backup og meta

သင်က ဘယ်လို ခန္ဓါကိုယ်အမျိုးအစားပိုင်ရှင်လဲ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်က ဘယ်လို ခန္ဓါကိုယ်အမျိုးအစားပိုင်ရှင်လဲ

    လူသားတွေရဲ့ ကိုယ်ခန္ဓါဟာ ဆန်းသစ်တဲ့ အသေးစိတ်ကျမှုတွေနဲ့ လုပ်ငန်းဆောင်တာတွေ ပေါင်းစပ်ထားတဲ့ ရှုပ်ထွေးတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ အရိုးကြွက်သားတွေနဲ့ ပုံဖေါ်ထားမှုနဲ့ ကြွက်သားတွေနဲ့ အဆီတွေ ဖြန့်ဝေမှုပေါ်မူတည်ပြီး ကိုယ်ခန္ဓါပုံစံဆိုတာ ဖြစ်လာတာ ဖြစ်ပါတယ်။ အသက် ဆယ့်ရှစ်နှစ်လောက်ရောက်တဲ့အခါ လူတစ်ယောက်ရဲ့ ကိုယ်ခန္ဓါကို သေချာစွာ သတ်မှတ်လို့ရနေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ဘဝပုံစံတွေ ပြောင်းလဲ သွားချိန်မှာတော့ ကိုယ်ခန္ဓါတွေဟာလည်း ပြောင်းလဲသွားကြတာ ဖြစ်ပါတယ်။

    ကိုယ်ခန္ဓါအမျိုးအစားနဲ့ပတ်သက်ပြီး ဘာတွေ သိသင့်သလဲ။

    ယေဘုယျအားဖြင့် လူတွေဟာ ကိုယ်ခန္ဓါပုံစံနဲ့ပတ်သက်ပြီး သိပ်ပြီး ဂရုမစိုက်တတ်ကြပါဘူး။ ပထမဦးစွာ ကိုယ်ခန္ဓါပုံစံကို သေချာစွာသိရှိခြင်းဟာ ကိုယ်နဲ့လိုက်ဖက်မယ့် အဝတ်အစားရွေးချယ်မှုမှာ အသုံးဝင်ပါတယ်။ ဥပမာ သစ်တော်သီးပုံ လူတစ်ယောက်ဟာ သူတို့ခြေထောက်တွေ ကို ကြီးစေတာကြောင့် ဂျင်းတွေကို ဘယ်တော့မှ မဝတ်သင့်ပဲ ပန်းသီးပုံစံရှိတဲ့ သူဟာတော့ ဗိုက်ပူတာကို သိသာစေတာကြောင့် ချက်ပေါ်အင်္ကျီတွေကို မဝတ်သင့်ပါဘူး။ ဒုတိယအနေနဲ့ ကိုယ်ခန္ဓါပုံစံကို သိရှိခြင်းဟာ ကျန်းမာရေးအခြေအနေကို ပိုမိုသိရှိစေပါတယ်။

    ကိုယ်ခန္ဓါ ပုံပန်းကို ဘယ်လိုသိရှိနိုင်မလဲ။

    ဒါကို သိရှိဖို့ကတော့ သင့်ရဲ့ ပုခုံး၊ ရင်၊ ခါးနဲ့ တင်တွေကို တိုင်းတာသင့်ပါတယ်။

    သင်ဟာ ဘယ်လို ကိုယ်ခန္ဓါပုံစံရှိနေလဲ။

    လေးထောင့်ပုံ

    ဒီ ကိုယ်ခန္ဓါရှိသူတွေဟာ ကိုယ်အစိတ်အပိုင်းတွေအကုန်လုံးမှာ တူညီတဲ့ အတိုင်းအတာ ရှိကြတာဖြစ်ပါတယ်။ သူတို့ကို ဖြောင့်တန်းတဲ့ (သို့) ပေတံလို ကိုယ်ခန္ဓါ ရှိတယ်လို့ ခေါ်ကြပါတယ်။ ဒီသူတွေဟာ အခြားသူတွေနဲ့ ယှဉ်ရင် ကောက်ကြောင်းနည်းပါးတတ်ပါတယ်။ ဒါပေမယ့် သူတို့ဟာ အရပ်ရှည်၊ ပိန်ပြီး ဖက်ရှင်မော်ဒယ်နဲ့ တူပါတယ်။ ဒီလိုလူတွေဟာ ရှည်လျားတဲ့ ဝတ်စုံတွေကို ဝတ်ဆင်သင့်ပါတယ်။ ဒါဟာ သူတို့ကို ချစ်စရာကောင်းစေပြီး လိုက်ဖက်ရုံသာမက သူမရဲ့ အစိတ်အပိုင်းတွေကို ထင်ရှားစေနိုင်ပါတယ်။ ခါးပတ် (သို့) ကြိုးတွေသာ သူတို့တွေ အတွက် သင့်လျော်ပါတယ်။

    သစ်တော်သီးပုံ

    သစ်တော်သီးပုံရှိတဲ့လူတွေဟာ တင်ပါးကကြီးပြီး ပုခုံးက သေးငယ်ပါတယ်။ သူတို့ ကိုယ်ခန္ဓါဟာ တြိဂံပုံစံနဲ့ တူပါတယ်။ ဒီလို ကိုယ်ခန္ဓါမျိုးတွေကို အတွေ့ရများပါတယ်။ သူတို့တွေဟာ ဆွဲကြိုးကို ဝတ်ဆင်သင့်ပြီး ဒါဟာ အောက်ပိုင်းထက် အပေါ်ပိုင်းမှာ ဆွဲဆောင်မှု များပြားစေပါတယ်။ သူတို့တွေဟာ အတိုတွေ၊ ဂါဝန်တိုတွေ၊ စကပ်တိုတွေ မဝတ်ဆင်သင့်ပါဘူး။ ဒီဝတ်စုံတွေဟာ အားနည်းချက်တွေကို ဖုံးမပေးနိုင်ပါဘူး။

    ပန်းသီးပုံ

    ပန်းသီးပုံကတော့ သစ်တော်သီးပုံနဲ့ ပြောင်းပြန်ဖြစ်ပါတယ်။ ပန်းသီးပုံရှိသူတွေဟာ ရင်ဘတ်ကျယ်ကြပြီး လက်မောင်းနဲ့ ရင်တွေလည်း ကြီးမားကြပါတယ်။ ဒါပေမယ့် သူတို့မှာ သေးငယ်တဲ့ တင်နဲ့ ခြေထောက်တွေ ရှိပါတယ်။ ဒီ ကိုယ်ခန္ဓါရှိသူတွေဟာ သူတို့နဲ့ လိုက်ဖက်မယ့် အဝတ်အစား ရှာရခက်တတ်ပါတယ်။ သူတို့တွေဟာ သူတို့လက်မောင်းတွေကို ဖုံးကွယ်ဖို့ ပုံမှန် ရိုးရိုးအင်္ကျီတွေကို ဝတ်သင့်ပါတယ်။

    သဲနာရီပုံစံ

    သင့် ကိုယ်ခန္ဓါဟာ သဲနာရီပုံစံရှိရင် သင်ဟာ Kim Kardashian နဲ့ တူပါလိမ့်မယ်။ ဒါဟာ အရမ်းကောင်းပါတယ်။ ပုခုံး၊ တင် တိုင်းတာမှုတူညီပြီး ခါးသေးသူတွေဟာ သဲနာရီပုံစံ ကိုယ်ခန္ဓါ ရှိသူတွေပဲ ဖြစ်ပါတယ်။ သူတို့တွေဟာတော့ ဘယ်လို အင်္ကျီမျိုးမဆို လိုက်ဖက်တာကြောင့် ယုံကြည်မှု ရှိရှိသာ နေသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement