backup og meta

နေရာအလိုက်ခွဲပြီး မျက်နှာပေါ်ဝက်ခြံဖြစ်ရတဲ့ အကြောင်းအရင်းကို လေ့လာကြမယ် ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေရာအလိုက်ခွဲပြီး မျက်နှာပေါ်ဝက်ခြံဖြစ်ရတဲ့ အကြောင်းအရင်းကို လေ့လာကြမယ် ။

    ဝက်ခြံဆိုတဲ့ အမျိုးဟာ တစ်နေရာတည်းမှာ ဘယ်တော့မှ ထွက်လေ့မရှိပါဘူး။ ကိုယ်ခန္ဓာ နေရာတော်တော်များများမှာ ထွက်လေ့ရှိပြီး အများဆုံးကတော့ မျက်နှာမှာပဲ ဖြစ်ပါတယ်။ မျက်နှာမှာတောင်မှ နဖူးဆို နဖူး၊ နှာခေါင်းဆို နှာခေါင်း တစ်နေရာတည်း စည်းကမ်းရှိရှိ ထွက်တာမျိုး မဟုတ်ဘဲ ဟိုနေရာမှာ ပေါက်လိုက် ဒီနေရာမှာ ပေါက်လိုက်နဲ့ တော်တော်ဆိုးတဲ့ဝက်ခြံ တွေပါ။ ဒီတော့ ဘာ့ကြောင့် ဒီလိုမျိုး မျက်နှာအနှံ့ ဝက်ခြံတွေ ထွက်ရတာလဲ။

    နေရာအလိုက်ပေါက်တဲ့ဝက်ခြံတွေနဲ့ သူ့ကို ဖြစ်စေတဲ့အကြောင်းအရင်းများ ။

    နဖူး ။ ။

    • နဖူးမှာ ပေါက်တဲ့ဝက်ခြံအများစုရဲ့ တရားခံဟာ ဆံပင်ပဲ ဖြစ်ပါတယ်။ ဆံပင်မှာကပ်နေတဲ့ ဘက်တီးရီးယားတွေ၊ ဖုန်တွေနဲ့ချွေးပေါက်တွေထဲမှာ ရှိတဲ့ အဆီတွေ ရောသွားတဲ့အခါ ဝက်ခြံစပြီးဖြစ်လာပါတော့တယ်။
    • စိတ်ဖိစီးမှုများတဲ့အခါ မှာလည်း နဖူးပေါ်မှာ ဝက်ခြံတွေ ပေါက်လာလေ့ရှိပါတယ်။
    • စားလိုက်တဲ့အစားအစာတွေထဲမှာ အဆီပါဝင်မှုနှုန်းများနေခြင်းကလည်း နဖူးပေါ် ဝက်ခြံပေါက်စေတဲ့အကြောင်းအရင်းတစ်ခုပါ။
    • နောက်ဆုံးတစ်ခုကတော့ နဖူးပေါ် ပေါက်တဲ့ဝက်ခြံတွေနဲ့ ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ကလည်း ဆက်စပ်နေတယ်ဆိုတာပါပဲ။

    နှာခေါင်း

    • စပ်လွန်းတဲ အစားအစာတွေက နှာခေါင်းမှာ ဝက်ခြံပေါက်ရခြင်းရဲ့ တရားခံတွေပါ။ အဲဒီအစား ပြည့်ဝဆီများတဲ့ ထောပတ်သီးတို့ သစ်ကြားသီးတို့ကို စားပေးရင် နှာခေါင်းပေါ်က ဝက်ခြံ တွေ သက်သာသွားမှာပါ။
    • နောက်ပြီး နှာခေါင်းမှာ ချွေးပေါက် တွေက အကျယ်ဆုံး ဖြစ်တာကြောင့် ချွေးပေါက်ပိတ်စေပြီး ဝက်ခြံဖြစ်စေမယ့် အလှကုန်ပစ္စည်းတွေ မိတ်ကပ် တွေကို ရှောင်လိမ်းဖို့တော့ လိုပါလိမ့်မယ်။

    မျက်ခုံးနှစ်ခုကြားက ဝက်ခြံ

    • ဒီနေရာမှာ ပေါက်တဲ့ ဝက်ခြံအများစုက ကိုယ်စားလိုက်တဲ့ အစားအစာတွေနဲ့ မတည့်တာကြောင့် အဓိကဖြစ်ရတာပါ။
    • အထူးသဖြင့် နို့သကြားဓာတ်မစုပ်ယူနိုင်တဲ့သူတွေနဲ့ အစာမကြေတတ်တဲ့သူအများစုက မျက်ခုံးကြားထဲက နေရာလေးမှာ ဝက်ခြံပေါက်လေ့ရှိပါတယ်။

    ပါး ။

    • ပါးနဲ့ အများဆုံးထိတွေ့နေရတဲ့ မိတ်ကပ်လိမ်းပစ္စည်းတွေ၊ လက်ကိုင်ဖုန်းတွေကို သေချာသန့်ရှင်းရေး မလုပ်ဘူးဆိုရင် ဝက်ခြံပေါက်ဖို့ အလားအလာအရမ်းကို များသွားပါပြီ။
    • နောက်ပြီး ပါးပေါ်မှာ ပေါက်တဲ့ ဝက်ခြံတွေကအသက်ရှူပိုင်းဆိုင်ရာ ပြဿနာတွေနဲ့လည်း ဆက်စပ်နေတတ်ပါတယ်။

    မေးစေ့နဲ့ ပါးရိုးမှာ ပေါက်တဲ့ဝက်ခြံ

    • ဒီလို မေးစေ့နဲ့ မေးရိုးမှာ ပေါက်တဲ့ ဝက်ခြံ အများစုဟာ ဟော်မုန်းဓာတ်မမျှတလို့ ဖြစ်ရတဲ့ ဝက်ခြံတွေ ဖြစ်ပါတယ်။
    • ကိုယ်တွင်းမှာ ပြောင်းလဲနေတဲ့ ဟော်မုန်း တွေကို ထိန်းချုပ်လို့မရပေမယ့် မှန်မှန်အိပ်၊ အသီးအရွက်များများစား၊ ရေများများသောက်ပြီး ဝက်ခြံတွေကို ထိန်းချုပ်လို့ရပါတယ်။

    နားရွက်

    • နားရွက်မှာပေါက်တဲ့ဝက်ခြံအများစုဟာ ရေဓာတ်ခမ်းခြောက်ခြင်းကြော့င့် ဖြစ်ရတာပါ။
    • ဒ့ါကြောင့် ရေများများသောက်မယ်။ ဂတ်စ်ပါတဲ့အချိုရည်တွေကို ရှောင်နိုင်မယ်ဆိုရင် ဝက်ခြံဖြစ်တာတွေ လည်း သက်သာသွားမှာပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement