backup og meta

ဝိတ်မလို့ ကျန်းမာစေမယ်လို့ ပြောရတဲ့ အကြောင်းအရင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝိတ်မလို့ ကျန်းမာစေမယ်လို့ ပြောရတဲ့ အကြောင်းအရင်း

    ကျန်းမာအောင်လုပ်လို့ရတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေက တစ်ခုမကရှိနေပါတယ်။ ဒီလေ့ကျင့်ခန်းတွေထဲမှာမှ ကြွက်သားလည်းတက်စေပြီး ခန္ဓာကိုယ်ကိုပါ ကျန်းမာစေနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုရှိနေပါတယ်။ ဒါကတော့ ဝိတ်မတာပါ။ ဝိတ်မတာက ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုလဲဆိုတာကို သိချင်ရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါနော်။

    ဝိတ်မခြင်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေက ဘာတွေများလဲ…………

    ပုံမှန်ဝိတ်မပေးတာက အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

    ထိခိုက်ဒဏ်ရာရမှုမဖြစ်အောင် ကာကွယ်ပေးတယ်

    ဝိတ်မတာက ကျန်းမာရေးအတွက်ကောင်းသလို ကြွက်သားတွေဖြစ်ပေးစေဖိုပနဲ့ အရိုးသိပ်သည်းဆကောင်းစေဖို့အတွက် အကောင်းဆုံး အထောက်အပံ့ပေးပါတယ်။ ကြွက်သားသန်မာပြီး အရိုးတွေကြံ့ခိုင်မှုက အရိုးကျိုးတာမျိုးဖြစ်နိုင်ခြေ နည်းစေနိုင်ပါတယ်။ အရိုးပါးတာ၊ အရိုးပွတာတွေကို အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။  အသက် ၄၀ လောက်ရောက်လာတဲ့အခါ အရိုးတွေရဲ့ သိပ်သည်းဆတွေက တဖြည်းဖြည်းကျလာပြီး အရိုးပါးတာ၊ အရိုးပွတာတွေကို ခံစားလာရနိုင်ပါတယ်။ ဒီပြဿနာကို ကြိုတင်ကာကွယ်ချင်ရင်တော့ ဝိတ်မတာက အဆင်အပြေဆုံးဖြစ်မှာပါ။

    နှလုံးကျန်းမာစေနိုင်တယ်

    တစ်ပတ်ကို ၄၅ မိနစ်လောက်ပုံမှန်ဝိတ်မပေးတာက နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်၊လို့ မကြာသေးခင်က  Iowa State University ကလုပ်ခဲ့တဲ့ လေ့လာမှုတွေအရသိရပါတယ်။ နေ့စဉ် မိနစ်အနည်းငယ်လောက် ဝိတ်မပေးတာက ရုတ်တရက်နှလုံးရပ်နိုင်ခြေ နဲ့ လေဖြတ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်းကန ၇၀ ရာခိုင်နှုန်းအထိလျှော့ချပေးနိုင်ပါတယ်။ နှလုံးသွေးကြောကျန်းမာရေးကို အခြားလေ့ကျင့်ခန်းတွေထက်ပိုပြီး ကောင်းမွန်စေနိုင်တာကြောင့် ပုံမှန် ဝိတ်မပေးတာက နှလုံးကျန်းမာရေးကို စောင့်ရှောက်ပေးရာရောက်ပါတယ်။

    ကယ်လ်လိုရီတွေလောင်ကျွမ်းစေနိုင်တယ်

    ဝိတ်မတာက ကြွက်သားတွေကိုဖြစ်ပေါ်စေသလို ကိုယ်တွင်းက ကယ်လ်လိုရီတွေကိူလည်း အထိရောက်ဆုံး လောင်ကျွမ်းစေနိုင်ပါတယ်။ ဝိတ်မနေချိန်မှာတင်မဟုတ်ဘဲ ဝိတ်မပြီးလို့ နားနေတဲ့အချိန်မှာပါ ကယ်လ်လိုရီကို ဆက်လောင်ကျွမ်းစေနိုင်မှာပါ။ ဒါကြောင့် တစ်နေ့တာလုံးမှာ အလုပ်တွေများလွန်းလို့ လေ့ကျင့်ခန်းတွေ အများကြီးလုပ်ဖို့ အချိန်မပေးနိုင်ဘူးဆိုရင် ဝိတ်မပေးတာ အဆင်ပြေဆုံးဖြစ်မှာပါ။

    သွေးတွင်းသကြားဓာတ်ထိန်းညှိပေးတယ်

    အမျိုးအစား – ၂ ဆီးချိုရှိသူတွေနဲ့ အထူးသင့်တော်တဲ့ လေ့ကျင့်ခန်းတစ်ရပ်ပါ။ သွေးတွင်းသကြားဓာတ်ကို အကောင်းဆုံးထိန်းညှိပေးနိုင်ပြီး အင်ဆူလင်တွေထွက်ရှိအောင် လှုံ့ဆော်ပေးနိုင်သလို သွေးချိုကျစေဖို့ အကောင်းဆုံးအထောက်အပံ့ပေးနိုင်မှာပါ။

    စိတ်ကျန်းမာစေနိုင်တယ်

    ဝိတ်မတာက အခြားလေ့ကျင့်ခန်းတွေလိုပဲ ကိုယ်ရော စိတ်ပါကျန်းမာစေနိုင်တာပါ။ စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်ပြီး ကိုယ့်ကိုယ်ကကို ယုံကြည်မှုတိုးစေနိုင်သလို စိတ်အားထက်သန်မှုတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ခွန်အားပြည့်ဝစွာနဲ့ အလုပ်တွေကို စိတ်ပါလက်ပါလုပ်ဆောင်နိုင်စေဖို့ဆိုရင် ဝိတ်မပေးတာက နည်းလမ်းကောင်းတစ်ခုပါ။

    ဒီလောက်အကျိုးများနေမှတော့ ကိုယ်ရောစိတ်ပါကျန်းမာစေဖို့ တစ်နေ့ကို ၁၅ မိနစ်လောက် ဝိတ်မကြပါလို့ တိုက်တွန်းပါရစေလား hello ဆရာဝန် ပရိသတ်ကြီးရေ…………..

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 04/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement