backup og meta

ဝက်ခြံပေါက်တတ်ပါသလား။ ဒါလေးတွေ သိထားဖို့ လိုတယ်နော်။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ခြံပေါက်တတ်ပါသလား။ ဒါလေးတွေ သိထားဖို့ လိုတယ်နော်။  ။

    ဝက်ခြံ ပေါက်လို့ ပျော်ကြတဲ့သူတွေ ဘယ်သူမှ မရှိပါဘူး။ မျက်နှာမှာ ဝက်ခြံတွေပေါက်နေရင် အလှပျက်မယ်၊ အပြင်သွားရမှာလည်း ရှက်လာမယ်။ ကိုယ့်ကိုကိုယ် ယုံကြည်မှုလည်း မရှိတော့ပါဘူး။ ဒီလို ကိုယ့်ကို ရုပ်ဆိုးစေတဲ့ ၊ စိတ်ညစ်ညူးစေတဲ့ ဝက်ခြံနဲ့ ပက်သက်တဲ့ လူတိုင်းသိချင်နေကြတဲ့ အကြောင်းတွေက ဘာတွေလဲ ။ ။

    Q – ဝက်ခြံတစ်ခု ဘယ်လိုစဖြစ်လာတာလဲ ။ ။

    မျက်နှာပေါ်မှာ ရှိတဲ့ အဆီဂလင်းလေးကနေ အဆီတွေ ထုတ်များပြီး ဖုန်တွေ၊ ဘက်တီးရီးယားတွေနဲ့ ရောသွားလို့ ချွေးပေါက်ပိတ်ရာကနေ ရောင်လာပြီး ဝက်ခြံတွေ ဖြစ်လာရတာပါ။

    Q – ဝက်ခြံ ဘယ်နှစ်မျိုးှရှိလဲ ။ ။

    • ဆားဝက်ခြံ ( blackhead) – အဆီတွေနဲ့ဖုန်တွေရောပြီး ချွေးပေါက်ထဲပိတ်နေတာ
    • အဆီဖု (whiteheads) – အဆီပြန်လွန်းပြီး ချွေးပေါက်ထဲ အဆီလေးတွေခဲပြီးစုနေတာ
    • Pimples – အရွယ်ရောက်ချိန် ပေါက်တတ်တဲ့ ဝက်ခြံ နဲ့
    • Acne Valguris – ဆင်ဝက်ခြံ တို့ဟာ အဖြစ်အများဆုံး ဝက်ခြံတွေပါ။ ။

    Q – ဘာကြောင့် ကိုယ့်မျက်နှာမှာမှ ဝက်ခြံတွေပေါက်ရတာလဲ။ ။

    သူများမျက်နှာလေးတွေမှာ ဝက်ခြံမရှိဘဲ ပြောင်ချောလေးဖြစ်နေပေမယ့် ကိုယ့်မျက်မှာပေါ်မှာတော့ ဝက်ခြံတွေ အပြည့်ဆိုရင် ကိုယ့်မျိုးရိုးနဲ့ ဟော်မုန်းတွေကိုသာ အပြစ်တင်ရမှာပါ ။

    Q – အဆီပြန်ရင် ဝက်ခြံပေါက်တယ်ဆိုတော့ အဆီမပြန်တဲ့သူတွေမှာရော ဝက်ခြံပေါက်တတ်လား ။ ။

    အဆီပြန် ပြီး ချွေးပေါက်ပိတ်လို့ ဝက်ခြံပေါက်တတ်တာ သိပြီးဆိုတော့ အသားခြောက်တဲ့သူတွေမှာ ဝက်ခြံ မပေါက်ဘူးလားလို့ မေးစရာရှိပါတယ်။ အသားခြောက်တဲ့သူတွေမှာလည်း ဝက်ခြံပေါက်နိုင်ပါတယ်။ အသားခြောက် တော့ ဆဲလ်သေတွေ မျက်နှာများ အများကြီးရှိနေတတ်ပြီး ချွေးပေါက်ပိတ်ကာ ဝက်ခြံပေါက်နိုင်ပါတယ်။

    Q – စိတ်ဖိစီးမှု နဲ့ ဝက်ခြံနဲ့က ဘယ်လိုဆက်စပ်နေပါသလဲ ။ ။

    စိတ်ဖိစီးမှုများရင် ဝက်ခြံပေါက်တယ်လို့ ကြားဖူးကြမှာပါ။ ဒါတွေဟာ စိတ်ဖိစီးမှုကို ပြန်တုန့်ပြန်တဲ့ ကိုယ်တွင်းက ဟော်မုန်းတွေ အပြောင်းအလဲဖြစ်သွားလို့ ဖြစ်ရတာပါ။ စိတ်ဖိစီးမှုကြောင့် မျက်နှာမှာ အဆီတွေ ပိုပြန်လာတဲ့အပြင် မွေးညှင်းအိတ်လေးတွေ ကို ရောင်စေလို့ ဝက်ခြံတွေ ထွက်လာရတာပါ ။

    Q – ကိုယ်စားလိုက်တဲ့ အစားအသောက်တွေ ကြောင့် ဝက်ခြံထွက်တယ်ဆိုတာ မှန်ပါသလား ။ ။

    တစ်ချို့ ဝက်ခြံမပေါက်ချင်ရင် ရှောင်ရတဲ့အစားအစာတွေ ရှိတယ်လို့ ပြောတာတွေကြားဖူးမှာပါ။ တကယ်တော့ အစားအသောက်တွေက ဝက်ခြံတွေ အပေါ်မှာ သက်ရောက်မှု မရှိသလောက်ရှားပါတယ်။ ချော့ကလက်စားလို့ ၊ အစပ်စားလို့၊ အငန်စားလို့ ၊ ပင်လယ်စာတွေစားလို့ ဝက်ခြံပေါက်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ဝက်ခြံဆိုတာ ဖုန်၊ အဆီနဲ့ ဘက်တီးရီးယားတွေရောသွားလို့ ဖြစ်ရတာပါ။

    Q – အလှကုန်ပစ္စည်းတွေ၊ မိတ်ကပ်တွေ ကြောင့် ဝက်ခြံပေါက်နိုင်လား၊ ပေါက်နေတဲ့ ဝက်ခြံတွေ ပိုဆိုးသွားနိုင်လား ။ ။

    သိပ် ပေါက်နိုင်ပါတယ်။ ကိုယ်ဝယ်လိုက်တဲ့ အလှကုန်ပစ္စည်းမှာ အဆီတွေ အများကြီးပါလို့ မျက်နှာကို အဆီပိုပြန်စေပြီး ချွေးပေါက်ပိတ်စေပြီး ဝက်ခြံတွေပိုထွက်လာနိုင်ပါတယ်။ ဝက်ခြံချက်ချင်းမထွက်ရင်တောင် အဆီဖု လေးတွေ ထွက်လာပြီး နောက်ပိုင်း ဝက်ခြံတွေ အဖြစ်ပြောင်းသွားနိုင်ပါတယ်။ ဒါ့အပြင် ဝက်ခြံပေါက်နေတဲ့ မျက်နှာကို အတင်းမိတ်ကပ်တွေ ဖိလိမ်းရင် ချွေးပေါက်တွေထဲ မိတ်ကပ်ဝင်သွားတာကြောင့် ချွေးပေါက်ပိုပိတ်၊ ဝက်ခြံပိုထွက်နိုင်ပါတယ်။ ဒါကြောင့် ညအိပ်ရာဝင်ခါနီးတိုင်း လိမ်းထားတဲ့ မိတ်ကပ်တွေကို အကုန်ဖျက် မျက်နှာ သစ်ပြီးမှ အိပ်ရာဝင်သင့်တာပါ ။

    Q – ကိုယ်ဝယ်လိုက်တဲ့ အလှကုန်ပစ္စည်းတွော non-comedogenic ( အဆီဖုကို မဖြစ်စေ) ဘူးဆိုတာကို ဘယ်လိုသိနိုင်မလဲ ။ ။

    တစ်ချို့ အလှကုန်တွေရဲ့ ဘူးနောက်ကျောမှာ non-comedogenic ( အဆီဖုကို မဖြစ်စေ) ဆိုတဲ့ စာသားလေးတွေ ထည့်ပေးထားတာတွေ့ရပါလိမ့်မယ်။ ဒါမျိုး အလှကုန်တွေကို ဝယ်သုံးလို့ရပါတယ်။ ဒါမှမဟုတ် non-comedogenic စာသား မပါရင်တော့ မဝယ်ခင် ကိုယ့်လက် အတွင်းသားလေးမှာ အရင်စမ်းကြည့်ပြီး အဖုလေးတွေ ပေါက်မလာဘူးဆိုတော့မှ အဲဒီ အလှကုန်ပစ္စည်းတွေကို ဝယ်သုံးတာ အကောင်းဆုံးပါ။

    Q – မျက်နှာ ခဏခဏသစ်ရင် ပေါက်နေတဲ့ ဝက်ခြံတွေ ပျောက်လိမ့်မယ်ဆိုတာ ဟုတ်ပါသလား ။ ။

    မျက်နှာခဏခဏ သစ်ပေးရင် ဝက်ခြံပျောက်နိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ မျက်နှာသစ်ဆေး အများစုဟာ မျက်နှာပေါ်ကအဆီတွေကို ဖယ်ရှားပေးလို့ အဆီတွေ မရှိတော့တာမှန်ပေမယ့် ခဏခဏ မျက်နှာသစ်ရင် မရှိတော့တဲ့အဆီတွေနေရာ အစားထိုးဖို့အတွက် အဆီဂလင်းတွေက အလုပ်တွေပိုလုပ်ပြီး အဆီတွေ ပိုထုတ်ရပါတယ် ။ ဒီလိုနဲပဲ မျက်နှာသစ်လိုက် အဆီတွေပြန်ထုတ်လိုက် နဲ့ သံသရာလည်နေတော့မှာပါ။

    Q – ဝက်ခြံညှစ်တတ်တဲ့ အကျင့်ရှိတာကောင်းသလား။ ။

    ဝက်ခြံတစ်ဖုပေါက်လာပြီဆိုရင် အထဲ အမြစ်ထွက်သွားဖို့၊ ဝက်ခြံမြန်မြန်ပိန်စေဖို့အတွက် ဝက်ခြံညှစ်တတ်ကြပါတယ်။ တစ်ချို့ကလည်း လက်နဲ့ သွားသွားကိုင်ကြည့် ဆွကြည့်ကြပါတယ်။ ဒီလို ဝက်ခြံကို ညှစ်တာ၊ ဆွပေးတာတွေကြောင့် လက်မှာရှိနေတဲ့ ဘက်တီးရီးယားပိုးတွေကြောင့် ဝက်ခြံပိုဆိုးသွားနိုင်တဲ့အပြင် လက်ပူလိုက်ပြီး ဝက်ခြံဖု ပိုကြီးလာနိုင်ပါတယ် ။ ဒါ့အပြင် ဝက်ခြံညှစ်ပြီးနောက်ပိုင်း ပျောက်ဖို့ ခက်တဲ့ အမာရွတ် တွေနဲ့ ချိုင့်ခွက်တွေကျန်ခဲ့တတ်ပါတယ်။

    Q – ဝက်ခြံပေါက်တတ်တဲ့သူတွေ ဟာ ဘယ်လို အလှကုန်ပစ္စည်းမျိုးကို ဝယ်သုံးသင့်သလဲ ။ ။

    ဝက်ခြံအတွက် သီးသန့်ထုတ်ထားတဲ့ အလှကုန်ပစ္စည်းတွေကို အဓိကဝယ်သုံးသင့်ပါတယ်။ အလှကုန်ပစ္စည်းတွေနဲ့ လည်း မပျောက်ဘူးဆိုရင်တော့ ဆရာဝန်ဆီသွားပြီး ကိုယ့်နဲ့ အသင့်တော်ဆုံး ကုသမှုကို ခံယူတာကသာ အကောင်းဆုံးပါ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement