backup og meta

ပိန်တဲ့သူတွေ ယောဂလေ့ကျင့်ခန်း လုပ်သင့်လား၊ ပိုပိန်သွားနိုင်လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 11/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပိန်တဲ့သူတွေ ယောဂလေ့ကျင့်ခန်း လုပ်သင့်လား၊ ပိုပိန်သွားနိုင်လား

    ပိန်တဲ့သူတွေ ယောဂလေ့ကျင့်ခန်း လုပ်သင့်လား၊ ပိုပိန်သွားနိုင်လား ….. ယောဂဆိုတာ ကျန်းမာရေးအတွက်ရော ကိုယ်ခန္ဓာအလှအပအတွက် ကောင်းကျိုးများစွာဖြစ်စေတဲ့ လေ့ကျင့်ခန်းတစ်မျိုးပါ။ လေ့ကျင့်ခန်းဆိုပေမယ့် ဘာအလေးတုံးမှလည်း မလိုပါဘူး။ အဓိက ကိုယ်ခန္ဓာတစ်ခုလုံးမှာရှိတဲ့ ကြွက်သားတွေကို ဟန်ချက်ညီစေဖို့၊ ချွေးပုပ်တွေကို စွန့်ထုတ်ပစ်ဖို့၊ မလိုအပ်တဲ့ အဆီပိုတွေနဲ့ ကယ်လိုရီတွေကို ကျစေတဲ့နေရာမှာ ကူညီပေးပါတယ်။

    အဲ့တော့ ဝတဲ့သူတွေ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတဲ့သူတွေ၊ ကျန်းမာရေးပြဿနာနဲ့ ရင်ဆိုင်နေရတဲ့သူအတွက်တော့ ယောဂလေ့ကျင့်ခန်းက အကောင်းဆုံးပဲပေါ့။ ပိန်တဲ့သူတွေ၊ ကိုယ်အလေးချိန်တက်ဖို့ ကြိုးစားနေတဲ့သူတွေရော ယောဂလေ့ကျင့်သင့်လား၊ လေ့ကျင့်လိုက်ရင် ပိုပြီးပိန်သွားမလားလို့ မေးစရာဖြစ်လာပါတယ်။

    ပိန်တဲ့သူတွေ ယောဂလေ့ကျင့်ခန်း လုပ်သင့်လား၊ ပိုပိန်သွားနိုင်လား

    ပိန်တဲ့သူတွေ ယောဂလေ့ကျင့်ခန်း လုပ်သင့်လား၊ ပိုပိန်သွားနိုင်လား ဆိုတော့ ဒါက ဆော့တဲ့ပုံစံပေါ် မူတည်ပါတယ်။ ကိုယ်အလေးချိန်များတဲ့သူတွေ အတွက်က ပြဿနာမရှိပေမဲ့ ပိန်တဲ့သူတွေကျတော့ ယောဂတစ်မျိုးတည်း ဆော့လို့ မရပါဘူး။ ပိန်တဲ့သူတွေအနေနဲ့က ကိုယ်ခန္ဓာ ကြွက်သားထု တက်စေဖို့ အစာအာဟာရကို သေချာဂရုစိုက်ပေးရမယ်၊။ တက်လာတဲ့ ကြွက်သားထုကိုမှ စနစ်တကျ လေ့ကျင့်ခန်းလုပ်ပြီး ပုံစံတကျဖြစ်အောင် ပုံသွင်းရမယ်။ တစ်ဆက်တည်းမှာပဲ ကြွက်သားထုတက်လာပြီး အဆီတွေ ဖယ်ရှားပစ်ဖို့၊ စားလိုက်တဲ့ အစားအစာတွေထဲက ကယ်လိုရီလောင်ကျွမ်းစေဖို့ ယောဂကျင့်မယ်။

    ဒီ ၃မျိုးလုံးကို သေချာလုပ်ပေးမယ်ဆိုရင်တော့ ယောဂကြောင့် ကျတဲ့အဆီနေရာမှာ အစားအစာနဲ့ လေ့ကျင့်ခန်းကနေ ကြွက်သားထုတွေ အစားထိုးပေးခြင်းဖြင့် ကိုယ်အလေးချိန်ကို ထိန်းပေးထားနိုင်မှာ ဖြစ်ပါတယ်။

    အိပ်ချိန်ကို တစ်နေ့အနည်းဆုံး ၇နာရီကနေ ၈နာရီထိ ရအောင်အိပ်ဖို့လည်း မမေ့သင့်ပါဘူး။ ကိုယ်အလေးချိန်တက်ဖို့ လေ့ကျင့်နေတဲ့သူတစ်ယောက်အတွက် အိပ်ချိန်ပြည့်ဝမှသာ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ပြည့်ဝစေပြီး နောက်တစ်နေ့မှာလည်း အားအင်အပြည့်နဲ့ ကစားနိုင်ဖို့ ကူညီပေးမှာပါ။

    အကယ်လို့ လေ့ကျင့်ခန်းလုပ်ခြင်း၊ အစာအာဟာရဂရုစိုက်ခြင်း မရှိဘဲ ယောဂတစ်မျိုးတည်းကိုသာ သီးသန့်လုပ်မယ်ဆိုရင်တော့ ပိန်တဲ့သူတွေအနေနဲ့ အဆီပိုတွေ၊ ကယ်လိုရီတွေ လောင်ကျွမ်းသွားမှာဖြစ်ပြီး အဲ့နေရာမှာအစားထိုးဖို့အတွက် ကြွက်သားထုမရှိတော့တာကြောင့် ပိုပြီးပိန်သွားနိုင်တယ်ဆိုတာ သတိထားသင့်ပါတယ်။

    ယောဂလေ့ကျင့်ခြင်းဖြင့် ဘာကောင်းကျိုးတွေ ရနိုင်သေးလဲ။

    ယောဂလေ့ကျင့်ခန်းသည် အကူပစ္စည်း ကိရိယာတွေမလိုအပ်ဘဲ အဆီနဲ့ ကယ်လိုရီတွေ အများအပြား လောင်ကျွမ်းသွားစေတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ယောဂကျင့်ပြီးတဲ့နောက်မှာ ပိန်တဲ့သူတွေအနေနဲ့

    • ချွေးနဲ့အတူ ကယ်လိုရီတွေ လောင်ကျွမ်းသွားစေတယ်။
    • ကိုယ်ခန္ဓာက တင်းနေတဲ့ အကြောတွေကို ပြေလျော့သွားစေတယ်။
    • အစာခြေစနစ်ကို ကောင်းစွာ အလုပ်လုပ်စေလို့ အစာစားချင်စိတ်ကို မြှင့်တင်ပေးတယ်။ အစာစားသလောက် အစာချေဖျက်မှုနှုန်းနဲ့ အာဟာရစုပ်ယူမှုနှုန်းကို မြန်စေလို့ ကိုယ်ခန္ဓာကို ကျန်းမာစေတယ်။
    • ဇီဝကမ္မဖြစ်စဉ်တွေကို လျင်မြန်စွာ ဖြစ်ပျက်ပြောင်းလဲစေလို့ ပုံမှန်ထက် အစားပိုစားပြီး ကြွက်သားတက်ဖို့ အထောက်အကူဖြစ်စေတယ်၊ လေ့ကျင့်ခန်းလုပ်ရာမှာလည်း ပိုပြီး အကျိုးထူးဖြစ်စေမှာပါ။
    • ယောဂမှာ အသက်ရှူလေ့ကျင့်ခန်းကိုပါ တွဲလုပ်ပေးရတဲ့အတွက် ကိုယ်ခန္ဓာတွင်း အောက်စီဂျင်ဓာတ်ပိုရစေပြီး သွေးလည်ပတ်စီးဆင်းနှုန်းလည်း ကောင်းစေတယ်။
    • ကိုယ်တွင်းအင်္ဂါတွေကို ကောင်းစွာ အလုပ်လုပ်စေတယ်။
    • စိတ်လေးလံထိုင်းမှိုင်းနေတာမျိုး မဖြစ်စေဘဲ အာရုံကြည်ကြည်လင်လင်နဲ့ ကိုယ့်ရဲ့ တစ်နေ့တာအလုပ်တွေကို ပြီးမြောက်အောင် ထမ်းဆောင်နိုင်တယ်။
    • အမျိုးသားတွေအတွက်သာမက အမျိုးသမီးတွေမှာလည်း လိင်စိတ်ဆန္ဒနဲ့ ကာမသုခတွေကို မြှင့်တင်ပေးတယ်၊ သက်လုံကောင်းစေပြီး အမောခံနိုင်စေတယ်။
    • ကိုယ်ခန္ဓာဟန်ချက်ကို ညီစေပြီး ကြွက်သားတွေကို ပြေပြစ်စေပါတယ်။

    အဲ့တော့ အတိုချုပ်အနေနဲ့ ပြောရမယ်ဆိုရင် ပိန်တဲ့သူတွေအနေနဲ့ ယောဂတစ်မျိုးတည်း လေ့ကျင့်တာမျိုးတော့ လုံးဝမလုပ်သင့်ပါဘူး။ ယောဂလေ့ကျင့်မယ်ဆိုရင်လည်း လောင်သွားမယ့် အဆီပိုတွေ နေရာမှာ ပြန်လည်အစားထိုးဖို့ ကိုယ့်ရဲ့ အစာအာဟာရနဲ့ ကြွက်သားတည်ဆောက်ခြင်း လေ့ကျင့်ခန်းတွေကိုတော့ မေ့ထားလို့ မဖြစ်ပါဘူးဆိုတာ သိထားပေးပါနော်။

    အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 11/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement