backup og meta

ယောဂသင်တန်းမတက်ရောက်မီ ဘာတွေကို ပြင်ဆင်ထားသင့်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ယောဂသင်တန်းမတက်ရောက်မီ ဘာတွေကို ပြင်ဆင်ထားသင့်သလဲ

    ပထမဆုံး ယောဂသင်တန်းအတွက် ပြင်ဆင်ရတာဟာ စိတ်လှုပ်ရှားစရာပါ။ ဒါပေမဲ့ ဘာတွေကို မျှော်လင့်ပြင်ဆင်ရမလဲမသိရင်တော့ ကြောက်စရာပါပဲ။ သင့်မှာ ယောဂလေ့ကျင့်တဲ့ သူငယ်ချင်းတစ်ယောက်မှမရှိဘူးဆိုရင်တော့ ဒီဆောင်းပါးကို ဖတ်ကြည့်လိုက်ပါ။ ယောဂသင်တန်းမတက်ခင်မှာ ပြင်ဆင်ထားသင့်တဲ့ အရေးအကြီးဆုံး အချက်တွေကို ဖော်ပြထားပါတယ်။

    ၁။ အဝတ်အစားများ

    သင်တက်မယ့် သင်တန်းရဲကပုံစံကိုလိုက်ပြီး ပြင်ဆင်ရမယ့် အဝတ်အစားတွေလည်း မတူညီနိုင်ပါဘူး။ Hot yoga သင်တန်းဆိုရင်တော့ ချွေးတွေကို ခံနိုင်ရည်ရှိတဲ့ အဝတ်အစားလိုပါလိမ့်မယ်။ ဥပမာ သင့်ရဲ့ အပြေးဝတ်စုံလိုပေါ့။ တကယ်လို့ သင်က ယောက်ျားလေးဖြစ်နေမယ်ဆိုရင်တော့ ပုံမှန် တီရှပ်သာ ဝတ်သွားလိုက်ပါ။ အခြားသူဆိုရင်တော့ ကင်းမြီးကောက်ထောင်နေစဉ်မှာ အင်္ကျီအပေါ်လှန်တက်မလာဖို့ ကြပ်တဲ့ အင်္ကျီမျိုးတွေ ရွေးသင့်ပါတယ်။ ဗိုက်မပေါ်ဖို့ လိုက်ဖုံးနေရရင်တော့ သင် ဒဏ်ရာရသွားနိုင်ချေ များပါပြီ။

    ၂။ ပစ္စည်းကိရိယာများ

    ဖျာတစ်ချပ်သာ မရှိရင်တော့ ယောဂသင်တန်းမှာ သင့်အတွက် တစ်ခုငှားပေးနိုင်မလားမေးလိုက်ပါ။ ယောဂသင်တန်းအများစုကတော့ တစ်နေ့တာအတွက် ဖျာကို ဈေးနှုန်းသတ်မှတ်ပြီး ငှားရမ်းလေ့ရှိပါတယ်။ ဒါပေမဲ့ ကိုယ်ပိုင်ဖျာတစ်ချပ်ကို တတ်နိုင်သမျှ အမြန်ဆုံးဝယ်ဖို့တော့ အကြံပြုလိုပါတယ်။ ယောဂဟာ သင့်ကို အပြည့်အဝအနားယူစေချင်တာပါ။ ဒါပေမဲ့ အခြားသူတွေ အကြိမ်ကြိမ်ငှားရမ်းထားပြီး သူတို့ချွေးတွေကို စုပ်ယူထားတဲ့ ယောဂဖျာနဲ့ဆိုရင်တော့ အပြည့်အဝ ဘယ်အနားယူနိုင်ပါ့မလဲ။ သင်ကတော့ သဘာဝ ရာဘာဖျာ သို့မဟုတ် လူလုပ်ဖျာတစ်ခုခုကို ဝယ်ယူနိုင်ပါတယ်။ ထွက်သွားတဲ့ချွေးတွေအတွက် အစားပြန်ဖြည့်ဖို့ ရေတစ်ဘူးနဲ့ သင့်ကိုယ်သင် သန့်ရှင်းဖို့ တဘက်တစ်ထည်ကိုတော့ မမေ့ပါနဲ့။

    ၃။ တုံ့ပြန်မှု

    ယောဂသင်တန်းမှာ သင့်ရဲ့နည်းပြက သင့်ကိုယ်နေဟန်ထားတွေကို ပြုပြန်ဖို့ လိုအပ်ကောင်းလိုအပ်လာပါလိမ့်မယ်။ ဒီနေရာမှာတော့ နည်းပြတစ်ယောက်ရှိတာဟာ တကယ့်အားသာချက်ကြီးပါ။ မှားယွင်းတဲ့ ကိုယ်နေဟန်ထားတွေဟာ အကောင်းထက် အဆိုးကိုပဲ ပိုဦးတည်စေပါတယ်။ မှားယွင်းတဲ့ အနေအထားတွေကြောင့် ဒဏ်ရာရကြတဲ့ ပြဿနာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ သင့်ကို ထိတွေ့ကိုင်တွယ်တာမျိုးကို လုံးဝလက်မခံနိုင်ဘူးဆိုရင်တော့ နည်းပြကို ပြောထားပါ။ တကယ်လို့ နည်းပြက သင့်ကို မသက်မသာဖြစ်စေတယ်ဆိုရင် သူတို့ကို ရပ်ခိုင်းလိုက်ပါ။ ထပ်ပြောရရင်တော့ နည်းပြက သင့်အနေအထားကို လာပြုပြင်ပေးတယ်ဆိုတာ သင်လုပ်နေတာတွေက လုံးဝမှားယွင်းနေလို့ရယ်လို့ မဟုတ်ဘူးဆိုတာကို ခေါင်းထဲထည့်ပါ။ သင်ပိုပြီးသက်တောင့်သက်သာဖြစ်စေဖို့ ယောဂနည်းပြက ကူညီပေးချင်တာလည်း ဖြစ်နိုင်ပါသေးတယ်။

    တစ်ခါမှမထိတွေ့ဖူးတဲ့ အရာအစိမ်းသက်သက်ကို စပြီးကြိုးစားဖို့က သင့်အတွက် လွယ်ကူမှာတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ယောဂကတော့ ကြောက်စရာမကောင်းပါဘူး။ အနည်းငယ် ပြင်ဆင်ထားဖို့သာ လိုအပ်ပြီး ဘာတွေကို မျှော်လင့်ပြင်ဆင်ထားရမယ်ဆိုတာ သိထားခြင်းက သင့်ရဲ့ ပထမဆုံးသင်တန်းကို ကောင်းကောင်းမွန်မွန် ဖြတ်သန်းနိုင်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement