ကိုယ့်နှုတ်ခမ်းလေးကိုစိတ်တိုင်းမကျလို့ Lip Filler ထိုးချင်နေပြီလား။

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

တစ်ကိုယ်လုံးမှာ အပြစ်ပြောစရာ မရှိလှပဖို့ ဆိုတာ မိန်းကလေးတိုင်းရဲ့  တောင်းဆုတစ်ခုပါ။ ခုခေတ်ကြီးမှာေးမွးဖွားလာတဲ့ မိန်းကလေးတွေဆို ကံကောင်းတယ်လို့ ပြောလို့ရပါတယ်။ ခေတ်ကြီးကိုက ပန်းပု တစ်ခုထုသလို ပန်းချီတစ်ချပ်ဆွဲသလို ကိုယ်လိုချင်တဲ့ အတိုင်း ပြုပြင်လို့ ရတဲ့ ခေတ်ကိုး။ မျက်နှာမှာ စိတ်တိုင်းမကျတဲ့ အပိုင်းတွေ ရှိနေရင် ပလတ်စတစ်ဆာဂျီတွေလုပ်လို့ရတယ်။ နှာခေါင်းဆိုလည်း နှာခေါင်းအလျောက်၊ နှုတ်ခမ်း၊ မျက်လုံး အစုံပါပဲ။ ခုနောက်ပိုင်းမှာ ခွဲစိတ်ရမှာကြောက်တဲ့ သူတွေ အတွက် Filler collagen ထိုးတာတွေ ခေတ်စားလာတယ်။ ဆေးလေးထိုးပြီး မျက်နှာက စိတ်တိုင်းမကျတဲ့ အပိုင်းလေးတွေကို ပြုပြင်လို့ရတယ်။ Filler တွေထဲကမှ Lip filler နှုတ်ခမ်း Filler လေးက ပိုလူသိများတယ်။  ဒါကြောင့် lip filler လေးအကြောင့်းပြော့ပချင်ပါတယ်။

Filler ဆိုတာဘာလဲ။  ။

Filler ဆိုတာ အရေပြားထဲ ထိုးသွင်းလို့ရတဲ့ ဆေးတစ်မျိုးဖြစ်တယ်။ မျက်နှာမှာ ချိုင့်နေတဲ့ နေရာတွေပြည့်လာအောင် ၊ သေးနေတဲ့ နှုတ်ခမ်းတွေ ဖူးလာအောင်၊ ပေါ်နေတဲ့ အရေးအကြောင်းတွေ မှိန်သွားအောင် Filler ဆေးလေးထိုးပြီး  ပြုပြင်လို့ရတယ်။ နာမည်ကိုက Filler မဟုတ်လား။ လိုနေတဲ့ နေရာတွေကို ဖြည့်ပေးမှာလေ။ ဒါပေမယ့် အားနည်းချက်တစ်ခုရှိတာက filler က တစ်ခါထဲထိုးရုံနဲ့မရပါဘူး။ သူက အချိန်တစ်ခုအထိပဲခံပြီး အာနိသင်ကုန်သွားရင် ပြန်ပြန်ထိုးရမှာ ဖြစ်တယ်။ အားသာချက် လည်းရှိပါတယ်။ ကိုယ်က မထိုးချင်တော့ဘူး၊ အရင်လို ပုံစံလေးပဲပြန်လိုချင်ရင် filler ထိုးတာကို ရပ်လိုက်လို့ရပ်တယ်။ ဆက်မထိုးတော့ရင် သူ့အာနိသင်လည်း မရှိတော့လို့ အရင်လို ပုံစံမျိုးလေးပဲ ပြန်ရမှာ ဖြစ်ပါတယ်။

Lip filler ဆိုတာဘာလဲ။  ။

Filler မျိုးစုံရှိပါတယ်။ အဲ့ထဲက မှ လူသိပိုများတဲ့ Lip filler နှုတ်ခမ်း Filler လေးအကြောင်းပြောပြချင်ပါတယ်။  Lip filler ဆိုတာ နှုတ်ခမ်းဖူးဖူးလေးရအောင် လုပ်ပေးတဲ့ နှုတ်ခမ်းထဲ (သို့မဟုတ်) နှုတ်ခမ်းပတ်လည်ကိုထိုးသွင်းလို့ရတဲ့ ဆေးရည်တစ်ခုပဲဖြစ်တယ်။ Lip filler ဆေးရည်မှာ Hyaluronic acid ဆိုတဲ့ ပစ္စည်းလေးပါတယ်။ Hyaluronic acid. က ချိုင့်နေတဲ့ နှုတ်ခမ်းလေးတွေကို ဖြည့်ပေးပြီး နှုတ်ခမ်းဖူးဖူးလေးကို ရစေမှာဖြစ်တယ်။ အဲ့လို Lip filler ကို hyaluronic acid. Filler လို့ခေါ်တယ်။ collagen filler တို့ fat (အဆီ) ထိုးသွင်းတဲ့ filler တို့ရှိပေမယ့် hyaluronic acid. Filler ကို ခုခောတ်မှာ ပိုသုံးကြပါတယ်။

Hyaluronic acid. Filler

Hyaluronic acid. Filler ကို ဘာလို့ပိုသုံးကြလဲဆိုတော့ သူက အချိန်ကြာကြာပိုခံတယ်။ တစ်ခါထိုးထားရင် ခြောက်လလောက်ခံတယ်။ ဘေးထွက်ဆိုးကျိုးလည်းနည်းတယ်။ hyaluronic acid Filler ကို နှုတ်ခမ်းထဲ ထိုးလိုက်မယ်ဆိုရင်

  • နှုတ်ခမ်း ပုံစံ
  • နှုတ်ခမ်း တည်ဆောက်ပုံ
  • နှုတ်ခမ်း အထူအပါး ကို ပြုပြင်ပေးတယ်ဆိုတော့ စိတ်တိုင်းမကျ ဖြစ်နေတဲ့  နှုတ်ခမ်းလေးတွေ အတွက် အဆင်ပြေတာပေါ့နော်။

ကိုယ်လိုချင်တဲ့ အနေအထားရောက်ပြီဆို ထိုးတာကို ရပ်လိုက်လို့ရပြီ။ hyaluronic acid. Filler က ထိုးပြီး နှုတ်ခမ်း အညိုအမဲစွဲနေတာကိုလည်း သိပ်မဖြစ်စေဘူး။ hyaluronic acid ဆိုတာ ကိုယ်ခန္ဓာကလည်း ထုတ်တဲ့ အရာမို့ ဓာတ်မတည့်ခြင်းဖြစ်တာကိုလည်း နည်းစေတယ်။

Lip filler ထိုးနေစဉ် ဘာတွေ လိုက်နာသင့်သလဲ။  ။

Filler မထိုးခင် ထုံဆေးတစ်မျိုး အရင်ထိုးရတယ်။ ထုံဆေးနဲ့ မတည့်ရင်တော့ ဆရာဝန်ကို ကြိုပြောပြသင့်တယ်နော်။ ကျွမ်းကျင်စိတ်ချရတဲ့ ဆရာဝန် ဆီမှာထိုးဖို့လည်း အရေးကြီးတယ်။ ဆရာဝန်တွေက နှုတ်ခမ်းပတ်လည်မှာ အရာလေးပေးပြီး ဆေးထိုးအပ်လေးနဲ့ Filler ကိုထိုးသွင်းပေးမှာပါ။ အချိန် အများကြီးလည်း မကုန်ပါဘူး။ ထိုးပြီးရင်လည်း ထိုးထားတဲ့ နေရာကို ရေခဲလေးကပ်ပေးရမှာပါ။ ရေခဲနဲ့ မဖိလိုက်ဖို့တော့ အရေးကြီးတယ်နော်။ ထိုးပြီးပြီးချင်း နှုတ်ခမ်းနီလည်း ဆိုးလို့မရပါဘူး။ ထိုးပြီးရင် နှုတ်ခမ်းလေးက သက်တောင့်သက်သာ ရှိနေရမှာ ဖြစ်ပြီး တစ်ခုခု ထူးခြားတာရှိရင် ဆရာဝန်ကို ချက်ချင်းပြောသင့်တယ်။

ဖြစ်နိုင်ချေ၇ှိတဲ့ ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ။

  • ထိုးလိုက်တဲ့ နေရာကနေ သွေးထွက်တာ
  • ရောင်နေတာ
  • နီရဲပြီးထိလိုက်ရင်နာနေတာ
  • ထိုးလိုက်မှ ငုတ်နေတဲ့ ရေယုံတွေ နှုတ်ခမ်း ပတ်လည်မှာ ပြန်ပေါက်လာတာ
  • ပိုးဝင်တာ
  • ထိုးပေးတဲ့သူ  မကျွမ်းကျင်လို့ နှုတ်ခမ်း မညီမညာဖြစ်တာ တွေဖြစ်တတ်ပါတယ်။

ဒါကြောင့် ကျွမ်းကျင်စိတ်ချရတဲ့ ဆရာဝန်နဲ့ Fiiller ထိုးဖို့ သိပ်အရေးကြီးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာ တစ်ခုခု ပြောင်းလဲ သွားမှာဖြစ်လို့ Filler ထိုးတော့မယ်ဆို နှစ်ခါပြန်စဉ်းစားစေချင်ပါတယ်။ ကိုယ်လက်ရှိ ဖြစ်နေတဲ့ အရာကိုလုံးဝမကြိုက်ဘူး။ ပိုက်ဆံလည်းရှိမယ် ပြောင်းလဲလိုက်လို့ဖြစ်လာမယ့်  ဘေးထွက်ဆိုးကျိုးတွေ၊ ပတ်ဝန်းကျင်ရဲ့ ပြောဆိုမှုတွေကိုလည်း လက်ခံ နိုင်မှသာ Filler ကို ထိုးသင့်တယ်လို့ အကြံပေးချင်ပါတယ်။    ။

 

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

 

မျှဝေမည်

တည်းဖြတ်သည့်နေ့ စကျတငျဘာ 3, 2018 | နောက်ဆုံးတည်းဖြတ်ခြင်း စကျတငျဘာ 3, 2018

ဘ၀ကို အကောင်းဆုံး နေထိုင်လိုပါသလား
ကျန်းမာခြင်းနည်းလမ်းများ နဲ့ နောက်ဆုံးပေါ် အချက်အလက်များသိရှိဖို့ အတွက် Hello Sayarwon နေ့ စဉ် သတင်းစာကို ရယူလိုက်ပါ
သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။