backup og meta

ဆီးချိုဝေဒနာရှင်တို့အတွက် ယောဂကျင့်စဉ်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုဝေဒနာရှင်တို့အတွက် ယောဂကျင့်စဉ်များ

    ဆီးချိုရောဂါဆိုတာ ခန္ဓါကိုယ်က အင်ဆူလင်တွေကို မှန်မှန်ကန်ကန်အသုံးမပြုနိုင်တော့တဲ့အခါ ဒါမှမဟုတ် မှန်မှန်မထုတ်ပေးနိုင်တဲ့အခါဖြစ်လာတတ်တဲ့ အခြေအနေပါ။ ဒါဟာ သွေးကြောထဲမှာ ဂလူးကို့စ်လယ်ဗယ်မြင့်တက်လာခြင်းကို ဖြစ်စေပါတယ်။ ဆီးချိုဝေဒနာရှင်တွေကတော့ ဒီဝေဒနာတွေကို ဆေးဝါးတွေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားစရာတွေနဲ့ နေ့စဉ်ယောဂလေ့ကျင့်ခြင်းတွေလုပ်ပြီး ထိန်းချုပ်နိုင်ပါတယ်။

    ၁။ ယောဂက ဆီးချိုကို ဘယ်လိုတိုက်ဖျက်နိုင်တာလဲ။

    ယောဂကိုနေ့စဉ်လေ့ကျင့်ခြင်းဟာ သွေးကြောထဲက ဂလူးကို့စ်လယ်ဗယ်ကို နိမ့်ကျစေပြီး သွေးဖိအားကိုလည်း လျော့နည်းစေပါတယ်။ ပြီးတော့သင့်ရဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းနိုင်စေပါတယ်။ ဒါ့အပြင် ယောဂဟာ ရောဂါလက္ခဏာတွေကိုလည်း လျှော့ချပေးနိုင်တဲ့အပြင် ဆီးချိုကြောင့် ဖြစ်လာမယ့် ဖြစ်စဉ်တွေကိုလည်း နှေးကွေးစေပြီး နောက်ဆက်တွဲပြဿနာတွေကို လျှော့ချပေးနိုင်ပါတယ်။

    (က) ယောဂနှင့် စိတ်ဖိစီးမှု

    အခြားသော ကျန်းမာရေးပြဿနာတွေလိုပါပဲ။ ဆီးချိုဝေဒနာဟာ စိတ်ဖိစီးမှုတွေကြောင့် ပိုပြီး ဆိုးရွားလာနိုင်ပါတယ်။ သောကတွေဟာ glucagon ဟောမုန်းတွေထုတ်လွှတ်ခြင်းကို တိုးမြှင့်စေပါတယ်။ ဒီဟော်မုန်းတွေကတော့ သွေးထဲက ဂလူးကို့စ်လယ်ဗယ်အတွက် အဓိက တာဝန်ယူထားရတဲ့ ဟော်မုန်းတွေပါ။ ယောဂကျင့်စဉ်ရဲ့ ပြင်းအားနဲ့ တရားထိုင်ခြင်းဟာ သင့်စိတ်နဲ့ ကိုယ်ခန္ဓါပေါ်က ဖိစီးမှုတွေကို သက်သာစေပါတယ်။ ရလဒ်အနေနဲ့ကတော့ အင်ဆူလင်ထုတ်လွှတ်မှုကို ပုံမှန်ဖြစ်လာစေပြီး glucagon ထုတ်လွှတ်မှုကို လျှော့ချပေးနိုင်ပါတယ်။

    (ခ) ယောဂနှင့် ကိုယ်အလေးချိန်တိုးခြင်း

    ကျွမ်းကျင်ပညာရှင်တွေကတော့ ယောဂဟာ ကိုယ်အလေးချိန်ကို ထိန်းညှိနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါဟာ ဆီးချိုကို တိုက်ဖျက်နိုင်မယ့် သော့ချက်တစ်ခုပါပဲ။ ယောဂအနေအထားတွေ ဥပမာ Kapal Bhati pranayama သို့မဟုတ် Sun Salutation တွေဟာ အဆီပိုတွေကို လျော့ကျသွားစေမယ့် အကောင်းဆုံးသော အနေအထားတွေပါပဲ။

    (ဂ) ယောဂနှင့် သွေးတိုး

    သင့်မှာ နာတာရှည်သွေးတိုးရောဂါဖြစ်နေတယ်ဆိုရင်တော့ ဆီးချိုကလည်း ပိုဆိုးလာနိုင်ပါတယ်။ Corpse pose, Bridge Pose, Child Pose နဲ့ Yoga Nidra စတာတွေအားလုံးဟာ သွေးတိုးကို ထိန်းချုပ်တဲ့နေရာမှာ ကူညီပေးနိုင်မယ့် အနေအထားတွေချည်းပါပဲ။

    ၂။ တရားထိုင်ခြင်းက ဘယ်လိုကူညီပေးသလဲ။

    တရားထိုင်ခြင်းဟာလည်း စိတ်ဖိစီးမှုတွေကို ကင်းစင်သွားစေမယ့် အံ့သြစရာ နည်းလမ်းတစ်ခုပါပဲ။ စိတ်ဖိစီးမှုနဲ့ ဆီးချိုတို့ဟာ ကင်းကွာလို့မရတဲ့ အနေအထားတစ်ခုနဲ့ ဆက်သွယ်နေပါတယ်။ စိတ်ဖိစီးမှုတွေဟာ ဆီးချိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်သလို အပြန်အလှန်အားဖြင့်လည်း ဆီးချိုရောဂါကြောင့် လူနာအများစုဟာ စိတ်သောကများကြရပါတယ်။

    ဆီးချိုဝေဒနာသည်အများစုဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပျောက်ဆုံးသွားတတ်ကြပါတယ်။ တရားထိုင်ခြင်းကတော့ သူတို့ရဲ့ ယုံကြည်မှုတွေကို ပြန်လည်ရရှိလာစေပြီး ဆီးချိုရောဂါကို တိုက်ထုတ်နိုင်မယ့် အင်အားကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် ပုံမှန်တရားထိုင်မယ်ဆိုရင်တော့ အချိုစားလိုမှုကို အများကြီးလျှော့ချပေးနိုင်ပါလိမ့်မယ်။

    ၃။ ကျန်းမာရေးနဲ့ညီတဲ့ စားသောက်မှုပုံစံဖြစ်စေဖို့ အချက်များ

    သင့်ရဲ့ စားသောက်မှုပုံစံကလည်း အရေးကြီးပါတယ်။ ဒါကြောင့် သင်ဘာကိုစားနေသလဲဆိုတာ ဂရုစိုက်ဖို့ လိုပါတယ်။ ဒီမှာတော့ ဆီးချိုဝေဒနာသည်တွေအတွက် အသုံးဝင်နိုင်မယ့် အချက်အချို့ကို ဖော်ပြပေးထားပါတယ်။

    – တစ်ရက် သုံးကြိမ်စားပါ။ တစ်နေ့ခင်းလုံးမှာ ဗိုက်ဆာတဲ့အချိန်တိုင်း သွားရည်စာ၂ခုလောက်ကို စားပေးတာလည်း မဆိုးလှပါဘူး။

    – ဖြစ်နိုင်မယ်ဆိုရင် နေ့တိုင်း သွားရည်စာ စားမယ့်အချိန် တူနေပါစေ။

    – ထမင်းအနပ်ကြီးတွေကို မစားဘဲမနေပါနဲ့။

    တကယ်လို့များ အခြားသော စိုးရိမ်စရာများ ရှိခဲ့သေးတယ်ဆိုရင် အာဟာရပညာရှင်ဆီသွားပြီးသင့်အတွက် မှန်ကန်သင့်လျော်မယ့် စားသောက်ပုံတွေအကြောင်း ဆွေးနွေးပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Wathun Myat Chal မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement