backup og meta

ယောဂလေ့ကျင့်သူတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ကိရိယာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ယောဂလေ့ကျင့်သူတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ကိရိယာများ

    ယနေ့ခေတ်မှာ ယောဂကို ခန္ဓါကိုယ်နဲ့ စိတ်ကြားထဲ ဟာမိုနီတစ်ခုဖန်တီးဖို့နဲ့ ညီညွတ်မျှတဖို့အတွက် ကူညီပေးနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုအနေနဲ့ လူတော်တော်များများက ရွေးချယ်လာကြပါတယ်။ ယောဂဟာ သင့်ကျန်းမာရေးအတွက် အရမ်းကောင်းတဲ့ ကောင်းကျိုးတွေကို ယူဆောင်လာပေးပါတယ်။ ပျော့ပျောင်းမှုနဲ့ ကြံ့ခိုင်မှုတွေ၊ အင်အားတွေ တိုးလာစေပါတယ်။ အေဂျင်စီစနစ်ရဲ့လုပ်ကိုင်ပုံတွေကို တိုးတက်လာစေပါတယ။် စိတ်ကိုအေးချမ်းစေပြီး စိတ်ဝိဉာဉ်ကို မြင့်မားစေပါတယ်။

    ယောဂဟာ ပိုပြီးလွယ်ကူလာတာတွေ၊ သက်တောင့်သက်သာရှိလာတာတွေနဲ့ ပိုပြီး အကျိုးရှိစေတာတွေကြောင့်လည်း ယောဂအတွက် မရှိမဖြစ်လိုမယ့် အရာတွေကို သင်သိသင့်တာပေါ့။

    တကယ်လို့များသင်က ယောဂကိုခုမှစကျင့်မယ်ဆိုရင် ယောဂကျူတိုရီယယ်လ်တွေအတွက် စာအုပ်တစ်အုပ် ဒါမှမဟုတ် DVD တစ်ချပ်လိုအပ်ပါတယ်။ အနေအထားအချို့ကို လေ့ကျင့်ပြီး အိမ်မှာ စာအုပ်၊ DVD တွေကို ကြည့်ပြီး လုပ်ကြည့်တာက ယောဂနဲ့ ပိုပြီးရင်းနှီးကျွမ်းဝင်လာစေကာ ယောဂသင်တန်းမတက်ခင်တည်းက ယုံကြည်မှုရှိနေစေပါတယ်။

    ကျူတိုရီယယ်လ်စာအုပ်နဲ့ ယောဂဗီဒီယို လေ့ကျင့်ခန်းတွေကို ကြည့်တာက ဘယ်ယောဂလေ့ကျင့်ခန်းက သင့်ရည်ရွယ်ချက်နဲ့ သင့်လျော်မလဲဆိုတာ ရွေးချယ်တဲ့နေရာမှာ အကူအညီဖြစ်စေပါတယ။်

    ယောဂကျင့်တဲ့အခါမှာ ခန္ဓါကိုယ်နဲ့ အတိဖြစ်နေမယ့် အဝတ်အစားတွေ၊ နူးညံ့ပြီး သက်တောင့်သက်သာ ဆွဲဆန့်နိုင်မယ့်အသားနဲ့ ချွေးကိုစုပ်ယူနိုင်ပြီး အေးဆေးလှုပ်ရှားနိုင်တဲ့အဝတ်တွေ၊ အသက်ဝဝရှူလို့ရပြီး ယောဂလှုပ်ရှားမှုတွေအတွက် အဆင်ပြေတဲ့ အဝတ်အစားတွေရွေးချယ်သင့်ပါတယ။်

    တီရှပ်ဝတ်ဆင်တာကတော့ အကောင်းဆုံးပါပဲ။ တီရှပ်မှာမှ ကိုယ်နဲ့ ကွက်တိကြပ်နေတဲ့ တီရှပ်မျိုးပေါ့။ သားရေသားဘောင်းဘီ ဒါမှမဟုတ် စက်ဘီးစီးဘောင်းဘီတိုတွေက သင့်ကိုပိုပြီး သက်တော့သက်သာဖြစ်စေမှာပါ။ ယောဂကျင့်တဲ့အခါ ခြေဗလာနဲ့ကျင့်တာက ကြမ်းပြင်ရဲ့ အထိအတွေ့ကို ရဖို့အတွက် အကောင်းဆုံးနည်းလမ်းပါပဲ၊ ခြေအိတ်တွေဝတ်ဆင်တာက လေ့ကျင့်စဉ်မှာ ချောကျတာတွေဖြစ်နိုင်ပါတယ်။

    ယောဂဖျာဟာ သင့်ရဲ့ ယောဂလေ့ကျင့်ခန်းတွေကို ပိုပြီးလွယ်လွယ်ကူကူနဲ့ သက်တောင့်သက်သာရှိစေဖို့ အရေးကြီးတဲ့ပစ္စည်းတစ်ခုပါ။ လေ့ကျင့်စဉ်အတွင်းမှာလ်း ခန္ဓါကိုယ်ကို ကာကွယ်ထေားပေးပြီး ခန္ဓါကိုယ်အပူချိန်ကို ထိန်းသိမ်းထောက်ပံ့ပေးထားနိုင်ပါတယ်။ ယောဂဖျာဟာ ပါးလွှာတဲ့ စတုဂံပုံ ရာဘာဖျာအပါးလေးဖြစ်ပြီး မတူညီတဲ့အနေအထားတွေနဲ့ ယောဂလေ့ကျင့်ရတဲ့အခါ ချော်မကျအောင် ကူညီပေးနိုင်ပါတယ်။

    ယောဂဖျာကို အခြားပစ္စည်းတွေနဲ့ လုပ်ထားတာမျိုးလည်း ရှိပါတယ်။ ကော်ဇောတို့လိုနူးညံ့တဲ့နေရာတွေမှာ ကစားတာက သင့်ရဲ့ မျှခြေ ဘဲလန့်စ်ကို ထိန်းနိုင်ဖို့ ခက်ခဲပြီး မှန်ကန်တဲ့ အနေအထားလည်း ရဖို့ ခက်ခဲပါတယ်။ တကယ်လို့များ သစ်သားလို မာကြောနေတဲ့ ကြမ်းမှာ ကျင့်ရင်လည်း အချို့သော အနေအထားတွေမှာ လက်တွေ၊ ဒူးတွေနဲ့ ခြေထောက်တွေ အဆင်ပြမှာမဟုတ်ပါဘူး။

    လေ့ကျင့်သူတွေဟာ မှန်ကန်တဲ့ ယောဂဖျာကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။ ဆွဲဆန့်နိုင်အားကောင်းတာတွေ၊ အနားသတ်ကောင်းတာတွေနဲ့ လေ့ကျင့်မှုတွေကို ထောက်ပံ့နိုင်တဲ့ အရည်အသွေးမျိုးရှိတာတွေ ရွေးချယ်ပါ။

    တဘက်များ-

    ယောဂကျင့်နေစဉ်မှာ ချွေးတွေကို ကောင်းကောင်းစုပ်ယူနိုင်တဲ့ တဘက်တွေကို ရွေးချယ်ပါ။ လှုပ်ရှားမှုတွေ ပြုလုပ်နေစဉ် ချောထွက်မသွားစေဖို့ ချွေးတွေကို သုတ်နေဖို့ လိုအပ်ပါတယ်။ တဘက်ကို ဒူးလှုပ်ရှားမှုပြုလုပ်နေစဉ်မှာ ဒူးအောက်မှာ ထားလည်းရပါတယ်။

    ယောဂခေါင်းအုံးဆိုတာ ရှည်မြောမြော ခေါင်းအုံးဖြစ်နိုင်သလို လေးထောင့်ခေါင်းအုံးလည်းဖြစ်နိုင်ပါတယ်။

    ဒါတွေဟာ အလွန်ကို အသုံးဝင်ပြီး သင့်ခန္ဓါကိုယ်ကမာကျောတဲ့ မျက်နှာပြင်ကို ထောက်ဖို့လိုရင် သုံးလို့ရပါတယ်။ ယောဂခေါင်းအုံးကို ခါးအောက်၊ ဒူးအောက်၊ လည်ပင်းအောက်၊ တင်ပါးအောက်တွေမှာ ထားသုံးလို့ရပါတယ်။ ယောဂခေါင်းအုံးတွေက နူးညံ့နေဖို့လိုပါတယ်။

    နောက်ထပ် အရမ်းအသုံးဝင်တဲ့ ကိရိယာကတော့ ယောဂကျင့်ဖို့ခါးပတ်ပါပဲ။

    ခက်ခဲတဲ့ လေ့ကျင့်ခန်းတွေအတွက် ရည်ရွယ်ပါတယ်။ ဒါဟာ ရှည်လျားတဲ့ အဝတ်ခါးပတ်တစ်ခုဖြစ်ပြီး ၁.၈ ကနေ ၂မီတာထိရှည်ပါတယ်။ ခန္ဓါကိုယ်ရဲ့ နေရာအချို့ကို လက်နဲ့ မထိနိုင်တဲ့အချိန်မှာသုံးပါတယ်။

    ယောဂအုတ်

    အချို့သော ယောဂလေ့ကျင့်စဉ်တွေ ဥပမာ ကြမ်းပြင်ပေါ်ရပ်တဲ့ နေရာတွေမှာနဲ့ လိမ်လိုက်တဲ့ အနေအထားတွေမှာ သင့်လက် က ကြမ်းပေါ်ကို မေရာက်နိုင်ဘူးလေ။ ဒီလိုလေ့ကျင့်ခန်းမျိုးကို အကြာကြီးလုပ်ရတ့အခါမှာ ပင်ပန်းလွန်းပြီး နာကျင်လာပါလိမ့်မယ်။ ဒီအချိန်က ယောဂအုတ်ကိုသုံးဖို့ အချိန်ပါပဲ။

    တကယ်လို့များယောဂလေ့ကျင့်ခန်းတွေကိုအမြန်ဆုံး ပိန်ဖို့ပဲ လေ့ကျင့်မယ်ဆိုရင် ကျောနာတာ၊ ခါးနာတာတွေဖြစ်နိုင်တာမို့ ယောဂဘောလုံးကလည်း အရေးကြီးတဲ့ အရာတစ်ခုပါပဲ။

    ပုံမှန်ယောဂလေ့ကျင့်ခြင်းဟာ သင့်ကျန်းမာရေးကောင်းမွန်လာဖို့ ခန္ဓါကိုယ်ပျော့ပျောင်းသန်မာလာဖို့ ကူညီပေးနိုင်ပါတယ်။ ယောဂလေ့ကျင့်စဉ်မှာ မရှိမဖြစ်လိုအပ်တဲ့ အရာလေးတွေလည်း ရှိတယ်ဆိုတာ ပြောခဲ့ပြီးပါပြီ။ အထူးသဖြင့်တော့ ယောဂဝတ်စုံနဲ့ ယောဂဖျာပေါ့။

    ဒီပစ္စည်းတွေဟာ ယောဂကျင့်စဉ်မှာ ပိုပြီးလွယ်ကူလို့ သက်တောင့်သက်သာရှိအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement