backup og meta

သင့်သွေးက ဘာအမျိုးအစားလဲ။ ဘယ်လိုရောဂါဖြစ်နိုင်ခြေပိုများလဲ ။ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်သွေးက ဘာအမျိုးအစားလဲ။ ဘယ်လိုရောဂါဖြစ်နိုင်ခြေပိုများလဲ ။ ။

    လူတိုင်းလူတိုင်း ကိုယ်ပိုင် သွေးအမျိုးအစားတွေရှိပါတယ်။ Aသွေး Bသွေး ABသွေး Oသွေး စတဲ့ ဒီ သွေး ၄ မျိုးထဲက တစ်မျိုးမျိုးကို ပိုင်ဆိုင်ထားကြတဲ့သူတိုင်းပါ။ သွေးအမျိုးအစားပေါ်မူတည်ပြီး ပင်ကိုယ်စရိုက်၊ အိုသွေး ပိုင်ရှင်တွေက ဘယ်လို၊ အေ သွေး ပိုင်ရှင်တွေရဲ့ အကျင့်စရိုက် ဘယ်လိုဆိုပြီး စတဲ့ ဆောင်းပါးတွေကိုဖတ်ဖူးကြမှာပါ။ ဒီဆောင်းပါးမှာကတော့ ေသွး အမျိုးအစားနဲ့ ဆက်စပ်နေတဲ့ အချစ်ရေး၊ စိတ်နေစိတ်ထားတို့အစား ပိုပြီး အရေးကြီးတဲ့ ကျန်းမာရေးဘက်ကို သွားမှာ ဖြစ်ပါတယ်။ ကဲ ဘယ်သွေးပိုင်ရှင်တွေက ဘယ်လိုရောဂါတွေ ဖြစ်နိုင်ခြေ ပိုများလဲ ဆက်ကြည့်ရအောင် ။ ။

    သွေးအမျိုးအစားလိုက် ဖြစ်နိုင်ခြေ အများဆုံးရောဂါများ ။ ။

    A သွေး ။ ။

    A သွေး အမျိုးအစားပိုင်ရှင်တွေအတွက် ကြောက်စရာအကောင်းဆုံးကတော့နဲ့ အဖြစ်အများဆုံးကတော့ အစာအိမ်ကင်ဆာပါ။ A သွေးဟာ O သွေးထက်စာရင် အစာအိမ်ကို ရောဂါပိုးဖြစ်တဲ့ H. pylori ဘက်တီးရီးယားကို ပိုပြီးတုန့်ပြန်လွယ်တာကြောင့် အစာအိမ်ထိခိုက်မှုနှုန်းပိုများပြီး ကင်ဆာ​ဖြစ်နိုင်ခြေ ပိုများရတာဖြစ်ပါတယ်။

    ဘယ်လိုကာကွယ်ကြမလဲ ။ ။ A သွေးပိုင်ရှင်တွေ အနေနဲ့ အကင်တို့၊ ဝက်ပေါင်ခြောက်တို့၊ နဲ့ H. pylori ရောဂါပိုးတွေ အများကြီးရှိနေနိုင်တဲ့ လက်လုပ်ချဉ်တွေကို ရှောင်စား လျှော့စားသင့်ပါတယ်။

    B သွေး ။။

    B သွေး ကကျတော့ အမျိုးအစား ၂ ဆီးချိုနဲ့ ဆက်စပ်မှုအရှိဆုံး သွေးအမျိုးအစား တစ်ခုပါ။ O သွေးထက်စာရင် B သွေးက ဆီးချို ၂၁ ရာခိုင်နှုန်း ပိုဖြစ်နိုင်ပါတယ်။

    ကိုယ်အလေးချိန်တက်လာခြင် းအထူးသဖြင့် ခါးအဆီတက်လာခြင်းက ဆီးချိြုဖစ်နိုင်ခြေပိုများတာကြောင့် B သွေးပိုင်ရှင်တွေ အနေနဲ့ ကိုယ်အလေးချိန်ထိန်းထားဖို့ အရေးကြီးပါတယ်။ တစ်ချိန်လုံးထိုင်ပြီး အလုပ်လုပ်နေမယ့်အစား ကိုယ်လက်လှုပ်ရှားမှုလေးလုပ်ပါ။ အစားအသောက် ဆင်ခြင်ပါ။

    AB သွေး ။ ။

    AB သွေး တွေနဲ့ ဆက်စပ်မှု အရှိဆုံးကတော့ နှလုံးရောဂါပါ။ AB သွေးပိုင်ရှင်တွေဟာ O သွေးပိုင်ရှင်တွေထက်စာရင် နှလုံးရောဂါဖြစ်နိုင်ခြေ ၂၃ ရာခိုင်နှုန်းပိုမျာတယ်လို့ ဆိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူတို့ဟာ ticker-hurting inflammation လို့ခေါ်တဲ့ နှလုံးရောင်ရမ်းခြင်းဖြစ်နိုင်ခြေ အရမ်းကိုများလို့ပါ။

    ကြိုတင်ကာကွယ်ချင်ရင်တော့ AB သွေးပိုင်ရှင်တွေ အနေနဲ့ တစ်နေ့ကို မိနစ် ၃၀ လောက်နှလုံးလေ့ကျင့်ခန်းတွေ လုပ်ပေးဖို့ လိုပါလိမ့်မယ်။ လမ်းလျှောက်တာတို့၊ စက်ဘီးနီးတာတို့ကို တစ်ပါတ် ၅ ကြိမ်လောက်လုပ်ပေါ့။ ချွေးထွက်လေလေ ၊ နှလုံးခုန်နှုန်းမြန်ပြီ းမောလေလေ နှလုံးကို လှုပ်ရှားမှုရအောင် လုပ်ပေးသလိုဖြစ်တာကြောင့် သွေးကြောပိတ်တာ၊ သွေးခဲတာတွေ လျော့ပါသွားပြီး နှလုံးရောဂါဖြစ်နိုင်ခြေ နည်းသွားမှာပါ။

    O သွေးပိုင်ရှင်။ ။

    O သွေးပိုင်ရှင်တွေ အတွက် စိတ်အညစ်ရဆုံး ရောဂါကတော့ ကလေးမရနိုင်တဲ့ ပြဿနာပဲဖြစ်ပါတယ်။ O သွေးနဲ့ reduced ovarian reserve လို့ခေါ်တဲ့ မျိုးဥနည်းခြင်း ပြဿနာနဲ့က အရမ်းကို ဆက်စပ်မှုရှိနေတဲ့အတွက်ကြောင့်ပါ။

    ဒါပေမယ့် O သွေးပိုင်ရှင်တိုင်း ဒါမျိုး ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ အများဆုံး ဖြစ်တတ်တယ်လို့ ဆိုထားတဲ့အတွက်ကြောင့် မဖြစ်ချင်ရင်တော့ ကျန်းမာရေးနဲ့ညီညွတ်မျှတအောင်စားမယ်၊ အရက် တွေ ဆေးလိပ် တွေ လျှော့သောက်မယ်ဆိုရင်တော့ ဒီ ပြဿနာအတွက် စိတ်ပူစရာလိုတော့မှာ မဟုတ်ပါဘူး။

    ဒါတွေကတော့ သွေးအမျိုးအစားအလိုက် အဖြစ်အများဆုံး ရောဂါတွေပါ။ ဒါလေးဖတ်ကြည့်ပြီးတော့ ကိုယ့်သွေးအမျိုးအစားက ဘယ်လိုရောဂါပိုဖြစ်နိုင်တယ်ဆိုတာသိပြီး ကြိုပြီး ကာကွယ်၊ သတိရှိထားတော့ မမှားဘူးပေါ့ ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement