backup og meta

မိုးရာသီမှာ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ဘာတွေသတိထားရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိုးရာသီမှာ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ဘာတွေသတိထားရမလဲ

    မိုးစဝင်တဲ့အခါ ရာသီဥတုက နွေရာသီလောက် မပူလောက်တဲ့အတွက် လေ့ကျင့်ခန်း ပြန်လုပ်မယ်ဆို လုပ်လို့ ရနေပါပြီ။ ပူလို့ gymမသွားနိုင်သူတွေကလည်း ခုလိုရာသီဆို gymပြန်ရောက်လာကြပါပြီ။ မိုးစရွာလာလို့ အပူလျော့လာတာ မှန်ပေမယ့် မိုးရာသီမှာ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် သတိထားရမဲ့ အချက်လေးတွေ ရှိပါတယ်။

    ဘယ်အချိန်မှာ လေ့ကျင့်ခန်းလုပ်လို့ အကောင်းဆုံးလဲ။

    မိုးရာသီမှာ အေးတော့ ဘယ်အချိန်လုပ်လုပ် လုပ်လို့ရတယ်လို့ ထင်ကြပါတယ်။ မိုးရာသီမှာ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ‘စိုထိုင်းဆ’ကိုထည့်တွက်ရပါတယ်။ ဒါက ဘာလို့ အရေးကြီးတာလဲဆိုရင် ချွေးတွေအငွေ့ပြန်ဖို့ စိုထိုင်းဆပေါ် မူတည်နေလို့ပါ။

    ဘာကြောင့်လဲဆိုတော့ ချွေးတွေက အငွေ့ပြန်ဖို့ ခန္ဓာကိုယ်အပူချိန်ကို ယူသုံးရလို့ပါ။ ဒါကြောင့် ခန္ဓာကိုယ်အပူချိန် လျော့ကျဖို့ဆိုရင် ချွေးထွက်တာအပြင် ချွေးတွေအငွေ့ပြန်ဖို့လည်း လိုပါတယ်။

    မြင်သာအောင် ပြောရရင် နွေအကုန် မိုးအစဆို မိုးလေးမစို့မပို့ ရွာတတ်ပါတယ်။ မိုးရွာပေမဲ့ အေးလာဆိုရင် မအေးပါဘူး။ မအေးတဲ့အပြင် ချွေးစေးတွေထွက်ပြီး ပိုတောင်ပူပါပေးတယ်။ ဘာကြောင့်လဲဆိုတော့ စိုထိုင်းဆများနေတော့ ချွေးတွေ အငွေ့မပြန်ဘဲ စေးကပ်ကပ်နဲ့ အိုက်စပ်စပ် ဖြစ်လာလို့ပါ။

    လေ့ကျင့်ခန်း လုပ်မဲ့သူတွေက များသောအားဖြင့် မနက်စောစော ဒါမှမဟုတ် ညနေစောင်းအချိန်ကို ရွေးကြပါတယ်။ ဒီလိုရာသီမှာ လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်‌တော့ နေဝင်ခါနီးအချိန်ကို ရွေးစေချင်ပါတယ်။ အဲ့ဒီအချိန်က စိုထိုင်းဆ အနည်းဆုံးဖြစ်တာကြောင့် ခန္ဓာကိုယ်အပူချိန်ကို လျော့ကျစေနိုင်လို့ပါ။

    မိုးရာသီမှာ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ဘာတွေသတိထားရမလဲ

    မိုးရာသီမှာ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် စိုထိုင်းဆအပြင် တစ်ကိုယ်ရည်စာအနေနဲ့ သတိထားရမယ့် အချက်တွေ ရှိပါတယ်။ ဒါတွေကတော့

    • ရေ၊ ဓာတ်ဆား လုံလောက်အောင် သောက်ပါ။

    ဒါကတော့ မိုးရာသီမှ မဟုတ်ပါဘူး။ ဘယ်ရာသီဖြစ်ဖြစ်ပါ။ လေ့ကျင့်ခန်း လုပ်ပြီးမှ သောက်တာထက် လေ့ကျင့်ခန်း မလုပ်ခင်၊ လုပ်နေချိန်၊ လုပ်အပြီး ၃ချိန်လုံး သောက်ရမှာပါ။ ပမာဏနည်းနည်းစီ သောက်ပေးတာက လေ့ကျင့်ခန်းလုပ်တာကို အနှောင့်အယှက်မဖြစ်စေပါဘူး။ မဖြစ်တဲ့အပြင် လေ့ကျင့်ခန်းလုပ်နေတဲ့ တောက်လျှောက် ဆုံးရှုံးသွားတဲ့ ရေနဲ့ ဓာတ်ဆားတွေကို ပြန်ဖြည့်ပေးသလို exercise performanceကိုလည်း ကောင်းစေပါတယ်။ ခန္ဓာကိုယ်အပူချိန်ကိုလည်း ကျစေပါတယ်။

    • အကြောလျှော့ပါ။

    ဒါကလည် အမြဲလုပ်ရမယ့် အကျင့်ပါ။ လေ့ကျင့်ခန်း မလုပ်ခင်မှာရော လုပ်အပြီးမှာရော အကြောလျှော့ရမှာပါ။ မဟုတ်ရင် အကြောမလျှော့လို့ ကြွက်သားတွေ နာတာရော၊ ဓာတ်ဆားတွေ ဆုံးရှုံးလို့ ကြွက်သားတွေ နာတာရော ပေါင်းပြီး ခံရပါလိမ့်မယ်။

  • အပြင်ထွက် လေ့ကျင့်ခန်းမယ်ဆို သတိပြုပါ။
  • နေမပြင်းတော့ဘူးဆိုတော့ gymသွားတာ၊ အိမ်မှာပဲ လေ့ကျင့်တာအပြင် အပြင်ထွက်ပြီးလည်း ပြေးကြ၊ လမ်းသွက်သွက်လျှောက်ကြ စသဖြင့် လေကောင်းလေသန့်ရှူရင်း လေ့ကျင့်ခန်းတွေ လုပ်တတ်ကြပါတယ်။ အထူးသဖြင့်တော့ လူကြီးတွေပေါ့။

    သူတို့ဆိုရင်တော့ နေမဝင်သေးရင် နေလောင်ကာခရင်မ်လိမ်းတာ၊ မိုးရွာထားရင် ချော်မလဲအောင် ဂရုစိုက်တာ၊ လမ်းတလျှောက် ရေနဲ့ ဓာတ်ဆားပြန်ဖြည့်ဖို့ ဓာတ်ဆားရည်ဘူးတွေ ဆောင်ထားတာတွေ လုပ်သင့်ပါတယ်။

    • ရာသီဥတုနဲ့ လိုက်ဖက်တဲ့ အဝတ်အစားကို ဝတ်ပါ။

    စိုထိုင်းဆ များရင် ချွေးတွေ အငွေ့ပြန်ဖို့ ခက်တာကြောင့် ချွေးစုပ်တဲ့ အဝတ်အစားကို ဝတ်စေချင်ပါတယ်။ ထူထူကျပ်ကျပ်ကြီးတွေ မဟုတ်ဘဲ လေဝင်လေထွက်ကောင်းကောင်းနဲ့ ချွေးသုတ်ရလွယ်တဲ့ ဝတ်စုံမျိုး ဝတ်သင့်ပါတယ်။

  • အပူဒဏ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကို သတိပြုပါ။
  • ပြင်ပမှာ ရာသီဥတုက သိပ်မပူတော့တာ မှန်ပေမဲ့ ခန္ဓာကိုယ်အပူချိန် တက်မလာဖို့က ပိုအရေးကြီးပါတယ်။ ဒါကြောင့် ချွေးတွေထွက်ပေမဲ့ ခန္ဓာကိုယ်က အေးမလာရင်၊ ချွေးထွက်များလွန်းရင်၊ နေလို့ မကောင်းတော့ရင် လေ့ကျင့်ခန်း လုပ်တာကို နားပြီး အေးအောင် ပြန်လုပ်ဖို့ လိုပါတယ်။

    မိုးရာသီမှာ လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်

    မိုးရာသီမှာ လေ့ကျင့်ခန်း လုပ်လို့ ရပါတယ်။ ဒါပေမဲ့ စိုထိုင်းဆ အပြောင်းအလဲကိုတော့ သတိထားပါ။ ညနေစောင်း နေဝင်ခါနီးအချိန်တွေမှာ လုပ်ပါ။ ရေနဲ့ ဓာတ်ဆား ဆုံးရှုံးမှုကို ပြန်ဖြည့်ပါ။ ချွေးထွက်တာနဲ့ ခန္ဓာကိုယ်အပူချိန်ကို သတိထားကြဖို့ အကြံပြုချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement