backup og meta

ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ယောဂပုံစံများနှင့် အစားအစာများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်အလေးချိန်လျှော့ချဖို့အတွက် ယောဂပုံစံများနှင့် အစားအစာများ

    ကိုယ်အလေးချိန်ကျခြင်းဟာ လူအတော်များများအတွက် အတော်ကို ကြိုးစားရတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကို ကျအောင်ကြိုးစားရတာ၊ ထိန်းထားရတာနဲ့ ကျန်းမာပြီး အရသာရှိတဲ့ အစားအစာတွေကို စားရတာဟာ မလွယ်ကူလှပါဘူး။

    ကိုယ်အလေးချိန်လျှော့ဖို့အတွက် ကြုံရတဲ့ အခက်အခဲတစ်ခုကတော့ ကိုယ်တိုင်လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုကို ရှာဖွေရတာပါပဲ။ ယောဂဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်ထဲက ရှိခဲ့ပြီးတော့ အေရိုးဗစ် လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ သူဟာ သွေးလှည့်ပတ်မှု တိုးတက်စေခြင်း၊ ကြွက်သားတွေကို ဆန့်ပေးခြင်းနဲ့ ကိုယ်အလေးချိန် လျော့ကျခြင်းတို့ကိုတောင် အားပေးနိုင်ပါတယ်။

    ယောဂလေ့ကျင့်ခန်းဟာ ကိုယ်ခန္ဓာမှာ ရှိတဲ့ ကြွက်သားတွေကို ပုံစံအမျိုးမျိုးနဲ့ ပစ်မှတ်ထားပြီးတော့ ပျော့ပျောင်းမှုနဲ့ အားအင်တွေကို တဖြည်းဖြည်းခြင်း ရရှိလာစေပါတယ်။

    တကယ်တမ်းတော့ ကျော်ကြားသူတွေဟာ ယောဂကို ကိုယ်အလေးချိန်လျှော့ဖို့အတွက် ကစားကြပါတယ်။ ဒါဟာ ထိရောက်မှုရှိပြီး နေ့စဉ်လုပ်ဖို့လဲ လွယ်ကူပါတယ်။

    ယောဂကို လေ့ကျင့်ခန်းအဖြစ် ယူဆခြင်းမရှိကြပဲ ကိုယ်ခန္ဓာအနှံ့မှာ ဆက်ကြောင်းတွေ အများကြီးဖွင့်လိုက်တာနဲ့ ပိုတူပါတယ်။

    ဒါပေမယ့် ယောဂပြုလုပ်ခြင်းဟာ ကယ်လိုရီအမြောက်အမြားကို ဖြည်းညင်းစွာ လောင်ကျွမ်းစေပါတယ်။

    ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေဟာ အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ဆဲလ်တွေထဲကို စီးဆင်းမှုကို အားပေးပြီး အစာခြေဖျက်ခြင်းကိုပါ ကူညီပေးပါတယ်။

    ယောဂ အစားအစာဟာလည်း အသီးအရွက်ကို အခြေခံထားပြီး ကိုယ်ခန္ဓာနဲ့ တစ်သားတည်းဖြစ်စေဖို့ ရည်ရွယ်ပါတယ်။

    ယောဂလေ့ကျင့်ပုံတွေကို လေ့ကျင့်ပြီး (သို့) မလေ့ကျင့်ခင်မှာ ကိုယ်ခန္ဓာလိုအပ်ချက်တွေကို ဖြည့်စွမ်းပေးနိုင်တဲ့ ယောဂအစားအသောက်တွေက အများကြီး အထောက်အကူပြုပါတယ်။

    ယောဂအစားအသောက်များ

    American Journal of Medicine က ယောဂဟာ အပန်းပြေဖို့နဲ့ စိတ်ဖိစီးမှုလျှော့ချဖို့ကို အဓိကထားတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပါတယ်လို့ ဆိုပါတယ်။ စိတ်ဖိစီးမှု လျှော့ချခြင်းဟာ ကိုယ်ခန္ဓာအတွင်းမှာ ဗိုက်အဆီထွက်ခြင်းကို ဖြစ်စေတဲ့ cortisol ပမာဏကို လျှော့ချပေးပါတယ်။

    ယောဂ အစားအသောက်တွေဟာ ကိုယ်ခန္ဓာရဲ့ သဘာဝအတိုင်း အစာခြေနိုင်စွမ်းနဲ့ မရှိမဖြစ်တဲ့ ပါဝင်ပစ္စည်းတွေကို စုပ်ယူခြင်းကို အဓိကထားပါတယ်။

    ဒီရည်ရွယ်ချက်ကြောင့် အစားအသောက်ဟာ လက်ဖက်ရည်၊ အသီးအရွက်အရည်နဲ့ ရေအမြောက်အမြား သောက်သုံးခြင်းကို အားပေးပြီး ဆဲလ်တွေကို ရေဓာတ်ဖြည့်တင်းပေးပါတယ်။

    အသီးနဲ့ အုတ်ဂျုံနဲ့ ပြုလုပ်တဲ့အစားအစာတွေကို မနက်ပိုင်းမှာ စားပြီး အစာတွေကြား အချိန်ကြာမြင့်အောင် ထိန်းပေးကာ ကိုယ်ခန္ဓာအတွက် အစာခြေဖျက်ဖို့လိုအပ်တဲ့ ကြာချိန်ကို ပေးစွမ်းပါတယ်။

    ဒီလိုအစားအသောက်ပုံစံမျိုးဟာ အားအင်တိုးတက်စေပြီး ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိရှိပါတယ်။

    အသီးအရွက်စိမ်း၊ လတ်ဆတ်တဲ့အသီး၊ သစ်ဥသစ်ဖုတွေနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေမှာ တွေ့ရတဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိဟာ free radicals တွေနဲ့ အစာစားပြီး ကိုယ်ခန္ဓာအတွင်းမှာ ကျန်နေတဲ့ အဆီတွေကို သန့်စင်ပေးပါတယ်။

    Deakin University in Australia က သုတေသီတွေက နေ့စဉ် ယောဂပြုလုပ်ခြင်းဟာ အစာစားချင်စိတ်ကိုနည်းပါးစေပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ စားသုံးခြင်းကို လျော့ကျစေပါတယ်လို့ဆိုပါတယ်။

    ယောဂ လေ့ကျင့်ခြင်းဟာ မကောင်းတဲ့အကျင့်ဆိုးတွေကို ဖယ်ရှားပေးပြီး ကောင်းမွန်တာတွေကို ဖြစ်ပေါ်စေကာ ကိုယ်အလေးချိန်ကို လျှော့ချပေးပါတယ်။ အကြမ်းထည် အစားအသောက်တွေနဲ့ သဘာဝအရာတွေဟာ ကိုယ်ခံအားကို မြှင့်တင်ပေးပြီး အဆီတွေကို ပျော်ကျစေပါတယ်။

    နေ့စဉ် ယောဂလေ့ကျင့်တဲ့အခါ ယောဂပုံစံတွေဟာ ကိုယ်ခန္ဓာအနှံ့က ကြွက်သားတွေကို သန်မာစေပြီး ရောက်ရန်ခက်ခဲတဲ့ နေရာတွေက ကယ်လိုရီတွေကိုတောင် လောင်ကျွမ်းစေပါတယ်။

    ကိုယ်အလေးချိန်ကျစေဖို့ ယောဂပုံစံ

    ယောဂလေ့ကျင့်စဉ် ကိုယ်နေဟန်ထားဟာ အချိန်အကြာကြီး နေရခြင်းဖြစ်ပြီး ကိုယ်ခန္ဓာက ကြွက်သားတွေရဲ့ သန်မာမှုကို စမ်းသပ်နေခြင်းပဲ ဖြစ်ပါတယ်။

    Vinyasa yoga ဟာ အပြင်းဆုံး ယောဂတစ်မျိုးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ကိုယ်အလေးချိန်လျော့ကျဖို့ ပြုလုပ်တဲ့ လေ့ကျင့်ခန်းနဲ့ တူညီလို့ပါပဲ။ ကိုယ်ခန္ဓာရဲ့ အဓိကကြွက်သားတွေကို ကိုယ်ခန္ဓာကို ထိန်းညှိပေးဖို့ လိုအပ်ပြီး အောက်ဆီဂျင်ပိုရဖို့ ပြင်းထန်တဲ့ အသက်ရှူမှုကို လည်း အာရုံထားဖို့ လိုအပ်ပါတယ်။

    ယောဂဟာ ကိုယ်ခန္ဓာရဲ့ အင်အားနဲ့ ခြေထောက်၊လက်တွေရဲ့ အားကိုပါ အဓိကထားတာ ဖြစ်ပါတယ်။

    မှန်ကန်တဲ့ ကိုယ်နေဟန်ထားကို ရှာတွေ့ဖို့က ခက်ခဲပေမယ့် ကိုယ်နဲ့ ကိုက်ညီတာကို ရှာတွေ့မယ်ဆိုရင် ဒါကို ပုံမှန်အတိုင်း ဆက်လုပ်ရုံပါပဲ။

    အစွမ်းအထက်ဆုံး ကိုယ်နေဟန်ထားတစ်ခုကတော့ Chaturanga ဖြစ်ပြီး ဒိုက်ထိုးသလို ပုံစံကို စက္ကန့်သုံးဆယ် (သို့) ပိုပြီး ထားရမှာဖြစ်ပါတယ်။

    ခြေထောက်တွေရော ကိုယ်ခန္ဓာရောပါ တစ်ပြိုင်နက်လုပ်ရတဲ့ နောက်ကိုယ်နေဟန်ထားတစ်ခုကတော့ crescent lunges လို့ခေါ်ပြီး ဒူးခေါင်းတစ်ဖက်ကို ၉၀ ဒီဂရီကွေးထားပြီး တခြားတစ်ဖက်ကို ဆန့်ထားပါ။ ဒီကိုယ်နေဟန်ဟာ လက်မောင်းတွေကို ခေါင်းအပေါ်မှာ တတ်နိုင်သမျှ ဆန့်ထုတ်နေတာကြောင့် ခြေထောက်တွေနဲ့ ကိုယ်ခန္ဓာကို ဆန့်ထုတ်ပေးပါတယ်။

    Vinsaya yoga မှာ အားအင်တွေအကုန်လုံးကို ရှုပ်ထွေးတဲ့ ကိုယ်နေဟန်မှာ ငြိမ်အောင်နေခြင်းမှာ အသုံးပြုပါတယ်။

    သင်ဟာ ကြွက်သားတွေရဲ့ မာကျောမှုနဲ့ မလိုချင်တဲ့အဆီတွေကို လောင်ကျွမ်းစေဖို့ လေ့ကျင့်နေရုံသာမက restorative yoga ဟာ သင့်ကို ကိုယ်နေဟန်တွေမှာ အချိန်အကြာကြီး ရှိနေစေပြီး ကိုယ်အလေးချိန်ကျဆင်းစေပါတယ်။

    နေ့စဉ်လေ့ကျင့်သူတွေဟာ ကိုယ်အလေးချိန်ကျနိုင်ပြီး နောက်ဆုံးမှာ ကိုယ်နဲ့သင့်တော်တဲ့ ကိုယ်အလေးချိန်လဲ တက်နိုင်ပါတယ်။ အဓိကကတော့ ကြွက်သားတက်လာတာကြောင့်ပါ။

    Yoga diet ကို စားသုံးခြင်းဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး ကိုယ်အလေးချိန်တိုးစေပါတယ်။ ကြွက်သားတွေကို ဆန့်ထုတ်ခြင်းဟာ ကိုယ်အလေးချိန်ကို ကျဆင်းစေတာမို့ ယေဘုယျကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement