လမ်းလျှောက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

မင်္ဂလာပါ

Hello ဆရာဝန်စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခါမှာတော့ လမ်းလျှောက်ခြင်းရဲ့ အကျိုးကျေးဇူး တွေကို ဖော်ပြပေးမှာပါ ။ ဒီစာရေးနိုင်ဖို့အတွက် စာရေးသူလည်း တစ်နေ့ ခြေလှမ်း ၉ထောင် ကျော် goal လုပ်ပြီး လျှောက်ခဲ့ရတာ ဖြစ်တဲ့အတွက် အတွေ့အကြုံနဲ့ ယှဉ်ပြီး ပြောပြသွားမှာပါ ။

အားလုံးသိတဲ့အတိုင်းပဲ လမ်းလျှောက်တယ်ဆိုတာ အခမဲ့နဲ့ အကျိုးအရှိဆုံး အားကစားတစ်ခုဖြစ်ပါတယ် ။ အသက်အရွယ်မရွေး လူတိုင်းပြုလုပ်နိုင်တဲ့ အားကစားပါ ။ လမ်းလျှောက်ခြင်းရဲ့ ကောင်းကျိုးတွေကတော့

ကယ်လိုရီ အဆီများ လောင်ကျွမ်းစေခြင်း

ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့ ကယ်လိုရီတွေ ကုန်ဆုံးစေတဲ့အတွက် ကိုယ်အလေးချိန် ထိန်းသိမ်းနေချင်နေတဲ့လူတွေအတွက် သင့်တော်ပါတယ် ။ စာရေးသူကိုယ်တိုင်လည်း ဗိုက်အဆီကျသွားတာကို လက်တွေ့ခံစားရတဲ့အတွက် ပျော်မိပါတယ် ။ ကယ်လိုရီ လောင်ကျွမ်းတယ်ဆိုတာ လမ်းလျှောက်တဲ့ အရှိန် ၊ အကွာအဝေး ၊ နဂိုကိုယ်အလေးချိန်တွေ ပေါ်မူတည်ပြီး ကွာခြားပါတယ်။

နှလုံးကို ကြံ့ခိုင်စေပါတယ်

စစ်တမ်းတွေအရ တစ်နေ့ကို မိနစ် ၃၀၊ တစ်ပတ် ၅ရက်ခန့် လမ်းလျှောက်ခြင်းက နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ချေကို ၁၉ ရာခိုင်နှုန်းအထိ ချပေးပါတယ် ။ လမ်းများများလျှောက်နိုင်လေလေ နှလုံးကျန်းမာရေး ပိုကောင်းလေပါ ။

ဆီးချို ကျစေပါတယ်

ဆီးချိုသမားတွေအတွက် သတင်းကောင်းတစ်ခုပါ ။ အစာစားပြီးချိန်မှာ လမ်းလျှောက်ခြင်းက သွေးတွင်းအချိုဓါတ်ကို ကျစေပါတယ် ။ ဆီးချို‌ဝေဒနာရှင်တွေအတွက် တစ်နေ့ ၄၅မိနစ် တစ်ခါတည်း လမ်းလျှောက်တာထက် မနက်စာ ၊ နေ့လည်စာနဲ့ ညစာ စားပြီး ၁၅မိနစ်ဆီ လမ်းလျှောက်တာက ပိုပြီး သင့်တော်ပါလိမ့်မယ်။

အဆစ်အမြစ်ကိုက်ခဲတာ သက်သာခြင်း

လမ်းလျှောက်တဲ့အခါမှာ ကြွက်သားတွေ သန်မာလာတဲ့အတွက် ဆက်စပ်နေတဲ့ အရိုးတွေပါ အားကောင်းလာပါတယ် ။ ဒါ့အပြင် ချောဆီသဘောမျိုး ဆောင်တဲ့အတွက် အဆစ်အမြစ်တွေကိုက်ခဲနေတဲ့ ဝေဒနာရှင်တွေအတွက် လမ်းလျှောက်ခြင်းက ကုထုံးတမျိုးဖြစ်မှာပါ ။

ခုခံအားတက်စေပါတယ်

ဝူဟန်ဗိုင်းရပ်စ်လိုမျိုး ရောဂါပိုးတွေ ပျံ့နှံ့နေချိန်မှာ ကိုယ်က ခုခံအားကောင်းထားဖို့ လိုအပ်ပါတယ် ။ ‌သုတေသနပြုလုပ်ချက်တွေအရ လမ်းပုံမှန်လျှောက်နေကျ လူတွေဟာ တခြားသူတွေထက် ဖျားနာခြင်းနည်းသလို တကယ်လို့ဖျား‌နာခဲ့ရင်လည်း ရောဂါလက္ခဏာ မြန်မြန်သက်သာစေပါတယ် ။

နောက်ထပ်တစ်ခုကတော့ သင့်စိတ်ပျော်ရွှင်စေတာပါ။ စာရေးသူကိုယ်တိုင်လည်း လမ်းမလျှောက်ခင်က ကိုယ်ရေးကိုယ်တာ ကိစ္စတွေကြောင့် စိတ်မပျော်မရွှင်ဖြစ်ခဲ့တာပါ ။ လမ်းလျှောက်တဲ့အခါမှာတော့ ခုနက စိတ်ညစ်နေတဲ့ ကိစ္စတွေကို မေ့ထားနိုင်တဲ့အတွက် စိတ်‌ပေါ့ပါးသွားသလို စိတ်ဓါတ်ကျခြင်းကိုလည်း သက်သာစေနိုင်ပါတယ် ။

ဒါ့ကြောင့်လည်း လမ်းလျှောက်လို့ ချွေးလေးစို့အပြီးမှာ စိတ်ကြည်လာတဲ့အတွက် ကိုယ်ဘက်က ဘာတွေလိုအပ်နေလဲ ၊ ပြဿနာတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို တွေ့မြင်လာနိုင်တဲ့ ကျိုးကြောင်းဆီလျော်စဉ်းစားနိုင်စွမ်းကိုပါ ရမှာ အသေအချာပါပဲ ။

နောက်ဆုံးနဲ့ အရေးအကြီးဆုံးတစ်ချက်ကတော့ အသက်ကိုပိုရှည်စေတာပါပဲ ။ ကျန်းမာရေးကောင်းကျိုးတွေ များလှတဲ့အတွက် သင့်ကျန်းမာရေး အထူးသဖြင့် နှလုံး‌သွေးကြောနဲ့ သက်ဆိုင်တဲ့ ရောဂါတွေကို ကာကွယ်ပြီးသား ဖြစ်နေမှာပါ ။ ကျွန်တော်ကိုယ်တိုင်လည်း အရင်ကထက် အမောပိုခံလာ ၊ သက်လုံပိုကောင်းပြီး ကျန်းမာလာတာ ဖြစ်တဲ့အတွက် စာဖတ်ပရိသတ်များကို ဝေမျှ လိုက်ရပါတယ်။

အားလုံးပဲ ကျန်းမာကြပါစေ

ရေးသားသူ – Dr.Aung Kyaw Myint

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ခြေစွယ် လက်စွယ်ငုပ် ခြင်းအတွက် အိမ်တွင်းနည်းလမ်းများ

ခြေစွယ် လက်စွယ်ငုပ် တာက သာမန်ပဲ၊ ပိုးဝင်ရောင်ရမ်းတာ မရှိဘူးဆိုရင် အောက်ကနည်းလမ်းတွေနဲ့ စမ်းကြည့်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win

ခြေစွယ် လက်စွယ်ငုပ် ရတဲ့ အကြောင်းရင်းများ

ခြေစွယ် လက်စွယ်ငုပ် တာက အဖြစ်များတဲ့ ပြဿနာ တစ်ခုပါ။ အပြင်ကို ရှည်ထွက်လာရမယ့်အစား အတွင်းထဲကို ဝင်သွားရင် ခြေစွယ် လက်စွယ်ငုပ်တယ်လို့ ခေါ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win

ကိုဗစ်ရှိ နေတာ မသိဘဲ ကာကွယ်ဆေးထိုးလိုက်မိပြီလား။

ကိုဗစ်ရှိ ရှိနေရင် ကာကွယ်ဆေး မထိုးရဘူးဆိုတာ သိထားပြီးသားပါ။ ဒါပေမယ့် လက္ခဏာ မပြလို့ ဖြစ်နေတာကို မသိဘဲ ထိုးလိုက်မိရင်ရော ဘာဖြစ်သွားနိုင်လဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win

ကိုဗစ် ကာကွယ်ဆေး နဲ့ ပတ်သက်တဲ့ အမှန်အမှားများ

ကိုဗစ် ကာကွယ်ဆေး ထိုးမယ်ဆို ကာကွယ်ဆေးအကြောင်းတင် မကပါဘူး။ ဆေးနဲ့ ပတ်သက်တဲ့ မဟုတ်တဲ့ သတင်းကိုပါ သိထားသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

နှလုံးကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 10, 2021 . 2 mins read
ကိုဗစ်လူနာ ကုသရေးမှာ အရေးပါတဲ့ အာဟာရ

ကိုဗစ်လူနာ ကုသရေးမှာ အရေးပါတဲ့ အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 7, 2021 . 3 mins read
ရေညှိညို စားရင်းရမယ့် ကျန်းမာရေး

ရေညှိညို စားရင်းရမယ့် ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 6, 2021 . 1 min read
အင်ဆူလင် နှင့် အလွဲများ

အင်ဆူလင် နှင့် အလွဲများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 1, 2021 . 2 mins read