backup og meta

ယောဂကြောင့်ဖြစ်လာနိုင်သည့် အန္တရာယ်များကို မိမိအမျိုးသမီးအား ကူညီစီမံပေးခြင်း


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ယောဂကြောင့်ဖြစ်လာနိုင်သည့် အန္တရာယ်များကို မိမိအမျိုးသမီးအား ကူညီစီမံပေးခြင်း

    ယနေ့ခေတ်တွင် အမျိုးသမီးများသည် လေ့ကျင့်ခန်းမျိုးစုံများကြားမှ ရုပ်ရောစိတ်ပါကျန်းမာစေသည့် ယောဂကို ပိုရွေးချယ်လေ့ ရှိကြပါသည်။ ယောဂကျင့်ခြင်းသည် သင့်အမျိုးသမီးကို ပျော့ပြောင်းနေစေရန် ကိုယ်အလေးချိန်ပုံမှန်ရှိစေရန် ဖိစီးမှုနည်းစေရန် နုပျိုနေစေရန် အကူအညီပေးနိုင်ပါသည်။

    အကျိုးများစွာ ရှိသော်လည်း ပြသသူမရှိပဲ ပြင်းပြင်းထန်ထန် လုပ်မိလျှင် သင့်အမျိုးသမီးအတွက် အန္တရာယ်ရှိနိုင်ပါသည်။ အောက်ပါအကြံဉာဏ်တို့သည် ယောဂမှဖြစ်လာနိုင်သည့် အန္တရာယ်များအတွက် သင့်အမျိုးသမီးကို အကူအညီပြုနိုင်မည့် နည်းလမ်းကောင်းများဖြစ်ပါသည်။

    ကျွမ်းကျင်သူဆရာမှ ညွှန်ကြားချက်ဖြင့်သာ ဖြည်းဖြည်းချင်း လေ့ကျင့်ပါစေ

    တော်သောယောဂဆရာကို စိတ်ချရသူများထံမှ စုံစမ်းပါ။ ကောင်းကောင်းလေ့ကျင့်ထားသည့် ဆရာထံမှ ညွှန်ကြားချက်များကို လိုက်နာခြင်းသည် အန္တရာယ်အကင်းဆုံးပင်။ ဆရာမှ သင့်အမျိုးသမီး၏ လှုပ်ရှားပုံနှင့် ပုံစံအနေအထားများ မှန်ကန်စေရန် လမ်းညွှန်ပေးပြီး ထိခိုက်ဒဏ်ရာ မဖြစ်စေရန် ကူညီပေးနိုင်ပါသည်။

    ယောဂမလေ့ကျင့်ခင် သူမ၏ကျန်းမာရေးပြဿနာများနှုင့် အရင်ချိန်ဆပါ

    သူမတွင် ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေပါက ဆရာဝန် သို့မဟုတ် လမ်းညွှန်ကို ပြောပြတိုင်ပင်ပါ။

    · ကိုယ်ဝန် – သင့်အမျိုးသမီး၌ ကိုယ်ဝန်ရှိနေလျှင် ကလေးကိုကာကွယ်ရန်အတွက် မလုပ်ရမည့် ပုံစံအနေအထားများ ရှိပါသည်။

    · သွေးတိုးရှိလျှင်

    · မျက်စိရေတိမ်ရှိလျှင် – ဤရောဂါသည် အမြင်အာရုံကို ထိခိုက်စေနိုင်ပြီး မျက်လုံးအတွင်း ဖိအားများခြင်းကြောင်း အာရုံကြောများ ထိခိုက်ခြင်းမှ ဖြစ်ရပါသည်။ တစ်ချို့သော ယောဂပုံစံများသည် ထိုအခြေအနေကို ပိုဆိုးစေနိုင်၏။

    · ကိုယ်ဟန်မထိန်းနိုင်သည့် ကမောက်ကမရောဂါများ

    · Sciatica – ခြေထောက် ဘေးဖက်၊ တင်ပါးနှင့် နောက်ကျော နာကျင်ခြင်း

    · ပြင်းထန်သော အရိုးပွရောဂါ – အရိုးများကို အားနည်းစေပြီး ကျိုးလွယ်ပါသည်။

    · သွေးခဲရောဂါများ – ထိုအခြေအနေသည် ခန္ဓါကိုယ်အား ဖိစီးမှုဖြစ်စေနိုင်သည် ပျောက်ကင်းရန် အတော်ကြာတတ်ပါသည်။ သင့်အမျိုးသမီးတွင် ထိုရောဂါမျိုးရှိနေပါက လှုပ်လှုပ်ရှားရှားလုပ်ရသည်များကို ရှောင်သင့်ပါသည်။ မဟုတ်လျှင် သွေးခဲပြုတ်ထွက်ပြီး အန္တရာယ်ဖြစ်စေနိုင်ပါသည်။

    သူမတွင် အထက်ပါတို့ရှိနေပါက သီးသန့်သင်တန်းမျိုး တစ်ကြိမ်နှစ်ကြိမ်အရင်ယူခိုင်းပါ။ ထိုမှသာ သူမလိုအပ်ချက်ပေါ်လိုက်ပြီး လေ့ကျင့်သင့်ကြောင်း ပိုမိုနားလည်မည်ဖြစ်သည်။

    ဘယ်လိုအကြောင်းပြချက်နှင့်မှ သူမ၏ရောဂါများကို ကုသရန် မနှောင့်နှေးပါစေနှင့်။

    ယောဂကို ကောင်းကောင်းလုပ်သည်နှင့် သူမ၏ကျန်းမာရေး အခြေအနေ တိုးတက်လာသည်ကို သင်သတိထားမိပါလိမ့်မည်။ သို့သော် သူမဘယ်လိုပင် ကောင်းလာနေပါစေ ပုံမှန်ကုသမှုကိုခံယူရန် သင်အားပေးရပါမည်။ ညွှန်ကြားထားသည့်ဆေးများကို ရပ်ရန်မပြောမချင်း သောက်သုံးရန် အရေးကြီးသည်။

    သင့်အမျိုးသမီးအား သူမခန္ဓါကိုယ်ကို သူမနားထောင်တတ်ဖို့ သတိပေးပါ

    ခုမှစတင်လေ့ကျင့်သူအနေဖြင့် သင့်အမျိုးသမီးသည် ဘယ်လေ့ကျင့်ပုံက သင့်လျော်မည့်အကြောင်း ချင့်ချိန်သင့်ပါသည်။ အတန်းထဲတွင် သူမ၏ခန္ဓါကိုယ်သည့် သူမအတွက် စိတ်ချရသည့် လမ်းညွှန်သာဖြစ်သည်။ တစ်ခုခုမမှန်တော့ဘူးဟု ခံစားလာရပါက ထိုအနေအထားကို မလုပ်ဖို့ အကြံပေးထားပါ။

    ယောဂသည် စိတ်ချရသည့်နည်းဖြင့် အကျိုးသက်ရောက်မှု ကောင်းစေမည့်နည်းများကိုသာသုံးလျှင် သင့်အမျိုးသမီးအတွက် အကျိုးအလွန်ထူးပါလိမ့်မည် အထက်ပါ အကြံပြုချက်များသည် အမျိုးသမီးအား အန္တရာယ်မဖြစ်စေရန် ကာကွယ်ရာတွင် အကူအညီရပါလိမ့်မည်။ ထို့အပြင် သင်သူ့ကို ဘယ်လောက်ဂရုစိုက်ကြောင်း ပြသနိုင်မည်ဖြစ်ပြီး သင်တို့၏ အိမ်ထောင်ရေး ပိုခိုင်မာ ပိုပျော်ရွှင်စေပါလိမ့်မည်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement