အသက်ရှည်ရှည်နေနိုင်မယ် လန်ဒန်မှာရှိတဲ့ King’s College က ပညာရှင်တွေဟာ “လုံးဝဥဿုံတူညီတဲ့ အမြွှာတွေ” မှာ ဘယ်တယောက်က ပိုပြီးကျန်းမာရေးကောင်းသလဲဆိုတာနဲ့ ပတ်သက်လို့ အမြွှာပေါင်း ၂၄၀၀ကျော်မှာ သုတေသန လေ့လာမှုတခုကို ပြုလုပ်ခဲ့ကြပါတယ်။
ထင်တဲ့အတိုင်းပါပဲ၊ တရက်ကို ၄၅မိနစ်နှုန်းလောက်နဲ့ တပတ်ကို သုံးရက်လောက် စက်ဘီးစီးလေ့ကျင့်ခန်းလုပ်တဲ့ တယောက်ဟာ ဒီလိုလေ့ကျင့်ခန်းမလုပ်တဲ့ သူ့အမြွှာထက် “ဇီဝဗေဒဖြစ်စဉ်”အရ အသက်ကိုးနှစ်လောက် ပိုငယ်နေတာကို တွေ့ရှိခဲ့ကြရပါတယ်။
ဒါတောင် ဆေးလိပ်သောက်တတ်တာ၊ ခန္ဓာကိုယ်အလေးချိန် ပုံမမှန်တာ စတာတွေကို ထည့်မတွက်ထားသေးပါဘူး။ စက်ဘီးစီးလေ့ကျင့်ခန်းမှန်မှန်လုပ်မယ်ဆိုရင် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ၊ အမျိုးအစား ၂ ဆီးချိုရောဂါ၊ ကင်ဆာအမျိုးမျိုး နဲ့ သွေးတိုးရောဂါ စတာတွေကို သိသာထင်ရှားစွာ ကာကွယ်ပေးနိုင်ပါတယ်။
စက်ဘီးစီး လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ သင့်ရဲ့ စိတ်ရောခန္ဓာအတွက်ပါ အင်မတန် အကျိုးရှိပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်းတွေ မပြုလုပ်မီမှာ အဆိုပါ လေ့ကျင့်ခန်းဟာ သင်နဲ့ သင့်တော်မှုရှိမရှိကို သိရှိနိုင်စေဖို့အတွက် ကျွမ်းကျင်တဲ့ ထရိန်နာနဲ့ အရင်တိုင်ပင် ဆွေးနွေးဖို့တော့ လိုပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။