backup og meta

စတင်အပြေးလေ့ကျင့်မည့်သူများအတွက် လိုက်နာရမည့်အခြေခံစည်းမျဉ်းများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စတင်အပြေးလေ့ကျင့်မည့်သူများအတွက် လိုက်နာရမည့်အခြေခံစည်းမျဉ်းများ

    စတင်ပြေးသောအခါ သင်ဘာတွေသိသင့်လဲ

    စည်းမျဉ်းများသည် အရာဝတ္ထုများအခြေကျအောင် ပြုလုပ်ထားသောအခြေခံအုတ်မြစ် ဖြစ်သည်။ အရာရာတိုင်းတွင် စည်းမျဉ်းများရှိပါသည်။ ညစာစားခြင်း မှ အစလူအများနှင့် တွေ့ဆုံခြင်းထိတိုင် စည်းမျဉ်းများရှိပါသည်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ အပြေးအားကစားတွင်လည်း ထိုနည်းတူ ချွင်းချက်မရှိ စည်မျဉ်းများရှိပါသည်။ ထိုစည်မျဉ်းများသည် သင့်ကို ပို၍ကောင်းမွန်သော အပြေးသမားဖြစ်အောင် ကူညီနိုင်ရန်သာ ဖြစ်ပါသည်။ အမှန်စင်စစ် ထိုစည်းမျဉ်းများသည် သင်အပြေးလေ့ကျင့်ရန်အတွက် အကြံပြုချက်များသာ ဖြစ်သည်။

    ၁။ ရှူးဖိနပ်

    အပြေးအားကစားအတွက် အရေးကြီးဆုံးပစ္စည်းတစ်ခုမှာ ရှူးဖိနပ်ဖြစ်သည်။ အားကစားဖိနပ်မဟုတ်သော ဖိနပ်ကို ဝတ်ဆင်လျှင် များမကြာမီတွင် ဟောင်းနွမ်းစုတ်ပြတ်သွားနိုင်ပြီး ရှူးဖိနပ်ဆိုင်ကို မကြာခဏ သွားနေရပါလိမ့်မည်။ မသင့်တော်သော ရှူးဖိနပ်ကို ဝတ်ဆင်ပါက သက်တောင့်သက်သာမရှိသကဲ့သို့ ဒဏ်ရာရမည့်အန္တရာယ် ပိုများနိုင်ပါသည်။ ထို့ပြင် သက်သောင့်သက်သာ မရှိခြင်းသည် အပြေးအားကစားပေါ်တွင် မကောင်းသောခံစားမှု ဖြစ်စေနိုင်ပြီး စိတ်ဓါတ်ခွန်အားပါ ကျဆင်းစေနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ရှူးဖိနပ်များသည် ဝယ်ယူရန်အတွက် ထိုက်တန်ပါသည်။ ကောင်းမွန်သော ရှူးဖိနပ်တစ်ရံသည် သင့် ကိုဂုဏ်ကျက်သရေနှင့် ပြည့်စုံစေပြီး သက်သောင့်သက်သာရှိစေမှာပါ။ သင့်အတွက် ဖန်စီအဝတ်အစား မလိုအပ်ပါဘူး။ လမ်းပေါ်တွင် ပြေးလွှားမည်ဆိုလျှင် သင်ကြိုက် နှစ်သက်သော ရှူးဖိနပ်တစ်ရံတော့ အတူရှိနေဖို့ လိုအပ်ပါသည်။ ယနေ့ခေတ်စ တိုးဆိုင်များတွင် ကျွမ်းကျင်သောဝန်ထမ်းများရှိသောကြောင့် သင့်အတွက် သင့်လျော်သော ရှူးဖိနပ်တစ်ရံတော့ ရွေးချယ်ပေးနိုင်မှာပါ။ ထို့ကြောင့် သွားဝယ်ဖို့ မနှောင့်နှေးပါနှင့်။

    ၂။ သွေးပူလေ့ကျင့်ခန်းနှင့် စိတ်တည်ငြိမ်အောင် ပြုလုပ်ခြင်း

    မပြေးခင်နှင့် ပြေးပြီးချိန် ပြုလုပ်ရမည့်အရာများသည် အထူးသဖြင့် အခုမှစတင်မည့် အပြေးသမားများတွင် အလွန်အရေးပါသည်။ မပြေးမီ ခုန်ခြင်းသည် မကောင်းမွန်သည့်အပြင် သင့်ကို ကြွက်တက်ခြင်း၊ အဆစ်နှင့် ကြွက်သားများထိခိုက်ခြင်းတို့ကိုသာ ဖြစ်စေနိုင်ပါသည်။ သွေးပူဖို့အတွက် (၁၀)မိနစ်ခန့် အကြောလျော့ခြင်း (သို့) လမ်းလျှောက်ခြင်း (သို့)နှစ်ခုလုံးပြုလုပ်ခြင်းနဲ့ပင် လုံလောက်ပါ သည်။ အကြောလျော့နည်း နည်းလမ်းများစွာရှိသည့်အနက် သင်နှင့်သင့်တော်ရာတစ်ခုကို ပြုလုပ်နိုင်ပါသည်။

    ၃။ ကတိကဝတ်

    အလေ့အကျင့်တစ်ခုရရန်မှာ အစပိုင်းတွင် ခက်ခဲသောကြောင့် သင်သာအပြေးလေ့ကျင့်ချင်သည်ဆိုလျှင် အမှန်တကယ် အားစိုက်ရန် လိုအပ်ပါသည်။ မနက်အစောကြီးအိပ်ရာမှထရန် အချိန်အတော်ကြာ သင်ရုန်းကန်ကြိုးစားပါလိမ့်မည်။ ရုံးပိတ်ရက်များတွင် ပို၍အိပ်စက်နိုင်ပါသည်။ ‘အအိပ်လွန်သွားတာကြောင့် ဒီတစ်နေ့မပြေးလျှင်လည်း အဆင်ပြေပါလိမ့်မည်’ ဟု သင်တွေးကောင်းတွေးလိမ့်မည်။ သို့သော်လည်းသင်တစ်ခါ ကတိပျက်ကွက်လိုက်သည်နှင့် နောက်တစ်ခါ ပြန်စရန် ခက်ခဲမည်ကိုမမေ့လိုက်ပါနှင့်။ ထို့ကြောင့် သင်နှင့်အဆင်ပြေမည့် အချိန်နှင့်နေရာကိုေ ရွးချယ်ရန် ကြိုးစားပါ။ အကောင်းဆုံးကတော့ သင်နေ့စဉ် အပြေးလေ့ကျင့်နိုင်ရန် လွယ်ကူသော အပန်းမကြီးသောအချိန်တစ်ခုကိုပေးရန် ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ ကတိကဝတ်ဆိုသည်မှာ သင့်ကိုသင် တွန်းအားပေးခြင်းမဟုတ်ဘဲ သင့်အတွက် အပြေးအားကစားသည် သက်သောင့်သက်သာရှိသောေ န့စဉ်လုပ်ငန်းဆောင်တာတစ်ခုအဖြစ် ရှိစေချင်ပါသည်။

    ကျင့်ဝတ်သည် လူမှုရေးကျင့်ဝတ်မှသည် ရေချိုးခန်းကျင့်ဝတ်စသည်ဖြင့် နေရာတိုင်းတွင်ရှိသကဲ့သို့ အပြေးအားကစားတွင်လည်း ကျင့်ဝတ်များစွာ ရှိသည်။ ၎င်းကျင့်ဝတ်များသည် အချို့သောအခြေအနေများတွင် ကျွန်ုပ်တို့ ကောင်းစွာလိုက်နာဆောင်ရွက်နိုင်ရန် နည်းလမ်းများ ဖြစ်သည်။ အထက်တွင် ဖော်ပြထားသည်မှာ အခြေခံနည်းများဖြစ်ပြီး လိုက်နာဆောင်ရွက်ပါက ကောင်းမွန်သောအကျိုးကျေးဇူးရရှိမည်မှာ အသေအချာပင် ဖြစ်ပါသည်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Sandar Lin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement