backup og meta

ခြေဖနောင့်ကွဲခြင်းနဲ့ ဆားရည်စိမ်ခြင်း


Eaindray Kha မှ ရေးသားသည်။ · 07/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေဖနောင့်ကွဲခြင်းနဲ့ ဆားရည်စိမ်ခြင်း

    ခြေဖနောင့်ကွဲတာက များလာရင် နာကျင်တာတွေဖြစ်လာနိုင်သလို ဖနောင့်မှာ အစင်းကြောင်းရာတွေဖြစ်လာပြီး ကြည့်ရဆိုးစေပါတယ်။ခြေဖနောင့် ကွဲတာဖြစ်တဲ့အခါမှာဆေးတွေနဲ့ ကုသပြီးပျောက်ကင်းတာ ရှိသလို သဘာဝနည်းလမ်းလေးတွေသုံးပြီး လုပ်ဆောင်လို့ရတာလည်း ရှိပါတယ်။ ခြေဖနောင့်ကွဲခြင်းကို ဖြစ်ပေါ်စေတဲ့အကြောင်းရင်း၊ ခြေဖနောင့်ကွဲခြင်းကို သက်သာစေမယ့် အိမ်တွင်းနည်းလမ်းများနဲ့ အိမ်တွင်းနည်းလမ်းလေးတွေထဲကမှ ဆားရည်စိမ်ခြင်းအကြောင်းကိုပြောပြမယ်နော်။

    ခြေဖနောင့်ကွဲအက်ရတဲ့အကြောင်းရင်း

  • အသားအရေခြောက်သွေ့ခြင်း
  • အိုမီဂါ ၃ နဲ့ ဇင့်ဓာတ် လုံလုံလောက်လောက် မရရှိခြင်းေ
  • နောက်ပိတ်ဖိနပ်အစီးများခြင်း
  • ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့တဲ့ခြင်း
  • ကိုယ့်ခြေထောက်နဲ့ မတော်တဲ့ခြေအိတ်တွေ ဝတ်ဆင်မိခြင်း
  • ကိုယ်အလေးချိန်များခြင်း
  • ဆီးချိုရောဂါရှိခြင်း
  • ရာသီဥတု အရမ်းပူခြင်း တို့ဖြစ်ပါတယ်။
  • ခြေဖနောင့်ကွဲအက်ခြင်းကို သက်သာစေမယ့် နည်းလမ်းများ

    ပျားရည်

    ပျားရည်က စိုစွတ်မှုကိုပေးစွမ်းနိုင်ပြီး ဘက်တီးရီးယားတွေကိုသေစေနိုင်တာကြောင့်ခြေဖနောင့်ကွဲအက်ခြင်းတွေကို သက်သာစေပါတယ်။ ပျားရည်လေးတွေခြေဖနောင့်မှာ သုတ်လိမ်းပြီး အိပ်ပါ။ ဒါဟာ ဆိုင်တွေမှာ ပျားရည်နဲ့ပေါင်းတင်သလိုပါပဲ။ နေ့တိုင်းလုပ်ပေးမယ်ဆိုရင်တော့ ခြေဖနောင့်ကွဲတာတွေ အတော်လေး သက်သာလာတာကိုတွေ့ရမှာပါ။

    ရှားစောင်းလက်ပပ်

    ရှားစောင်းလက်ပပ်ကတော့ ဆဲလ်သေတွေ ဖယ်ရှားပေးပြီး ဖြူစင်ကြည်လင်ဝင်းပစေတဲ့ ဆေးဖက်ဝင်အရွက်တစ်မျိုးပါပဲ။ ခြေထောက်ကို ရေနွေးနွေးလေးနဲ့ (၁၅) မိနစ်လောက် စိမ်ထားပြီးရင် ရှားစောင်းလက်ပပ်လေးတွေကို လှီးပြီး အတွင်းသား ဂျယ်လ်လေးတွေယူကာ ဖနောင့်မှာ လိမ်းပါ။ နောက်မှရေဆေးပါ။ ဒီလိုမျိုးနေ့တိုင်းလုပ်ပေးမယ်ဆိုရင် ခြေဖနောင့်ကွဲတာတွေ သက်သာလာမှာပါ။

    ခြေဖနောင့်ကွဲခြင်းနဲ့ ဆားရည်စိမ်ခြင်း

    ဆားမှာ ပါဝင်တဲ့ သတ္တုဓာတ်တွေက ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး အနံ့အသက်ဆိုးခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ခြေဖနောင့်မှာ အနာလေးတွေ ရှိနေတယ်ဆိုရင်တော့ ဆားနဲ့ထိတွေ့တဲ့အခါ စပ်နိုင်ပါတယ်။ ဆားက အဆီတွေထွက်တာကိုလည်း ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် ခြေထောက်ခြေဆီ ထွက်တာတွေ မဖြစ်စေနိုင်တဲ့အပြင်ဖြူဖွေးစေပါတယ်။

    ပထမဦးဆုံး ဆားကို ရေနွေးနဲ့ဖျော်ပါ။ ရေနွေးလေး နည်းနည်းအေးသွားတဲ့အခါမှာ ခြေထောက်ကို စိမ်လိုက်ပါ။ ခြေထောက်အသားလေးတွေ ပျော့လာပြီဆိုရင် ဆားကြမ်းနဲ့ခြေဖနောင့်ကို ပွတ်တိုက်ပါ။ ခြေထောက်ကိုတိုက်တဲ့ကျောက်တုံးလေးနဲ့ ဖနောင့်ကွဲတဲ့နေရာကို တိုက်ပါ။နောက်တော့ အဝတ်စသန့်သန့်လေးနဲ့ သန့်စင်လိုက်ပါ။ နှင်းဆီရည်လေး ဖျန်းတာမျိုးလေး လုပ်ပါ။ ဒါမှမဟုတ် လိုးရှင်းလိမ်းပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Eaindray Kha မှ ရေးသားသည်။ · 07/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement