သက်ရှိအလှူရှင်ဆီက အသည်း အစားထိုးခြင်းနဲ့ သေဆုံးပြီး အလှူရှင်ဆီက အသည်းအစားထိုးခြင်း ဆိုပြီး၂ မျိုးရှိပါတယ်။ Living donor transplant (သက်ရှိအလှူရှင်ဆီက အသည်း အစားထိုးခြင်း)
သက်ရှိရှိတဲ့ အလှူရှင်က သဘောတူတဲ့အခါ ၊ လက်ခံသူနဲ့ အလှူရှင်ဆေးစစ်ချက်တွေ ကိုက်ညီတဲ့ အခါမျိုးဆိုရင် အလှူရှင်ဆီက အသည်းတစ်ခြမ်းကို လက်ခံသူဆီထည့်ပေးတာကို Living donor transplant လို့ခေါ်ပါတယ်။
ဒီနေရာမှာ အသည်းတစ်ခြမ်းပဲ ကျန်ခဲ့တဲ့ အလှူရှင်ဘက်မှာ ထိခိုက်သွားတာတွေရှိမလာလို့မေးစရာရှိပါတယ်။ အသည်းဆိုတဲ့ ကိုယ်တွင်းအစိတ်အပိုင်းလေးမှာ regeneration လို့ခေါ်တဲ့ ဆဲလ်တွေပြန်ပွားနိုင်စွမ်းရှိတာကြောင့် အသည်းအစားထိုးခွဲစိတ်မှုလုပ်ဆောင်ပြီး လအနည်းငယ်လောက်မှာတင် ပုံမှန်အရွယ်အစားအတိုင်း ပြန်ရောက်သွားနိုင်လို့ အလှူရှင်ဆီမှာရော လက်ခံသူဆီမှာရော ထိခိုက်မှု မရှိပါဘူး။
Deceased Donor liver transplant (သေဆုံးပြီး အလှူရှင်ဆီက အသည်းအစားထိုးခြင်း)
ကိုမာဝင်သွားပြီး ဦးနှောက်သေသွားတဲ့လူနာတွေ ၊ရုတ်တရက် နှလုံးရပ်ပြီး သေသွားတဲ့လူနာတွေခွင့်ပြုခဲ့ရင်သော်လည်းကောင်း၊ လူနာရှင်တွေ သဘောတူရင်လည်းကောင်း သေပြီးသားသူတွေဆီက အသည်းကိုအစားထိုးတဲ့ခွဲစိတ်မှုပါ။
အသည်းအစားမထိုးခင် ဘာတွေလုပ်ဖို့လိုလဲ ။။
- အလှူရှင်နဲ့ လူနာ သွေးအမျိုးအစား တူမတူ စစ်ဆေးရမယ်
- တစ်ရှူးအမျိုးအစားတူဖို့ကလည်း အရေကြီးတဲ့အချက်ဖြစ်ပြီး
- ရောဂါပိုးကင်းရှင်းရဲ့လားစစ်ဆေးရမယ်
- CT ၊ အာထရာဆောင်း တွေရိုက်၇မယ်
- နှလုံးကောင်းမကောင်း စစ်ဆေးရမယ်
- အဆုတ်နဲ့ပက်သက်တဲ့စစ်ဆေးချက်တွေ
- နောက်ပိုင်း အသည်းကင်ဆာ ဖြစ်လာနိုင်ချေရှိမရှိစစ်ဆေးချက်တွေနဲ့
- ကျောက်ကပ်လုပ်ဆောင်မှုစစ်ဆေးချက် စတာတွေကို လုပ်ရမှာဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။