်ပေးပါ။
    • ပြီးရင် လက်မောင်းတွေကို ဒေါင်လိုက်အနေအထားနဲ့ ၉၀ ဒီဂရီကွေးပေးပါ။
    • လက်နှစ်ဖက်ကိုဘေးဘက်ကို ပခုံးနဲ့ တစ်တန်းတည်းဖြစ်တဲ့အထိဆန့်ထုတ်ပေးပါ။
    • ပြီးရင် လက်နှစ်ဖက်ကိုပြန်ကပ်ထားပေးပါ။
    • တစ်မိနစ်ကြာလုပ်ပေးပါ။

    အလေးတုံးသုံးပြီးလေ့ကျင့်ခန်းလုပ်မယ်

    • ကြမ်းပြင်ပေါ်မှာ ဒူးနှစ်ဖက်ကိုထောင်လျက်သားအနေအထားနဲ့ လှဲနေပါမယ်။
    • လက်တစ်ဖက်စီမှာ အလေးတုံးတစ်ခုစီကို ကိုင်ပြီး လက်မောင်းတွေကို ရင်ဘတ်နဲ့တစ်တန်းတည်း အပေါ်ဘက်ကိုဖြည်းဖြည်းချင်းဆန့်ထုတ်ရပါမယ်။
    • ပြီးရင်လက်ကိုကွေးပြီးဖြည်းဖြည်းချင်းပြန်ချရပါမယ်။
    • ဒီလေ့ကျင့်ခန်းလုပ်တဲ့အခါဖြည်းနိုင်သမျှဖြည်းဖြည်းချင်းလုပ်ရပါမယ်။
    • တစ်ခါလုပ်ရင် ၁၂ ခါနှုန်းနဲ့ ၃ ကြိမ်လုပ်ပေးပါ။

    ရေမချိုးခင်မှာ ဒီ လေ့ကျင့်ခန်းလေးတွေ လုပ်ပြီး သဘာဝအတိုင်း ရင်သား ဖွံ့ထွား လှပအောင် ကြိုးစား လုပ်ဆောင်လိုက်ပါနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 07/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement