backup og meta

ဘယ်အစားအသောက်တွေက သဘာဝအတိုင်း အသားအရေကို ဖြူဝင်းစေနိုင်လဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘယ်အစားအသောက်တွေက သဘာဝအတိုင်း အသားအရေကို ဖြူဝင်းစေနိုင်လဲ ။  ။

    ကိုရီးယား ယဉ်ကျေးမှုတွေ၊ ရုပ်ရှင်တွေ လွှမ်းမိုးလွန်းလာတဲ့အခါကျ လူတိုင်း ကိုရီးယားမှ ကိုရီးယားဖြစ်ကုန်ကြတဲ့အတွက် ဖက်ရှင်၊ အစားအသောက်၊ အလှအပ နေရာတော်တော်များများမှာ ကိုရီးယားရဲ့ လွှမ်းမိုးမှုတွေ အပြည့်ရှိပါတယ်။ နောက်တစ်ခုက plastic surgery တို့ အသားဖြူအောင် အသားဖြူဆေးထိုးတာတို့ပါ။ နဂိုတည်းက ညိုစိမ့်စိမ့် မြန်မာတို့ ကိုရီးယားတွေရဲ့ လွှမ်းမိုးမှုအောက်လည်း ရောက်သွားရော အသားတွေဖြူချင်ကြပါတော့တယ်။ အသားဖြူဆေးတွေက အနည်းနဲ့ အများတော့ ဆိုးကျိုးတွေရှိတာကြောင့် သဘာဝအတိုင်း ဖြူဝင်းတဲ့ အသားအရေတစ်ခု ရအောင်လုပ်နိုင်မယ့် နည်းတွေ ပြောပြချင်ပါတယ်။ တချို့ အစားအသောက်တွေ ဟာ သင့်ကို အသားဖြူအောင် လုပ်ပေးနိုင်တယ်ဆိုတာ သင်သိပါသလာ း။ အစားလည်းကြိုက် အသားလည်း ဖြူချင်တဲ့သူတွေ အတွက် အဆင်ပြေတာပေါ့ ။ ။

    သင့်အသားကို ဖြူအောင် လုပ်ပေးနိုင်မယ့် အစားအသောက်များ ။ ။

    သင့်အသားအရေကို ညစ်အောင် ၊ မဲအောင်လုပ်နိုင်တဲ့ အကြောင်းပေါင်းများစွာရှိပါတယ်။ အသက်အရွယ်ကြောင့်၊ နေထဲက ခရမ်းလွန်ရောင်ခြည်ကြောင့်၊ အဆီပြန်လွန်းတာကြောင့် ဆိုတဲ့ သင့်ကို ဖြူဝင်းတဲ့ အသားအရေနဲ့ဝေးအောင် တားဆီးနေတဲ့ ကြောင့်ပေါင်းများစွာရှိပါတယ်။ ဒါတွေကို ပြန်ပြီး တွန်းလှန်ပေးဖို့အတွက် သင့်ဘက်က ဒီ အစားအသောက်တွေရှိနေတာကြောင့် စိတ်မပူပါနဲ့ ။ ။

    မုန်လာဥနီ ။ ။

    ပါဝင်ပစ္စည်း ဗီတာမင် A ။ ။

    သင့်ကိုယ်ခန္ဓါမှာရှိတဲ့ ဆဲလ်ပေါင်း ၁.၆ ဘီလီယံ လောက်က ၂၈ ရက်တစ်ခါရောက်တိုင်း အသစ်လဲလေ့ရှိပါတယ်။ ဒီလို ဆဲလ်တွေ အသစ်လဲတဲ့အချိန်မှာ တကယ်ကို ကောင်းမွန်တဲ့ဆဲလ်တွေ ဖြစ်ဖို့အတွက် ဗီတာမင် A ရဖို့ လိုအပ်ပါတယ်။ ဒီလို အသားအရေကိုလည်းလှ ၊ အခြားကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိတဲ့ ဗီတာမင် A ကို မုန်လာဥနီကနေ ရနိုင်ပါတယ်။ တစ်ခုသတိထားရမှာက မုန်လာဥနီကို အစားများလွန်းရင် မုန်လာဥနီမှာ ပါဝင်တဲ့ ရောင်ခြယ်ပစ္စည်းတွေက သင့်အသားအရေကို လိမ္မော်ရောင် ပြောင်သွားစေတတ်ပါတယ်။ တန်ဆေး လွန်ဘေးပေါ့။

    နှမ်းစေ့ ။ ။

    ပါဝင်ပစ္စည်း ဇင့် ။ ။

    ဇင့်ပါတဲ့ အလှကုန်ပစ္စည်းတွေဟာ သင့်အသားအရေကို နေလောင်ဒဏ်က နေ ကာကွယ်ပေးတယ်ဆိုတာ သိပြီးကြမှာပါ။ အရေပြားပေါ်မှာတင် မဟုတ်ပါဘူး။ ဇင့်ပါတဲ့ အစားအသောက်တွေဖြစ်တဲ့ ရေဘဝဲ၊ သိုးသား၊ နှမ်းစေ့တို့ဟာ သင့်အသားအရေကို အတွင်းကနေ အပြင်အထိ ဝင်းပစေမှာပါ။

    လိမ္မော်သီး။ ။

    ပါဝင်ပစ္စည်း ဗီတာမင် C .။ ။

    အသားအရေဆိုတာ အသက်ရလာလေလေ ဝင်းဝါစိုပြေမှုတွေ ပျောက်ဆုံးသွားလေလေပါပဲ ။ ဒီလို အသက်အရွယ်ကြောင့် ဖြစ်တဲ့ ညစ်နွမ်းတဲ့ အသားအရေကို ပြန်လည်စိုပြေ စေချင်တယ်ဆိုရင်တော့ ဗီတာမင် C ကြွယ်ဝတဲ့ အစားအသောက်တွေက သာ အရွေးချယ်သင့်ဆုံးပါ။ ဗီတာမင် C ဟာ ဓါတ်တိုးဆန့်ကျင်တဲ့ အာနိသင်ရှိတဲ့အပြင် သ့င်အရေပြားဆဲလ်တွေကို ပြန်လည်နုပျိုစေတာကြောင့် ဗီတာမင် C ကြွယ်ဝတဲ့ အသီးအနှံတွေဖြစ်တဲ့ လိမ္မော်သီး၊ သံပုရာသီး တို့ကို နေ့စဉ် စားပေးသင့်ပါတယ်။

    ဆာဒင်းငါး ။ ။

    ပါဝင်ပစ္စည်း အိုမီဂါ 3 ။ ။

    အိုမီဂါ 3 ဟာ သွေးတွင်းက မကောင်းတဲ့ ကိုလက်စရောတွေကို လျှော့ချနိုင်စွမ်းရှိတယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒီလိုနဲ့ သွေးကြောကျဉ်းတာတွေ လည်း မရှိတော့ဘဲ သွေးလည်ပတ်မှုတွေလည်း ကောင်းသွားလို့ မျက်နှာလေးလည်း ကြည်လင်နေတော့မှာပါ။

    ဒိန်ချဉ် ။ ။

    ပါဝင်ပစ္စည်း Probiotic ( အကျိုးပြု ဘက်တီးရီးယား) ။ ။

    ဒိန်ချဉ်မှာပါတဲ့ အကျိုးပြု ဘက်တီးရီးယားတွေဟာ သင့်အသားအရေ ရောင်ရမ်းခြင်းကို လျော့ကျစေနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် ၊ သုံးလိုက်တဲ့ ဓါတုပစ္စည်းတွေကြောင့် ရောင်ရမ်းလာနိုင်တဲ့ သင့်အသားအရေကို ဒိန်ချဉ်မှာပါတဲ့ အကျိုးပြု ဘက်တီးရီးယားတွေက ပြန်လည်ကောင်းမွန်အောင် ပြုပြင်ပေးနိုင်မှာပါ။ ဒီတော့ ဒိန်ချဉ်မှန်မှန်စားကြတော့နော်။

    ကိုက်လန် ။ ။

    ပါဝင်ပစ္စည်း ဓါတ်တိုးဆန့်ကျင် ပစ္စည်းများ ။ ။

    ကိုက်လန်မှာ flavonoids လို့ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်း ၄၅ မျိုးတောင်ပါတာကြောင့် သင့်အသားအရေကို တဖန်ပြန်လည်ပြီး နုပျို ဖြူဝင်းစေမှာ အသေအချာပါ ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement