backup og meta

ပြေးနေစဉ် ကြွက်တက်ခြင်းကို ဘယ်လိုကာကွယ်မလဲ


Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပြေးနေစဉ် ကြွက်တက်ခြင်းကို ဘယ်လိုကာကွယ်မလဲ

    ပြေးလွှားနေချိန်မှာ ကြွက်တက်ခြင်း ဖြစ်လာပြီဆိုရင်

    အထူးသဖြင့် အပြေးသမားတွေအတွက် ကြွက်တက်ခြင်းဟာ ဆိုးရွားတဲ့ အိပ်မက်တစ်ခုပါ။ သင်ဟာ ပြီးမြောက်အောင်မြင်ဖို့ ၅မီတာသာ လိုတော့တယ်လို့ စဉ်းစားကြည့်လိုက်ပါ။ အဲဒီအချိန်မှာ သင့်ရဲ့ ညာခြေထောက်က ထူးဆန်းစွာစတင်ပြုမူလာပြီဆိုပါစို့။ သင့်ခြေထောက် ကြွက်သားတွေ တောက်လျောက် ကြွက်တက်နေပြီး ခြေထောက်မှာ တစ်ခုခုဖြစ်နေပြီလားဆိုတဲ့ကြောက်စိတ်နဲ့ တစ်သက်လုံး ဒုက္ခွတဘ၀ ဖြစ်သွားမလားဆိုတဲ့ စိတ်ဖြစ်နေတတ်ပါတယ်။

    အဲဒါက ကြောက်စရာကောင်းတဲ့ အတွေးတစ်ခုပါ။ ဒါပေမယ့်လည်း ကြွက်တက်တယ်ဆိုတာဟာ အဖြစ်များ တဲ့ အခြေအနေတစ်ခုဖြစ်ပြီး လူတိုင်းရဲ့ ဘဝမှာ အနည်းဆုံးတစ်ကြိမ်တစ်ခါ လောက်တွေ့ကြုံရလေ့ရှိပါတယ်။ ဘယ်လောက်ပဲ သက်တောင့်သက်သာရှိတဲ့ မွေ့ရာမှာ ဖြစ်စေ (သို့) ပွဲကြည့်စဉ် ၊တီဗီ ဖန်သားပြင်မှ ကြည့်ရှုသူများပြားနေတဲ့ ပြိုင်ပွဲ အတွင်းမှာ ဖြစ်စေ ဆိုးရွားပြင်းထန်တဲ့ ကြွက်သားတွေကို လိမ်ထား သလို ခံစားချက်မျိုး ဖြစ်နိုင်ပါတယ်။

    အဲလိုဖြစ်တာက ခန္ဓါကိုယ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုပါပဲ။ ဒီလို ကြွက်တက်တာကို လုံး၀ ကာကွယ်နိုင်အောင် (သို့) ကုသနိုင်အောင် သိပံ နည်းလမ်းကျကျ ဖြေရှင်းနိုင်ခြင်း မရှိသေးပေမယ့် ဒီလို ကံမကောင်းပဲကြွက်တက်ခြင်းဖြစ်လာ မယ်ဆိုရင် ကူညီနိုင်မယ့် နည်းလမ်းလေးတွေတော့ ရှိတဲ့အတွက် ဖြစ်ပွားပြီးတဲ့နောက်မှာ ပုံမှန်ပြန်လည် လှုပ်ရှားလေ့ကျင့်နိုင်ဖို့ မျှော်လင့်ချက်တွေရှိပါတယ်။

    ပထဆုံးအနေနဲ့ ကြွက်တက်ခြင်း နဲ့ ပတ်သတ်ပြီး အနည်းငယ်လေ့လာကြည့်ကြပါစို့။ ရေဓါတ်ခမ်းခြောက်ခြင်း၊ electrolyte သတ္တုဓါတ်တွေ ဆုံးရှုံခြင်း၊ ဆားဓါတ်ဆုံးရှုံးခြင်း ၊ ကြွက်သားပင်ပန်းနွမ်းနယ်ခြင်း တို့အပြင် ဘာတွေက ကြွက်တက်ခြင်းကို ဖြစ်စေနိုင်တယ်ဆိုတဲ့ အချက်တွေ အများကြီးရှိတဲ့ အထဲမှာမှ ကြွက်သားပင်ပန်းနွမ်းနယ်ခြင်းဟာ ကြွက်တက်ခြင်းကို ဖြစ်စေနိုင်တယ်လို့ အများဆုံး ယုံကြည်ကြပါတယ်။

    အခြားအချက်တွေကတော့ အမှန်တကယ် တိုက်ရိုက်ဖြစ်စေတာတွေ မဟုတ်ဘဲ ဆက်စပ်မှုရှိတာတွေသာ ဖြစ်တယ်လို့ ထင်ကြပါတယ်။ ကြွက်သားပင်ပန်းနွမ်းနယ် ခြင်းဟာ လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာေ ကြာင့် (သို့) သင်ဟာ ပြေးသင့်တာထက်ပိုပြေးလို့ ဖြစ်နိုင်ပါတယ်။ တစ်နည်းအားဖြင့် သင်ဟာ သင့်ကြွက်သားတွေကို ပင်ပန်းစေနိုင်တဲ့လေ့ကျင့်ခန်းတွေ အလွန်အကျွံလုပ်ဆောင်ပါက ကြွက်တက်ခြင်း ဖြစ်နိုင်ချေကို လည်းပိုများ စေနိုင်ပါတယ်။

    ကြွက်တက်ခြင်း မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ?

    သင်လေ့ကျင့်ချင်တဲ့ ပမာဏကို သင့် ခန္ဓါကိုယ်က ခံနိုင်ရည်ရှိအောင် ကျင့်သားရလာအောင် တဖြည်းဖြည်း လေ့ကျင့်ပေးခြင်းက ကြွက်တက်ခြင်း မဖြစ်လာအောင် ကူညီနိုင်ပါတယ်။ ဆိုလိုတာက သင့် ခန္ဓါကိုယ်ကို လေ့ကျင့်တဲ့အခါ ပုံမှန်အခြေခံနဲ့ တဖြည်းဖြည်း တိုးတိုးပြီး လေ့ကျင့်လုပ်ဆောင်ရပါမယ်။

    ဥပမာ- သင်က ၅မိုင်ပြေးချင်တယ်ဆိုရင်တော့ စစချင်းမှာ ၁မိုင်၊ ၂မိုင်လောက်က စတင်ပြီး တဖြည်းဖြည်း အပတ်စဉ်(သို့) လစဉ် အကွာအဝေး အနည်းငယ် ပို ပိုပြေးတာမျိုး လုပ်ဆောင်ရပါမယ်။ ဒါ့အပြင် အကြောလျှော့တာကိုလည်း လုပ်ဆောင်ဖို့ မမေ့ပါနဲ့။

    အကြောလျှော့ ခြင်းဟာ သင့်ကြွက်သားတွေ အတွက် မပြေးခင်မှာ ကြိုတင် ပြင်ဆင်ပေးတာပါပဲ။ သေသေချာချာ အကြောလျှော့လေ့ကျင့်ခန်း လုပ်ဆောင်တာက သင့်ကို အကြာကြီး ကြွက်တက်ခြင်း မဖြစ်ပဲ ပြေးနိုင်အောင် ကူညီပေးနိုင်မှာပါ။

    ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ပြေးနေတုန်းကြွက်တက်ခဲ့ရင် ဘာတွေ လုပ်ဆောင်သင့်ပါသလဲ။ ခြေထောက်ကိုကိုင်ထားခြင်း၊ ရှိခိုး ဆုတောင်းခြင်း၊ အော်ဟစ်နေခြင်းတွေက အကျိုးမရှိစေနိုင်ပါဘူး။ သင်တစ်ကယ်လုပ်ဆောင်သင့်တာကတော့ ပြေးတာကိုရပ်ပြီး အသက်ပြင်းပြင်ရှု၊ ပြီးတဲ့ခါမှာ စတင်ပြီး အကြောလျှော့ခြင်းကို လုပ်ဆောင်သင့်ပါတယ်။

    ကြွက်တက်တယ်ဆိုတာဟာ သင့်ကြွက်သားတွေက အရမ်းပင်ပန်း နွမ်းနယ်နေတဲ့အတွက် ကျုံ့နေတာကို မဖြေလျော့နိုင်တာကြောင့် ဖြစ်ရတာပါ။ ဒါကြောင့် သင်ဟာ သင့်ခန္ဓါကိုယ်အတွက် တာဝန်ရှိသူတစ်ယောက် အနေနဲ့ သင့် ကြွက်သားလေးတွေကို မဖြစ်မနေ ကူညီရပါမယ်။ အရေးပေါ် လူသိများတဲ့ အကြောလျှော့လေ့ကျင့်ခန်းတစ်ချို့ကတော့ ကြွက်တက်နေတဲ့ ခြေထောက်ရဲ့ ခြေသလုံးကြွက်သားတွေကို ညင်ညင်သာသာ နှိပ်နယ်ပေးပြီး ၊ အဲဒီခြေထောက်ကို အကြောလျှော့တဲ့ အနေအထားနဲ့ ကြွက်တက်တာ မပြေသွားမချင်း မိနစ်အနည်းငယ်ထား ထားပေးရပါမယ်။

    သင့်အနားမှာ သူငယ်ချင်းတစ်ယောက်ရှိနေတယ်ဆိုရင် သူ့ကို သင့်ခြေထောက်ကိုဆန့်နေအောင်မြှောက်ကိုင်ခိုင်းထား လို့ရပါတယ်။

    ကြွက်တက်ခြင်းကို ဘာတွေကဖြစ်စေတယ်ဆိုတာ နားလည်ထားရင် ကြွက်တက်ခြင်း မဖြစ်အောင် ကာကွယ်ဖို့လွယ်ကူပါတယ်။ အပေါ်မှာ ဖော်ပြခဲတဲ့အတိုင်း ဒီလို စိတ်ညစ်စရာ၊ စိတ်ရှုပ်စရာကောင်းတဲ့ အခြေအနေတစ်ခုကို ကာကွယ်ဖို့ အကောင်းဆုံးနည်းကတော့ အချိန်ယူပြီး လေ့ကျင့်ပေးဖို့ပါပဲ။

    သင် ခန္ဓါကိုယ် အချိုးအစားလှပချင်၊ ဆွဲဆောင်မှုရှိချင်တာနဲ့ပဲ အလွန်အကျွံ အများကြီး လေ့ကျင့်တာမျိုး မလုပ်ပါနဲ့။ ပြေးလွှားခြင်းသာမက အခြားအရာအားလုံးကိုလည်း အလျှင်အမြန် အလောတကြီး လုပ်ဆောင်ခြင်းက ဘယ်တော့မှ ကောင်းတာတွေ ဖြစ်လာစေနိုင်မှာ မဟုတ်ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement