backup og meta

Hydrocele( မုတ္တရောဂါ ) ဝှေးစေ့ပတ်လည်အရည်စုပြီး ကပ္ပယ်အိတ်ကြီးလာတဲ့ ပြဿနာ ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Hydrocele( မုတ္တရောဂါ ) ဝှေးစေ့ပတ်လည်အရည်စုပြီး ကပ္ပယ်အိတ်ကြီးလာတဲ့ ပြဿနာ ။ ။

    ဝှေးစေ့မှာ အရည်အိတ်စုပြီးကြီးလာတာ ၊ အူကျြပီး ဝှေးစေ့ကြီးလာတာ စတဲ့ပြဿနာတွေဟာ အမျိုးသားတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ရောဂါတွေပါ။ စစချင်းဖြစ်ခါစတွေဆို နာကျင့်တဲ့ ပြဿနာတွေတော့မရှိပေမယ့် နေရထိုင်ရ သွားရ လာရတာတွေကို သက်တောင့်သက်သာမရှိဖြစ်စေမှာပါ။ ပြီးတော့ ဒီလို ဝှေးစေ့အရည်စုပြီး ကြီးလာတဲ့ပြဿနာတွေဟာ ရှားပါးတဲ့ ဖြစ်စဉ်တွေ မဟုတ်တာကြောင့် အမျိုးသားတိုင်း သိရအောင်ဒီတောင်းပါးလေးကို ဝေမျှပေးချင်ပါတယ်။

    Hydrocele မုတ္တရောဂါဆိုတာ ဘာလဲ။ ။

    ဝှေးစေ့ပတ်လည်မှာ အရည်တွေစိမ့်ထွက်လာပြီး စုလာရာကနေ ကပ္ပယ်အိတ်ကြီး ကြီးလာတဲ့ပြဿနာပါ။ ကလေးငယ်ငယ်လေးတွေမှာလည်း ဖြစ်နိုင်သလို လူကြီးတွေလည်း ဖြစ်နိုင်ပါတယ်။

    Hydrocele ရဲ့ လက္ခဏာက ဘာလဲ။ ။

    • အရည်စုတယ်ဆိုတော့ အဓိက လက္ခဏာက ကပ္ပယ်အိတ်ြကီး ကြီးလာမှာပါ။
    • ကြီးလာတဲ့ ကပ္ပယ်အိတ်က ပျော့ပျော့လေးဖြစ်နေတတ်ပြီး နာကျင်တာတွေ မရှိတတ်ပါဘူး။ ဒီနေရာမှာ ပျော့တာ မာတာ က အရေးကြီးသွားပါပြီ။ မာနေရင် ကင်ဆြာဖစ်တတ်လို့ပါ။
    • တစ်ဘက်တည်းကြီးနိုင်သလို ၂ ဘက်လုံးလည်းကြီးနိုင်ပြီး မနက်အိပ်ရာထထခြင်းဆိုး သေးနေတတ်ပါတယ်။
    • နောက်ပြီး ကပ္ပယ်အိတ်ကြီးကြီးလာတာကြောင့် ဘောင်းဘီဝတ်ရခက်၊ လမ်းလျှောက်ရခက်၊ နေရထိုင်ရ သက်တောင့်သက်သာ မရှိဖြစ်မှာ ကျိန်းသေပါတယ်။
    • ကြီးလာတာကို မကုသဘဲ အချိန်ကြာကြာထားလိုက်တဲ့အခါ ရောင်လာပြီး နာကျင်တာမျိုးတွေလည်း ရှိတတ်ပါတယ်။

    ဘယ်သူတွေ ဖြစ်နိုင်ချေ အများဆုံးလဲ ။

    • မွေးကင်းစ ကလေးတွေ အဖြစ်အများဆုံးဖြစ်ပြီး
    • ကပ္ပယ်အိတ်တစ်ဝိုက်ထိခိုက်ဒဏ်ရာရထားတဲ့သူတွေ
    • သုတ်ပို့ပြွန်ရောင်နေတဲ့သူတွေနဲ့
    • လိင်မှတစ်ဆင့်ကူးစက်တဲ့ ရောဂါခံစားရတဲ့သူတွေက အရည်စုတဲ့ ပြဿနာဖြစ်နိုင်ပါတယ်။

    ဘယ်အချိန်မှာဆရာဝန်သွားပြဖို့လိုမလဲ ။ ။

    • ကလေးလေးတွေမှာဖြစ်တဲ့ hydrocele က သူ့သာသာပြန်ပျောက်သွားတာများပါတယ်။ ဒါပေမယ့် မွေးကတည်းရှိနေတာ ကလေးအသက် ၂ နှစ်ကျော်တဲ့အထိ မပျောက်ဘူးဆိုရင် ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။
    • လူကြီးတွေမှာ ဖြစ်ခဲ့ရင်တော့ ဖြစ်ဖြစ်ချင်း ဆရာဝန်ဆီသွားပြပါ။ သူ့ဘာသာ ပြန်ပျောက်သွားနိုင်မယ့် နှုန်း အရမ်းနည်းတာကြောင့်ပါ။

    Hydrocele ကို ဘယ်လိုကုသလဲ ။

    Hydrocele ရဲ့ အဓိက ကုသမှုကတော့ ခွဲစိတ်တာပဲ ဖြစ်ပါတယ်။ တစ်ချို့အပ်နဲ့အ ရည်စုတ်ထုတ်ပြီး ကုသတတ်ကြပေမယ့် စုပ်ထုတ်ပြီး ၂ လအတွင် း အရည်တွေ ပြန်စုလာတတ်လို့ မကြာခဏ စုပ်ထုတ်တာမျိုး လုပ်ရတတ်ပါတ်ယ။ ခွဲစိတ်ကုသပြီးနောက်ပိုင်း hydrocele ပြန်ဖြစ်တာ အင်မတန်ရှားတာကြောင့် ခွဲစိတ်ကုသတာကသာ အကောင်းဆုံးပါ။

    အူကျတာနဲ့ အရည်စုတာနဲ့တူလား။

    အူကျတာရော အရည်စုတာရော ၂ ခုလုံးက ကပ္ပအိတ်ကြီးလာခြင်းကို ဖြစ်စေတယ်ဆိုပေမယ့်

  • အူကျွံတယ်ဆိုတာ ဗိုက်နဲ့ ပေါင်ခြံခြားထားကြွက်သားအားနည်းသွားပြီး ဗိုက်ထဲကအူတွေ ကပ္ပယ်အိတ်ထဲ ဆင်းလာတဲ့ပြဿနာပါ။ ဒီပြဿနာမှာ အိပ်လိုက်ရင် အူတွေ ပြန်ဝင်သွားတာကြောင့် ကပ္ပအိတ်ပြန်သေးသွားပြီး ချောင်းဆိုးတဲ့အခါ မတ်တပ်ရပ်လိုက်တဲ့အခါမျိုးမှာတော့ အူပြန်ဆင်းလာတာကြောင့် ကပ္ပယ်အိတ် ပြန်ကြီးလာပါလိမ့်မယ်။ ဒီတော့ ကြီးလိုက်သေးလိုက်ပေါ့။
  • အရည်စုခြင်း hydrocele မှာကျတော့ ကပ္ပယ်အိတ်ကြီးလာတာ သေးသွားတာ ချောင်းဆိုးလိုက်ရင် ပိုထွက်လာတာမျိုး မရှိပါဘူး။ သူက ဝှေးစေ့ပတ်လည်မှာ အရည်တွေစိမ့်ထွက်လာရကနေ ကပ္ပယ်အိတ်ကြီးလာတာဖြစ်ပါတယ်။
  • ဒါပေမယ့် အူကျတာရော အရည်စုတာရော ၂ မျိုးလုံးဖြစ်တဲ့သူတွေမှာတော့ မပေါ်မှာ ပြောတဲ့ လက္ခဏာတွေ အားလုံးရှိနေတတ်ပါတယ်။
  • အရည်စုရင် ချက်ချင်းမကုသသေးဘဲ အချိန်ဆွဲထားလို့ရပေမယ့် အူကျအူကျွံရင်တော့ အူတွေ မပုပ်ခင် အမြန်ဆုံ ကုသမှု ခံယူဖို့လိုပါတယ်။
  • အူကျတာရော အရည်စုတာရောအတွက် ၂ခုလုံးအတွက် အဓိက ကုသမှုကတော့ ခွဲစိတ်တာပါ ။
  • Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement