backup og meta

နည်းမှန်လမ်းမှန်နဲ့ ခေါင်းလျှော်ကြမယ် ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နည်းမှန်လမ်းမှန်နဲ့ ခေါင်းလျှော်ကြမယ် ။

    နည်းမှန်လမ်းမှန်နဲ့ ခေါင်းလျှော်ကြမယ် ။ ဒီ ခေါင်းစဉ်လေးဖတ်ပြီးတာနဲ့ ခေါင်းလျှော်တယ်ဆိုတာ ကိုယ်ငယ်ငယ်လေးထဲက လုပ်နေကျမို့ ဘာများခက်ခဲလို့ ဒီလိုဆောင်းပါးရေးရတာလဲဆိုတဲ့ အတွေးလေး ခေါင်းထဲ ရောက်မှာ ကျိန်းသေပါတယ်။ ဟုတ်ပါတယ်။ ဒီလို ငယ်ငယ်လေးထဲကလုပ်နေကျ၊ လွယ်ကူတဲ့ ကိစ္စတွေကိုပဲ တလွဲတွေ လုပ်နေတတ်ကြတာ လူတိုင်းနီးပါးပါ။ ဒီတော့ ခေါင်းလျှော်တဲ့ ကိစ္စမှာလည်း လွယ်လွယ်နဲ့ ပြီးစလွယ်လုပ်လိုက်ကြတာများပါတယ်။ ကြာလာတော့ ဆံသားတွေ ခြောက်သွေ့ အဖျားနှစ်ခွဖြစ်တာ၊ ဦးရေပြားဗောက်ထတာတွေ ဖြစ်လာပါတော့တယ်။

    နည်းမှန်လမ်းမှန်နဲ့ ခေါင်းလျှော်ကြမယ် ။

    နည်းမှန်လမ်းမှန်နဲ့ ခေါင်းလျှော်ကြမယ် ဆိုရာမှာ

    ( ၁ ) နည်းလေးကောင်းလေပါ။

    ခေါင်းကို နေ့တိုင်း လျှော်တာမျိုးထက် တစ်ပတ်ကို ၂ ကြိမ် ၃ ကြိမ်လောက် ခွဲလျှော်တာက ပိုပြီး စနစ်ကျ ပါလိမ့်မယ်။ လူတော်တော်များများက ဆံပင် လေးပုံကျချင်လို့ အဆီပြန်နေတာ မလိုချင်လို့ ဆိုပြီး ခေါင်းကို နေ့တိုင်း လျှော်တတ်ကြ ပါတယ်။

    တကယ်တော့ တစ်ပတ်သုံးကြိမ်လောက် လျှော်တာကသာ ဆံသား အတွက်ရော ဦးရေပြား အတွက်ပါ အကောင်းဆုံး ဖြစ်မှာပါ။ အဆီပြန်တာ မလိုချင်လို့ ခေါင်းကို နေ့တိုင်းလျှော်လေ ခေါင်းက အဆီတွေ ပိုထုတ်လေနဲ့ သံသရာ လည်နေပါလိမ့်မယ်။

    ( ၂ ) ရေပူကြီးနဲ့ ခေါင်းမလျှော်သင့်ပါ။

    ရေပူကြီးနဲ့ ခေါင်းလျှော်လိုက်ရင် ဆံသားတွေ ခြောက်သွေ့သွားပြီး အဖျားနှစ်ခွ ပိုပြီး ဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ခေါင်းလျှော်ချိန် ရေအပူကြီးတွေ မသုံးဘဲ ရေနွေးနွေးလောက်ပဲ သုံးလို့ရပါမယ်။

    တတ်နိုင်သလောက် ရိုးရိုးရေနဲ့ လျှော်တာက အကောင်းဆုံးနည်းလမ်းပါ။

    ( ၃ ) ဦးရေပြားကို နှိပ်နယ်ပေးပါ။

    ဆံသားကောင်းခြင်း မကောင်းခြင်းက ဦးရေပြားနဲ့ အများကြီး သက်ဆိုင်နေတာမို့ ခေါင်းလျှော်နေတဲ့ အချိန် ဦးရေပြားကို နှိပ်နယ်ပေးဖို့ အရေးကြီး ပါတယ်။ နှိပ်တဲ့ နေရာမှာ လက်သည်း တွေနဲ့ မကုတ်ခြစ်မိဖို့ကလည်း သတိထားရမယ့် အချက်ပါ။

    ကိုယ်ကသာ ဆံပင် က စေးကပ်ကပ် ဖြစ်နေလို့ အရမ်း ညစ်ပတ်နေမယ် ထင်ပေမယ့် တကယ်တမ်း အဲလောက်လည်း မညစ်ပတ်တဲ့ အတွက် လက်သည်းနဲ့ အတင်းကုတ်ပြီး ခေါင်းလျှော်စရာ မလိုပါဘူး။ လက်ချောင်းလေးတွေနဲ့ အသာ ဖွပြီး နှိပ်ပေးခြင်းကြောင့် ဦးရေပြားက အကြောတွေ ပြေလျော့ပြီး လန်းဆန်းစေမှာ အသေအချာပါ။

    ( ၄ ) ခေါင်းလျှော်ရည်၂ ကြိမ်ထည့်ပါ။

    ခေါင်းလျှော်တဲ့အခါ ပထမတစ်ကြိမ်ခေါင်းလျှော်ရည်ထည့်တာက ရှိနေတဲ့ ဦးရေပြားက ချေးတွေ စင်သွားအောင်လို့နဲ့ နောက်တစ်ကြိမ်ထည့်တဲ့ ခေါင်းလျှော်ရည်က ကျတော့ ခေါင်းလျှော်ရည်က ပါဝင်ပစ္စည်းတွေရဲ့ အာနိသင်ကို ရဖို့နဲ့ ဆံသားကို အားဖြည့်ပေးဖို့ ဖြစ်ပါတယ်။ ခေါင်းလျှော်ရည်ရွေးနဲ့ နေရာမှာလည်း ကိုယ့်ဦးရေပြား ဆံသားနဲ့ ကိုက်ညီတဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်ဖို့လည်း လိုပါသေးတယ်။

    ( ၅ ) ပေါင်းဆေးသုံးပါ။ ပျော့ဆေးသုံးပါ။

    ပေါင်းဆေး ပျော့ဆေးတွေက ဆံသားကို အားဖြည့်ပေး ရုံသာမက ရှုပ်နေတဲ့ ဆံသားတွေကိုပါ ရှင်းပေးတဲ့ အတွက်ကြောင့် ဆံပင် ကျွတ်တာ၊ ဆံပင်ကျွတ်ဆတ်တာတွေကို သက်သာစေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement