backup og meta

အပြေးသမားများအတွက် အာဟာရလမ်းညွှန်

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အပြေးသမားများအတွက် အာဟာရလမ်းညွှန်

    အပြေးလေ့ကျင့်ခြင်းသည် လူတိုင်းစိတ်ဝင်စားသော အခြေခံလှုပ်ရှားမှု ဖြစ်သည်။ အကယ်၍သင်သည် အပြေးလေ့ကျင့်ခန်း စတင်တော့မည်ဆိုလျှင် သင့်လျော်သော စားသောက်မှုပုံစံ ရှိသင့်ပါသည်။ လိုအပ်သော အာဟာရစားခြင်းသည် ကြီးမားသော အကျိုးကျေးဇူးရရန်အတွက် အရေးကြီးသည်။ အောက်ဖော်ပြပါ အစားအစာများသည် အပြေးသမားအတွက် အသုံးဝင်နိုင်ပါသည်။

    ဗာဒံစေ့

    ဗာဒံစေ့တွင် တခြားသောအစားအစာများ၌ ပါဝင်မှုနည်းသော ဗီတာမင်အီး အမြောက်အမြားပါရှိသည်။ ဗာဒံစေ့ လက်တစ်ဆုပ်ပမာဏကို တစ်ပတ်လျှင် (၃)ကြိမ်မှ (၅)ကြိမ်ထိ သုံးဆောင်ခြင်းသည် ကိုလက်စထရောပမာဏ နှင့် နှလုံးသွေးကြောကျဉ်းရောဂါကို လျော့ချစေနိုင်ပါသည်။ ထို့ပြင် ဗာဒံစေ့တွင်ပါသော ဗီတာမင်အီး သည် ကင်ဆာရောဂါကိုလည်း ကာကွယ်နိုင်ပါသည်။

    ဥများ

    ယေဘူယျအားဖြင့် ဥများသည် အကောင်းဆုံးအစာများထဲတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ပုံမှန်လူတွေအတွက် မနက်စာ ကြက်ဥမွှေကြော်ဟင်းတစ်ခွက်သည် နေ့တစ်နေ့ကို ပြည့်စုံစေနိုင် ပါသည်။ အပြေးသမားများအတွက် ဥများသည် အသားဓါတ် ကြွယ်ဝစွာ ပါဝင်ရုံမျှမက အရိုးအတွက်ကောင်းသော ဗီတာမင်ကေများလည်း ပါဝင်ပါသည်။ ထို့ပြင် မှတ်ဉာဏ်အတွက်ကောင်း သော Choline ၊ မျက်စိအတွက်ကောင်းသော Lutein ၊ အိုမီဂါသရီး လည်း ပါဝင်ပါသည်။ ဥများသည် ကိုလက်စထရောပမာဏ ကို တက်စေသည်ဟု အယူအဆရှိသော်လည်းအမေရိကန်အာဟာရအဖွဲ့အစည်းကတော့ ဥများသည်နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားမှုကိုတော့ မမြင့်တက်စေနိုင်ကြောင်း ဖော်ပြထားပါသည်။

    ကန်စွန်းဥ

    ကန်စွန်းဥတွင် ဗီတာမင်အေ (B-carotene) ပမာဏများစွာ ပါဝင်ပါ သည်။ ထို့ပြင် ဗီတာမင်စီ၊ ပိုတက်ဆီယမ် ၊ သံဓါတ်နှင့် တခြားကြွက်သားများအတွက် အရေးပါသောသတ္တုဓါတ် (ကော့ပါး ၊ မဂ္ဂနီဆီယမ်) များလည်း ပါဝင်ပါသည်။

    လိမ္မော်သီး

    မည်သည့်အရာမျှ လိမ္မော်သီးလောက် ဗီတာမင်စီ မကြွယ်ဝပါဘူး။ လိမ္မော်သီးသည် အပြေးလေ့ကျင့်ပြီးနောက် ကြွက်သားနာကျင်ခြင်းကို ပြေလျော့စေနိုင်ပါသည်။ ထို့ပြင် Hesperidin ဒြပ်ပေါင်း ပါဝင်သောကြောင့် ကိုလက်စထရောနှင့် သွေးပေါင်ကို ကျစေနိုင်ပါသည်။

    ဆော်လမွန်ငါး

    ဆော်လမွန်ငါးသည် ပင်လယ်စာများထဲတွင် အာဟာရကြွယ်၀ သော အစားအစာတစ်ခု ဖြစ်ပြီး (၄)အောင်စ ဆော်လမွန်ငါးတွင် အသားဓါတ် (၃၀)ဂရမ်ပါဝင်သည်။ ထို့ပြင် ခန္ဓါကိုယ် ရောင်ရမ်း ခြင်းများအတွက် သက်သာစေသော အိုမီဂါသရီးလည်း များစွာ ပါဝင်ပါသည်။

    ကြက်သား

    ကြက်သားသည် ကြွက်သားဖွံ့ဖြိုးမှုနှင့် ပြန်လည်သန်စွမ်းရေးအတွက် ကောင်းသော အသားဓါတ်များစွာပါဝင်သည်။ ထို့ပြင် Selenium ပါဝင်သောကြောင့် လေ့ကျင့်ခန်းပြုလုပ်နေစဉ်အတွင်း ကြွက်သားပျက်စီးခြင်းကို ကာကွယ်ပေးပါသည်။ Niacin (ဗီတာမင် ဘီ ၃ ) ပါဝင်သောကြောင့် ပြေးနေစဉ်အတွင်း အဆီ လောင်ကျွမ်းခြင်းအတွက် အထောက်အကူပြုသည်။

    လေ့ကျင့်ခန်းလုပ်နေသူအတွက် ကျန်းမာသော စားသောက်မှုပုံစံသည် အလွန်အရေးကြီးပါသည်။ ကျွန်ုပ်တို့အတွက် အပြေးလေ့ကျင့်ခြင်းသည် ခန္ဓါကိုယ် ကျန်းမာဖို့အတွက် ဖြစ်သည်။ ကျန်းမာစွာ မစားသုံးခြင်းသည် ကျွန်ုပ်တို့ခန္ဓါကိုယ်ကို အကြီးအကျယ် ထိခိုက်စေနိုင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့နေ့စဉ် စားသုံးနေသော အရာများကို ဂရုပြုကြည့်ရှုသင့်ပြီး လိုအပ်လျှင် ပြောင်းလဲသင့် သည်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement