backup og meta

စားသလောက် ဝမလာရတဲ့အကြောင်းရင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 22/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စားသလောက် ဝမလာရတဲ့အကြောင်းရင်း

    အစားများလို့ဝလာတဲ့သူတွေဘက်က ကြည့်ရင် မနာလိုစရာဖြစ်နေပေမယ့် ကိုယ်ဘယ်လောက်စားစား ဝမလာနိုင်တာက စိတ်ကျေနပ်စရာမကောင်းလှပါဘူး။ လူဆိုတာ လှချင်တဲ့အမျိုးမို့ ပိန်လည်းမပိန်၊ ဝလည်းမဝတဲ့ အနေတော်အချိုးအစားလောက်ပဲ လိုချင်ကြမှာသေချာပါတယ်။ ပိန်ပိန်ပါးပါးနဲ့ လှတယ်ဘယ်လောက်ပြောပြောပြည့်ပြည့်လေးတော့(သိပ်မဝတဲ့)ဖြစ်ချင်ကြတာပေါ့။

    ယူတို့ ဘာလို့ ဝမလာရတာလဲဆိုတော့

    ကယ်လိုရီမတွက်မိတာ

    အစားတော့စားနေတာပဲ၊ ပိန်နေမြဲ၊ ပိန်နေဆဲပဲဆိုတာက ကိုယ်စားတဲ့အစားအစာတွေထဲမှာ ခွန်အားဖြစ်စေမယ့်အရာတွေနည်းပြီး ကယ်လိုရီအလုံအလောက်မဖြည့်ပေးနိုင်တဲ့အရာတွေများနေတာဖြစ်နိုင်ပါတယ်။ ဥပမာပြောရရင် အသီးအနှံေတွ၊ အသီးအရွက်တွေနဲ့ ဟင်းရည်တွေလိုမျိုး ဝိတ်လျှော့သူတွေစားသင့်တဲ့ပုံစံအတိုင်း ကိုယ်စားမိနေတာလည်းဖြစ်နိုင်တယ်။ ကိုယ့်အနေနဲ့က ကယ်လိုရီများတာတွေ၊ပရိုတင်းများတာတွေကိုပိုစားပေးသင့်တယ်လေ။ ဒါပေမယ့် အဆီများတာ၊အချိုများတွေနဲ့ဝလာတာကိုတော့ရှောင်ပါ။

    စားသောက်မှုပုံစံ မပြောင်းလဲတာ

    အပေါ်မှာပြောခဲ့သလိုမျိုး လွဲမှားနေတဲ့ စားသောက်မှုပုံစံအတိုင်း ဆက်ပြီးသွားတာက ပိန်မြဲပိန်ဆဲအဖြစ်ကိုမွေးမြူနေတာပါပဲ။ ကျန်းမာရေးနဲ့ညီတဲ့ဘောင်အတွင်းမှာ ပုံစံလေးပြောင်းစားပါ။ အာဟာရနဲ့ကျန်းမာရေးကိုလေ့လာလိုက်စားပြီး အာဟာရကြွယ်ဝ၊ကယ်လိုရီများတဲ့ အစားအသောက်တွေကို မှတ်သားပါ။ ပုံမှန် ပလန်ချပြီး စားပါ။ အဆီမပါတဲ့အသား၊ ပင်လယ်စာ၊ ပဲ စတဲ့ အသားဓါတ်ကြွယ်ဝတာတွေကိုလည်း ပိုစားပါ။

    ကယ်လိုရီလောင်ကျွမ်းနေတာ

    စားလိုက်တဲ့ ကယ်လိုရီကို အကုန်ပြန်လောင်ကျွမ်းအောင်လုပ်လိုက်မိတယ်ဆိုပါစို့။ အဆီကျကျစ်လျစ်တဲ့ခန္ဓါကိုယ်ကိုပဲ ပိုင်ဆိုင်ရတော့မှာပေါ့။ ယူတို့ အသားပြည့်ပြည့်လေး မဖြစ်လာနိုင်တော့ဘူး။ ကယ်လိုရီစားတာနည်းရတဲ့အထဲ အကုန်ပြန်လောင်ကျွမ်းကုန်တော့ ကုန်ပြီလေ။ ဒါ့ကြောင့် ကယ်လိုရီပိုစားရမယ်ပြောတာပေါ့။

    အားကစားလုပ်တယ်ဆိုလည်း အကြမ်းတွေမလုပ်သင့်ဘူးနော်။ ဂျင်မ်သွားတယ်ဆိုပေမယ့် ဝိတ်ချချင်တဲ့သူတွေလို လုပ်မိရင်၊ နည်းလမ်းမှားနေရင် ပိုတောင်ကျသွားနိုင်တဲ့အန္တရာယ်ရှိတယ်။ ထရိန်နာကောင်းကောင်းနဲ့သေချာစနစ်ကျမှ အချိုးအစားကျကျ ကိုယ်အလေးချိန်တက်စေမှာပါ။

    မျိုးဗီဇနဲ့ဆိုင်တာ

    တချို့ကျတော့ အစားအသောက်၊အနေအထိုင် အားလုံးဂရုစိုက်နေထိုင်ပါလျက်နဲ့ ဝိတ်တက်မလာတာက မျိုးဗီဇနဲ့ဆိုင်ပါတယ်တဲ့။လေ့လာမှုတွေအရ လူတွေရဲ့ကိုယ်အလေးချိန်နဲ့ပတ်သက်တဲ့အခြေအနေတွေဟာ မျိုးဗီဇနဲ့ ၅၀%၊ ပတ်ဝန်းကျင်နဲ့ ၅၀% သက်ဆိုင်တယ်လို့ ဆိုကြပါတယ်။ အနေအထားတူတဲ့သူတွေထဲမှာမှ တချို့က ဘာလို့ကိုယ်အလေးချိန်ပိုများရသလဲဆိုတာ သုတေသီတွေ အဖြေရှာကြဆဲပါပဲ။ သီအိုရီတစ်ခုကတော့ တချို့လူတွေဟာ သူများတွေထက် ကြီးထွားမှုဟော်မုန်းပိုများတာကြောင့်နေ့စဉ်လှုပ်ရှားမှုတွေအတွင်း ခွန်အားပိုသုံးရတာမျိုးဖြစ်စေတယ်လို့ ဆိုပါတယ်။

    ကျန်းမာရေးပြဿနာတွေ ရှိနေတာ

    ဘယ်လိုကြိုးစားကြိုးစား ထူးမလာတော့ဘူး၊ ကိုယ်အလေးချိန်တက်ဖို့ အခက်အခဲဖြစ်နေတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီးရောဂါရှာဖွေစစ်ဆေးပါ ဒါမှမဟုတ် ကိုယ်သောက်သုံးနေရတဲ့ဆေးတွေကို စစ်ဆေးပါ။ သိုင်းရွိုက်ပြဿနာရှိနေတာ၊ ဆီးချိုဖြစ်နေတာကို မသိတာ၊ အစာအိမ်ပြဿနာတာရှည်နေတာတွေက အကြောင်းရင်းထဲပါဝင်နေနိုင်ပါတယ်။ ကိုယ်အလေးချိန်အပေါ်သက်ရောက်မှုရှိနိုင်တဲ့ရောဂါအခံတစ်ခုခုရှိနေတယ်ဆိုရင် အရင်ကုသလိုက်မှ ကျန်းမာဝဖြိုးလာနိုင်ပါလိမ့်မယ်။

    ကဲ ကျန်းမာရေးနဲ့မညီဘဲ ဝလာစေနိုင်တဲ့ ဝဆေးကို လိုက်ရှာနေမယ့်အစား အဟန့်အတားဖြစ်စေတဲ့အရာတွေကို အရင်ရှာဖွေဖြေရှင်းလိုက်တာပိုကောင်းပါတယ်။ ယူတို့ အမြန်ပဲ ကျန်းမာခြင်းနဲ့အတူ ဝလာနိုင်ပါစေနော်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 22/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement