သင့်ရဲ့ တနေ့တာလှုပ်ရှားမှုတွေအတွက် လုံလောက်တဲ့ ကယ်လိုရီနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ လိုပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းမလုပ်မီ တော့ သိပ်အများကြီး စားဖို့ မလိုအပ်ဘဲ အဆာပြေသဘောလောက်သာ စားသင့်ပါတယ်။
Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)
သင့်ရဲ့ တနေ့တာလှုပ်ရှားမှုတွေအတွက် လုံလောက်တဲ့ ကယ်လိုရီနဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ လိုပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းမလုပ်မီ တော့ သိပ်အများကြီး စားဖို့ မလိုအပ်ဘဲ အဆာပြေသဘောလောက်သာ စားသင့်ပါတယ်။
စားတဲ့အခါမှာလည်း သင့်တော်တဲ့ အစားအသောက်ကို ရွေးချယ်မှ အထောက်အကူဖြစ်ပါလိမ့်မယ်။ လေ့ကျင့်ခန်းမစမီ ခန္ဓာကိုယ်မှာ ရေဓာတ်ပြည့်ဝနေဖို့ အရေးကြီးပါတယ်။ ကျွမ်းကျင်သူတွေကတော့ လေ့ကျင့်ခန်းမလုပ်မီ ရေ ၅၀၀ မီလီလီတာ (ရေသန့်ဗူးကြီးတစ်ဝက်) လောက် သောက်ထားသင့်တယ်လို့ အကြံပေးထားပါတယ်။
အဆီဓာတ်ပါဝင်မှု နည်းတဲ့ အစားအစာ (ကယ်လိုရီ ၁၀၀ – ၃၀၀) ရှိတဲ့ အစားအသောက်က အသားဓာတ်နဲ့ ကစီဓာတ်ကို ပြည့်ဝစေနိုင်ပါတယ်။ ကစီဓာတ်က စွမ်းအင်ပေးပါတယ်။ အသားဓာတ်ကတော့ ကြွက်သားတည်ဆောက်မှုမှာ အရေးပါပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းမလုပ်မီ ဒါလေးတွေ စားပေးလို့ ရပါတယ်။
အဆီများတာ ဒါမှမဟုတ် အမျှင်ဓာတ်များတဲ့ အစားအသောက်တွေက ဗိုက်နာခြင်းကို ဖြစ်စေနိုင်ပြီး လေ့ကျင့်ခန်းလုပ်ဖို့အတွက် စွမ်းအင်အများကြီး မရရှိတဲ့အတွက် သင်ခန္ဓာကိုယ် လေးလံထိုင်းမှိုင်းနေနိုင်ပါတယ်။
ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ကျန်းမာရေးကို ကောင်းမွန်စေတယ်ဆိုပေမယ့် ထိရောက်တဲ့ ရလဒ်တွေကို ရရှိစေဖို့ဆိုရင်တော့ အစားအသောက်ပိုင်းကိုလည်း သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။
အခုပြောပြခဲ့တဲ့ ကိုယ်လက် လေ့ကျင့်ခန်းမစမီ စားသင့်တာ၊ မစားသင့်တာလေးတွေကို သေချာလေး ဂရုစိုက် စားသောက်စေလို့ ကျန်းမာသွက်လက်တဲ့ နေ့စဉ်ဘဝကို ဖြတ်သန်း လိုက်ပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။