backup og meta

မျက်နှာပေါ်က အဆီပိုတွေကြောင့်စိတ်ညစ်နေသလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 02/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်နှာပေါ်က အဆီပိုတွေကြောင့်စိတ်ညစ်နေသလား
    မျက်နှာပေါ်က အဆီပိုတွေကြောင့်စိတ်ညစ်နေသလား  …… လူတစ်ယောက်ရဲ့ သွင်ပြင်မှာ အရေးအကြီးဆုံး အစိတ်အပိုင်း တစ်ခုကတော့ မျက်နှာပါ။ မျက်နှာလှလှလေးနဲ့ ကြည့်ကောင်းတဲ့ သွင်ပြင်ကို လူတိုင်း လိုလားကြပါတယ်။ မျက်နှာမှာ အဆီပိုတွေ အရေးအကြောင်းတွေဖြစ်နေမယ်ဆိုရင် တော်တော်လေး စိတ်ပျက်စရာ ကောင်းတာပါ။ မျက်နှာပေါ်က အဆီပိုတွေကြောင့်စိတ်ညစ်နေသလား ။ Hello ဆရာဝန် ပရိသတ်ကြီးအတွက် နည်းလမ်းကောင်းလေးတွေ ဝေမျှပေးပါရစေ။

    မျက်နှာကိုလေ့ကျင့်ခန်းလုပ်ပေးဖို့ လိုသလား

    မျက်နှာကို ကြွက်သားပေါင်း ၅၂ ခုနဲ့ ဖွဲ့စည်းထားတာပါ။ မျက်နှာပြင်ပေါ်ကကြွက်သားတွေက ခန္ဓာကိုယ် အခြားအစိတ်အပိုင်းက ကြွက်သားတွေလိုပါပဲ။ အဆီပို ကင်းပြီး ကျန်းမာစေဖို့အတွက် လေ့ကျင့်ခန်း လုပ်ပေးဖို့ လိုအပ်ပါမယ်။

    တကယ်လို့ မျက်နှာကြွက်သားတွေကို လေ့ကျင့်ခန်း မလုပ်ဘဲ ထားမယ်ဆိုရင် လျော့ရဲရဲဖြစ်နေပြီး အဆီပိုတွေနဲ့ ကြည့်ရဆိုးနေမှာပါ။ မျက်နှာကို လေ့ကျင့်ခန်း လုပ်ပေးတာက အဆီပိုတွေတင် ဖယ်ရှားပေးတာမဟုတ်ဘဲ အရေးအကြောင်းတွေ ကင်းပြီး တင်းရင်းလှပနေစေမှာ အသေအချာပါ။

    မျက်နှာပေါ်က အဆီပိုတွေကြောင့်စိတ်ညစ်နေသလား

    မျက်နှာအဆီပိုတွေကျစေမယ့် လေ့ကျင့်ခန်းကို အတူတူလုပ်ကြည့်ကြရအောင်။

  • ခေါင်းမော့မယ်
  • ဒီလေ့ကျင့်ခန်းမှာ ခေါင်းကို အပေါ်ကိုမော့နိုင်သမျှ မော့ရမှာပါ။ မျက်လုံးက မျက်နှာကြတ်ကိုမြင်ရတဲ့အထိခေါင်းကို အပေါ်ကို ဖြည်းဖြည်းချင်း မော့ရမှာပါ။ ပြီးရင်တော့ အောက်နှုတ်ခမ်းကို အပေါ်နှုတ်ခမ်းကို အုပ်သွားတဲ့အထိ ထော်ပေးရမှာပါ။ ဒါမှ မေးစေ့ကို အပေါ်ဘက်ကို ဆွဲတင်သလို ဖြစ်မှာပါ။

    တစ်ခါလုပ်ရင် ၁၀ စက္ကန့်ကြာနဲ့ ၁၀ ကြိမ် လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက မေးနှစ်ထပ် ဖြစ်နေတာနဲ့ အဆီကြောင့် လည်ပင်း မပေါ်ဘဲ ပျောက်နေတာကို သက်သာစေမှာပါ။

  • ပါးဖောင်းမယ်
  • ငယ်ငယ်က ကစားဖူးတယ်ဟုတ်။ လေဖောင်းတာမျိုးလေ။ လေကို ပါးတစ်ဖက်မှာ ၅ စက္ကန့်ကြာအောင် ဖောင်းပေးရပါမယ်။ တစ်ဖက်ပြီး တစ်ဖက်လုပ်ပေးရမှာပါ။ ပြီးရင်တော့ လေကို ပြန်ထုတ်တဲ့အခါ ပါးစပ်ကို ကျယ်ကျယ်ဟပြီး ထုတ်ပေးပါ။ ဒီလိုလုပ်ပေးတာက ပါးက အဆီပိုတွေကို ဖယ်ရှားပေးနိုင်မှာပါ။ ပါးသားတွေကိုလည်း ကျစ်လျစ်စေနိုင်ပါတယ်။

    • ငါးမျက်နှာလုပ်မယ်

    ပါးတွေကို အတွင်းဘက်ဆီကို ခပ်တင်းတင်း စုပ်သွင်းပြီး နှုတ်ခမ်းကို ငါးပါးစပ်ပုံစံ ဖြစ်အောင် လုပ်ရမှာပါ။ တစ်ခါလုပ်ရင် ၅ စက္ကန့်နှုန်းနဲ့ ၁၀ ကြိမ် လုပ်ပေးရပါမယ်။ ပါးက အဆီပိုတွေကို ဖယ်ရှားနိုင်မှာပါ။

    မှန်ထဲကိုကြည့်ပြီး မျက်လုံးအောက်ဘက်က ကြွက်သားတွေကို လက်ညှိုးတွေသုံးလို့ ဘေးဘက်ကို အသာအယာ ဆွဲဆန့်ပေးပါ။ ဒီလိုဆွဲဆန့်ချိန်မှာ မျက်လုံးကို မှိတ်ပါ။ ဒီလိုလုပ်ပေးတာက မျက်လုံးအောက်ဘက်က အဆီပိုတွေကို ဖယ်ရှားပေးနိုင်မှာပါ။ မျက်လုံးတဝိုက်သွေးစီးဆင်းမှုကောင်းမွန်စေပြီး မျက်ကွင်းညိုတာကိုပါ သက်သာစေနိုင်ပါတယ်။

  • ပလုတ်ကျင်းပါ
  • အစားစားပြီးတိုင်း ရေငုံလို့ ပလုတ်ကျင်းတာကို ၂ မိနစ်ကြာ လုပ်ပေးပါ။ ဒီလိုလုပ်တာက သွားနဲ့ခံတွင်း ကျန်းမာစေသလို ပါးက အဆီပိုတွေကိုပါ ဖယ်ရှားနိုင်ပါတယ်။

    • ဘောလုံးမှုတ်ပါ

    ဒါကလည်း မျက်နှာပေါ်က အဆီပိုတွေ ဖယ်ရှားဖို့နဲ့ မျက်နှာကြွက်သားတွေ သန်မာစေဖို့ လုပ်သင့်တဲ့ လေ့ကျင့်ခန်း တစ်ခုပါ။

    ရယ်မောတာက မျက်နှာကြွက်သားတွေအတွက် ကောင်းမွန်တဲ့ လေ့ကျင့်ခန်း တစ်ရပ်ပါ။ ရယ်မောလေလေ မျက်နှာကြွက်သားတွေမှာ သွေးစီးဆင်းရောက်ရှိမှု ကောင်းမွန်လေလေဖြစ်ပြီး မျက်နှာကြွက်သားတွေကို သန်မာစေနိုင်ပါတယ်။ အဆီပိုတွေကိုလည်း အကောင်းဆုံး ဖယ်ရှားနိုင်မှာပါ။

    နေ့တိုင်း မိနစ် ၂၀ ကြာ ပီကေဝါးပေးမယ် ဆိုရင်မျက်နှာရဲ့ မေးစေ့နဲ့ ပါးနှစ်ဖက်က အဆီပိုတွေကို ဖယ်ရှားဖို့ အထောက်အပံ့ဖြစ်စေမှာပါ။ ဒါကြောင့် မျက်နှာပေါ်က အဆီပိုတွေကို ဖယ်ရှားမယ်ဆိုရင် ပီကေဝါးတာကလည်း မေ့ထားလို့မဖြစ်တဲ့ မျက်နှာလေ့ကျင့်ခန်းလေးတစ်ခုပေါ့။

    အခုပြောခဲ့တဲ့လေ့ကျင့်ခန်းတွေကို လုပ်ကြည့်ပြီး မျက်နှာပေါ်က အဆီပိုတွေကို ဖယ်ရှားနိုင်ကြပါစေကြောင်း……

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 02/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement