backup og meta

အပြေးလေ့ကျင့်ခြင်းနှင့် စိတ်ကျန်းမာရေး


Aye Thi Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အပြေးလေ့ကျင့်ခြင်းနှင့် စိတ်ကျန်းမာရေး

    ကိုယ်လက်လှုပ်ရှားမှုက ကျန်းမာရေးအတွက် အထောက်အကူပြုပေးတယ်ဆိုတာ အထွေအထူးပြောနေစရာမလိုအောင် သိထားပြီးဖြစ်မှာပါ။ ကိုယ်လက်လှုပ်ရှားမှုဆိုတဲ့အထဲမှာ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေက အများကြီးပါ။ ဒီလေ့ကျင့်ခန်းတွေ ထဲမှာမှ အပြေးလေ့ကျင့်ခန်းလုပ်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲ ဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေလား……..

    စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အပြေးလေ့ကျင့်ပါ

    အပြေးလေ့ကျင့်တဲ့အခါ

    အိပ်ပျော်စေတယ်

    • စိတ်ခံစားမှုကောင်းတယ်

    • အင်အားပြည့်ဝစေတယ်

    • ခန္ဓာကိုယ် သန်မာတယ်

    • သက်လုံကောင်းတယ်

    သွေးတွင်းကိုလက်စထရော ကျဆင်းစေနိုင်တယ်

    • နှလုံးကျန်းမာစေနိုင်တယ်

    အဆုတ်ကျန်းမာစေနိုင်တယ်။

    စိတ်ကျန်းမာဖို့ အပြေးလေ့ကျင့်စို့……..

    အပြေးလေ့ကျင့်ပေးတဲ့အခါ အခုလိုမျိုး စိတ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။

    စိတ်ဖိစီးမှုပြေလျော့စေတယ်

    ကိုယ်တွင်းမှာ ပျော်ရွှင်မှုကိုဖြစ်စေတဲ့ Endorphins ဟော်မုန်းထွက်ရှိတဲ့အခါ ခန္ဓာကိုယ်မှာ နာကျင်မှုတွေ သက်သာစေနိုင် သလို စိတ်ဖိစီးမှုတွေကိုလည်း ပြေလျော့စေနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဒီဟော်မုန်းထွက်ရှိမှုကများလာပြီး စိတ်ဖိစီးမှုတွေကို သိသိသာသာပြေလျော့စေမှာပါ။ ဦးနှောက်ထဲကို သွေးစီးဆင်းရောက်ရှိမှုကောင်းစေပြီး စိတ်ဖိစီးမှုတွေကို အကောင်းဆုံး ကျော်လွှားနိုင်မှာဖြစ်ပါတယ်။ စိတ်ဖိစီးမှုကို ပြေလျော့ဖို့ဆိုရင်တော့ တစ်နေ့ကို ၁၅ မိနစ်လောက် ပုံမှန်အပြေးလေ့ကျင့်ပါ။

    စိတ်ဓာတ်ကျတာမဖြစ်အောင် ကာကွယ်ပေးနိုင်တယ်

    အပြေးလေ့ကျင့်တာက စိတ်ဖိစီးမှုကိုတင်ပြေလျော့စေတာမဟုတ်ဘဲ စိတ်ခံစားမှုကိုကောင်းစေပြီး စိတ်ဓာတ်ကျမှုကနေ အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ အပြေးလေ့ကျင့်တာက လေ့ကျင့်ချိန်ကြာလာလေလေ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကောင်းလာလေလေပါ။

    အာရုံစူးစိုက်မှုကောင်းစေပါတယ်

    အလုပ်လုပ်တဲ့အခါ အာရုံစူးစိုက်မှုကောင်းကောင်းနဲ့ အကောင်းဆုံးလုပ်ဆောင်နိုင်ချင်တယ်ဆိုရင်တော့ အပြေးလေ့ကျင့်ပါလို့ ပြောပါရစေနော်။ ဒါတွေတင်လားဆိုတော့ မဟုတ်ပါဘူး။ အပြေးလေ့ကျင့်တာက စိတ်ခံစားမှုကိုကောင်းစေတဲ့ norepinephrine ဟော်မုန်းထွက်ရှိအောင်လှုံ့ဆော်ပေးပါတယ်။ ဒါကြောင့် အာရုံစိုက်နိုင်စွမ်းနဲ့ပတ်သက်ပြီး ပြဿနာရှိသူတွေ အနေနဲ့လည်း အပြေးလေ့ကျင့်တာက နည်းလမ်းကောင်းတစ်ရပ်ပါ။

    သင်ယူမှုစွမ်းရည် ကောင်းမွန်စေနိုင်ပါတယ်

    အပြေးလေ့ကျင့်တာက ဦးနှောက် ဖွံ့ဖြိုးမှုကိုရော ဦးနှောက်စွမ်းဆောင်ရည်ကိုပါကောင်းမွန်စေနိုင်ပါတယ်။ အပြေးလေ့ကျင့် တာက အာရုံကြောဆဲလ်အသစ်တွေဖြစ်ပေါ်စေပြီး သင်ယူမှုစွမ်းရည်ကောင်းမွန်စေနိုင်ပါတယ်။

    မှတ်ဉာဏ် ကောင်းမွန်စေနိုင်တယ်

    အပြေးလေ့ကျင့်မှုက ဦးနှောက်ကို ကျန်းမာစေနိုင်ပြီး မှတ်မိနိုင်စွမ်းတိုးစေနိုင်ပါတယ်။ အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှတ်ဉာဏ်စွမ်းရည်ကျဆင်းတာကို အကောင်းဆုံး ကာကွယ်ပေးနိုင်သလို အယ်လ်ဇိုင်းမားရောဂါမဖြစ်အောင်လည်း အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါသေးတယ်။

    ယုံကြည်မှုတိုးစေနိုင်ပါတယ်

    ပုံမှန် အပြေးလေ့ကျင့်သူတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပြည့်ဝကြပါတယ်။ စိတ်ခံစားမှုကောင်းစေတဲ့ ဟော်မုန်းတွေ ကြောင့် စိုးရိမ်မှုကင်းစေသလို လုပ်ဆောင်မှုတိုင်းမှာ ကိုယ့်ကိုကိုယ် ယုံကြည်မငပြည့်ဝနေစေမှာပါ။ ဒါကြောင့် နေ့ရက်တိုင်းကို ယုံကြည်မှုရှိရှိ ဖြတ်သန်းချင်တယ်ဆိုရင် အပြေးလေ့ကျင့်ဖို့ ပြောပါရစေ။

    ဖန်တီးမှုစွမ်းရည်ကောင်းစေနိုင်တယ်

    တစ်နေ့တာကို ချွေးထွက်အောင်အပြေးလေ့ကျင့်မှုနဲ့စတင်လိုက်ပါ။ဒီလိုလုပ်ဆောင်မှုက အသားအရေကိုကြည်လင်စေတာ၊ ခန္ဓာကိုယ်ကို ကြံ့ခိုင်စေတင်တာတင်မကဘဲ သင့်ရဲ့ ဖန်တီးနိုင်စွမ်းကိုပါတိုးတက်စေနိုင်ပါသတဲ့။ အလုပ်ခွင်မှာ ဖန်တီးနိုင်စွမ်း ကောင်းဖို့ဆိုရင် မနက်ခင်းတိုင်း ထသာပြေးတော့လို့ ပြောပါရစေနော်။

    ကဲ..ဘယ်လိုလဲ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုရော စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကိုပါရဖို့ မနက်ဖြန်မနက်ကစလို့ ချွေးထွက်အောင် ပြေးလိုက်ကြစို့လား Helloဆရာဝန် ပရိသတ်ကြီးရေ…………….

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 02/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement