backup og meta

လူသိများတဲ့ ပြေးနည်းများ


Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လူသိများတဲ့ ပြေးနည်းများ

    ပြေးလွှားတယ်ဆိုတာ ရှုးဖိနပ်လေးစီးပြီး ကြည့်ကောင်း နေရုံလောက် မရိုးရှင်းပါဘူး။ သင်ဟာ အမှန်တကယ် ပြေးလွှား လေ့ကျင့် သူတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်တော့သင်ဟာ ပြေးလွှားခြင်း အမျိုးအစား များစွာကို သေချာသိနားလည်ထားရပါမယ်။

    တစ်မျိုးချင်းဆီက မတူညီတဲ့ ကောင်းကျိုးတွေ ပေးနိုင်ပါတယ်။ သင်သိထားသင့်တဲ့ ပြေးလွှားခြင်းနဲ့ ပတ်သတ်တဲ့ပုံစံ ၈မျိုးကို အောက်မှာ ဆက်လက်ဖော်ပြပါမယ်။

    ၁။ Recovery run

    Recovery run ဆိုတာဟာ ခြေလှမ်းတိုတိုနဲ့ အကွာအဝေးနည်းနည်း ပြေးတာမျိုးကို ဆိုလိုပါတယ်။ ဒီလို ပြေးနည်းမျိုးကို ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ အပြီးမှာ လေ့ကျင့်သင်ကြားမှုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ လုပ်ဆောင်လေ့ရှိပါတယ်။

    recovery run ဆိုတဲ့ သဘောက သင်ဟာ အရင်က အကြာကြီး အဝေးကြီးပြေးတာကြောင့် ဖြစ်နေတဲ့ မောပန်းနွမ်းနည်မှုတွေကို ပြန်လည်ကောင်းမွန် အောင် လုပ်ဆောင်ရတာမျိုးပါ။ ဒါ့ကြောင့် ဒီပြေးနည်းအတွက် သင်ဟာ သင့်နှေးချင်သလောက်နှေးနှေး ပြေးလို့ရပါတယ်။

    ၂။ အခြေခံပြေးနည်း။

    အခြေခံပြေးနည်းမှာလည်း အကွာအဝေး အများကြီးပြေးဖို့ မလိုအပ်ပါဘူး။ တော်ရုံ သင့်ရုံ ပုံမှန် အကွာအဝေးကို ပုံမှန်ခြေလှမ်းတွေနဲ့ ပြေးနိုင်ပါတယ်။ အခြေခံပြေးနည်းတွေဟာ စိန်ခေါ်မှုတွေ မဟုတ်နိုင်ပေမယ့် ခံနိုင်ရည် ရှိလာအောင် လေ့ကျင့်ပေးနိုင်တဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။

    သင့်ရဲ့ အရည်အသွေးကို ပိုတိုးတက်ကောင်းမွန်လာအောင် ဒီ အခြေခံပြေးနည်းကို ပုံမှန်လေ့ကျင့်နေကျ လေ့ကျင့်ခန်းတွေအပြင် ထပ်ပေါင်းလုပ်ဆောင်သင့်ပါတယ်။

    ၃။ အကြာကြီး သို့မဟုတ် အကွာအဝေးအရှည်ကြီး ပြေးသောနည်းလမ်း။

    သူ့နာမည် အတိုင်းပဲ အဲဒီနည်းလမ်းနဲ့ ပြေးပြီဆိုရင်တော့ အနည်းဆုံးသင့်ကို မောပန်းစေနိုင်လောက်တဲ့ အထိ အကြာကြီးပြေးဖို့ လိုအပ်ပါတယ်။ ဒီပြေးနည်းဟာ သင့်ကို ခံနိုင်ရည် တွေ တည်ဆောက်နိုင်ဖို့ ရည်ရွယ်ပါတယ်။

    သင့်အတွက် အကွာ အဝေး ဘယ်လောက်ပြေးရမယ်ဆိုတာ သင့်အခြေအနေအပေါ်မူတည်ပြီး ခံနိုင်ရည်ရှိလာတဲ့ အခါ အကွာ အဝေး ပမာဏ ပြောင်းလဲမှုရှိနိုင်ပါတယ်။

    ၄။ တစ်ဖြည်းဖြည်း အရှိန်မြှင့်တင်ပြီးပြေးသော ပြေးနည်း။

    ဒီနည်းလမ်းမှာဆိုရင် သင်ဟာ စစပြေးချိန်မှာ ပုံမှန် ခြေလှမ်း၊ ပုံမှန်နှုန်းနဲ့ ပြေးပြီး နောက်ပိုင်းမှာ အလွန်မြန်လာအောင် အရှိန်မြှင့်တင်တဲ့ ပြေးနည်းမျိုးဖြစ်ပါတယ်။ ဒီပြေးနည်းဟာ အခြေခံပြေးနည်းတွေထက် ပိုပြီးခက်ခဲ ပင်ပန်းပါတယ်။ ဒီနည်းလမ်းဟာ သင့်ရဲ့ စံချိန် စံနှုန်းကို မြှင့်တင်ပေးနိုင်ပါတယ်။

    ၅။ fartlet ပြေးနည်း။

    Fartlet ပြေးနည်းဟာ အခြေခံပြေးနည်းကို မတူညီတဲ့အချိန် နဲ့ အကွာအဝေး ပေါင်းစပ်ထားတာမျိုးဖြစ်ပါတယ်။ fartlet ပြေးနည်းဟာ သင် စစချင်းလေ့ကျင့် လုပ်ဆောင်ချိန်အတွင်း မြန်တဲ့ နှုန်းတွေနဲ့ ပြေးရတဲ့ အခါ ဖြစ်လာတဲ့ မောပန်းနွမ်းနယ်မှုတွေကို တိုက်ထုတ်နိုင်အောင် လေ့ကျင့်ပေးနိုင်တဲ့ လေ့ကျင့်ခန်းကောင်း တစ်ခု ပဲဖြစ်ပါတယ်။

    ၆။ တောင်အတက်အဆင်း ထပ်ခါ၊ ထပ်ခါပြေးနည်း။

    ဒီနည်းလမ်းကို လုပ်ဆောင်မယ်ဆိုရင်တော့ သင်ဟာ တောင်တစ်တောင်ကို မြန်နိုင်သမျှ မြန်အောင် ပြေးပြီးတက်ဖို့ ကြိုးစားရမှာပါ။ တက်ပြီးတဲ့ အခါအဆင်းမှာ လမ်းလျှောက်ဆင်းပြီး နောက်ထပ်တစ်ခါ ဒီအတိုင်း အတက်၊ အဆင်း ပြန်လုပ်ဆောင်ရပါမယ်။

    ဘယ်နှခါ အတက်၊ အဆင်း လုပ်ရမယ်လို့တော့ အတိအကျ မရှိပါဘူး။ သင့်ရဲ့ ကိုယ်ခန္ဓါ အခြေအနေနဲ့ အတွေ့အကြုံအပေါ် မူတည်ပြီး စဉ်းစားရမှာပါ။ ဒီနည်းလမ်းကိုတော့ ပြေးလွှားခြင်းလေ့ကျင့်ခန်းနဲ့ ရင်းနှီးပြီးသားသူတွေမှာ သို့မဟုတ် ပြေးနေကျ သူတွေမှာ စတင်လုပ်ဆောင်သင့်ပါတယ်။

    ၇။ tempo ပြေးနည်း။

    Tempo run ပြေးနည်းအတွက်ဆိုရင်တော့ တကယ်လို့ သင်ဟာ အမြဲ အပြေးလေ့ကျင့်နေတဲ့ သူတစ်ယောက်ဆိုရင် ၁ နာရီလောက် မြန်နိုင်သမျှ မြန်အောင်ပြေးရပါမယ်။

    အပြေးစတင်လေ့ကျင်သူဆိုရင်တော့ မိနစ်၂၀ လောက်ပြေးရပါမယ်။ tempo run က သင့်ရဲ့ ပြေးနှုန်းကို ပိုမြှင့်တင်ပေးနိုင်အောင် ကူညီပေးနိုင်ပြီး အကြာကြီးပြေးတဲ့ အခါမှာလည်း ပြေးတဲ့ နှုန်းကို ထိန်းထားပေးပါတယ်။

    ၈။ intervals ပြေးနည်း။

    Intervals ပြေးနည်းဟာ နှေးနှေးပြေးတာရယ်၊ မြန်မြန်ပြေးတာရယ်၊ အားအင်ပြန်လည့်ပြည့်အောင်ပြေးတဲ့ ပြေးနည်းရယ်ကို ပေါင်းစပ်ထားတဲ့ နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။

    သင့်ရဲ့ လိုအပ်ချက်အပေါ်မူတည်ပြီး ပြေးရမယ့် အကွာအဝေး က တိုတာ၊ ရှည်တာ ကွာခြားနိုင်ပါတယ်။ ဒီပြေးနည်းဟာ သင့်ရဲ့ စွမ်းဆောင်နိုင်ရည် နဲ့ ခံနိုင်ရည် စတာတွေအားလုံးအတွက် တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။

    ပိုကောင်းတဲ့ အပြေးလေ့ကျင့် သူတစ်ယောက်ဖြစ်လာဖို့ အတွက် သင့်ကိုယ်သင် ပြေးနည်းမျိုးစုံနဲ့ လေ့ကျင့်ပေးရပါမယ်။ ပြေးနည်းတစ်မျိုးထဲကို သာ အာရုံစိုက် လုပ်ဆောင်နေတာမျိုး မပြုလုပ်သင့်ပါဘူး။ တစ်ချို့သော နည်းလမ်းတွေကပိုပြီး ပင်ပန်းမောပန်းစေနိုင်ပါတယ်။ ဒါပေမယ့် အဲဒီနည်းလမ်းတွေ အားလုံးက သင့်ရဲ့ စွမ်းဆောင်ရည်ကို ပိုကောင်းမွန်စေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement