backup og meta

ယောဂလုပ်ခြင်းဖြင့် အမျိုးသားမျိုးပွားမှုဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေမည်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. K Zin Thwe မှ ရေးသားသည်။ · 02/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ယောဂလုပ်ခြင်းဖြင့် အမျိုးသားမျိုးပွားမှုဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေမည်

    ယောဂသည် စိတ်ရောကိုယ်ပါ ကျန်းမာစေသည့် နည်းလမ်းဖြစ်ကြောင်း သိထားကြသည်မှာ အတော်ကြာပြီဖြစ်သည်။ သို့သော် ယောဂကျင့်သူ အများစုမှာ အမျိုးသားမျိုးပွားမှုဆိုင်ရာစနစ်အတွက်ပါ အကျိုးကျေးဇူးရှိနေကြောင်း မသိတာများ၏။ မျိုးပွားနိုင်စွမ်း ကောင်းမွန်စေရန်အတွက် အမျိုးသမီးများတင် ယောဂလုပ်နိုင်သည်မဟုတ်။ အမျိုးသားများ၏ မျိုးပွားစနစ်ကိုပါ အားမြှင့်နိုင်ကြောင့် သက်သေများ ရှိထားပါပြီ။

    ။ ယောဂလုပ်ခြင်းသည် တင်ပဆုံဧရိယာသို့ သွေးစီးဆင်းမှု ကောင်းစေသည်။

    သုတေသနများအရ ယောဂသည် အောက်ပိုင်းများကို သွေးစီးဆင်းမှုကောင်းစေပြီး အမျိုးသားများတွင် လိင်ထောင်မတ်မှုကို လွယ်လွယ်ကူကူဖြစ်စေနိုင်ပါသည်။ သွေးထောက်ပံ့မှု လုံလောက်ခြင်းသည် လိင်ဟော်မုန်းများကို သက်ရောက်စေပြီး သုက်ပိုးအရေအတွက်ရော အရည်အသွေးကိုပါ ကောင်းမွန်များပြားစေသည်။ ထို့အပြင် ယောဂသည် ဆီးကျိတ်အရွယ်အစားကို လျော့ချစေနိုင်ပြီး ဆီးကျိတ်ရောဂါများဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်၏။ ယောဂသည် စိတ်ပူပန်မှုနှင့် စိတ်ကျခြင်းကို လျော့ချပေးနိုင်သောကြောင့် မျိုးပွားစနစ် ကျန်းမာရေးအပြင် တစ်ကိုယ်လုံးကျန်းမာရေးကို အထောက်အကူပြုပါသည်။

    ၂။ မျိုးပွားအင်္ဂါအတွက် အကောင်းဆုံးယောဂလုပ်နည်းများ

    သင်နှင့်သင့်ပါတနာတို့တွင် ကလေးမရနိုင် ဖြစ်နေပါက မျိုးပွားမှုဆိုင်ရာ ကုသမှုမခံယူခင် အောက်ပါတစ်ခုခုကို စမ်းသပ်ကြည့်ပါ။

    · The pigeon pose

    · The dancers pose

    · The twisting triangle

    · The Sun Salutation sequence

    ထိုပုံစံများသည် တင်ပဆုံဧရိယာတွင်ရှိသော အာရုံကြောများနှင့် သွေးကြောများကို တိုက်ရိုက် သက်ရောက်မှု ရှိစေပါသည်။ သင့်ခန္ဓာကိုယ်မှ ပုံစံအနေအထားအတိုင်း အသားကျပြီး စိတ်ပြေလျော့သွားလျှင် တစ်ခုစီကို အသက်ပြင်းပြင်း ခြောက်ခါရှုကြာသည်အထိ ပြုလုပ်ပေးနိုင်ပါသည်။ တစ်ခါမှ ယောဂမလုပ်ဖူးလျှင်တော့ သင်တန်းအရင်တက်ဖို့ အကြံပြုလိုပါသည်။ ခုမှစလုပ်မည့်သူအတွက် ပုံစံမှန်ကန်ဖို့ ဆရာလိုပါသည်။ ပုံစံမမှန်ပါက ပြင်းထန်သည့်ဒဏ်ရာများ ရရှိစေနိုင်ပါသည်။

    ၃။ ယောဂနှင့် ကျန်းမာရေးနှင့်ညီသောအစားအသောက် တွဲဖက်ခြင်း

    ယောဂနှင့် ကျန်းမာရေးနှင့်ညီသောအစားအသောက် တွဲဖက်ခြင်းသည် ကိုယ်ခံအားစနစ်ကို အထူးကောင်းမွန်စေပြီး ကလေးရရန် အခွင့်အလမ်း များစေပါသည်။ သင့်အစားအသောက်တွင် အာဟာရများ၊ ဗီတာမင်နှင့် သတ္တုဓာတ်များဖြင့် ဖြည့်စွက်လိုက်ပါ။ အာဟာရဂျာနယ်တွင် ပါရှိခဲ့သော အမျိုးသားမျိုးပွားဆိုင်ရာ လေ့လာမှုအရ ငါးအဆီအစားများသော အစမ်းသပ်ခံ အမျိုးသားများတွင် သုက်ကောင်ရေ ၆၅% ထိ တိုးပွားလာကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။ ပိုပြီး အားရစရာကောင်းသည်မှာ ထိုရလဒ်သည် ချက်ချင်းအကျိုးထူးခြင်းမျိုးဖြစ်သည်။ တူနာငါးကို နေ့လည်စာအဖြစ် စားထားလျှင် ညနေတွင် အစွမ်းပြသည်မျိုး ဖြစ်ပါသည်။ ပြုပြင်စီရင်ထားသည့် အစားအသောက်များကိုတော့ သုက်အရည်အသွေးကျနိုင်သည့်အတွက် ရှောင်သင့်ကြောင်း အကြုံပြုထားပါသည်။

    ယောဂသည် မြုံခြင်းကိုကုသနိုင်သည့် နည်းလမ်းမဟုတ်ပါ။ သို့သော် ငွေကုန်ကြေးကျနည်းပြီး အကျိုးရှိသည်ဖြစ်သောကြောင့် စမ်းကြည့်ဖို့သင့်ပါသည်။ အချိန်တစ်ခုယူပြီး မျိုးပွားမှုကုသခြင်းမခံယူရင် လုပ်ကြည်ပါ။ သင့်ခန္ဓာကိုယ်၏ တုံ့ပြန်ပုံကို စောင့်ကြည့်ကြည့်လိုက်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. K Zin Thwe မှ ရေးသားသည်။ · 02/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement