backup og meta

ဦးနှောက်သို့ထောက်ပံ့ပေးသောသွေးလွှတ်ကြောရောဂါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဦးနှောက်သို့ထောက်ပံ့ပေးသောသွေးလွှတ်ကြောရောဂါ

    နောက်ပိုင်းနှစ်ကာလတွေမှာ လေဖြတ်ခြင်းဟာ သိသိသာသာကိုတိုးလာတဲ့ရောဂါတစ်ခုဖြစ်တယ်။ လေဖြတ်ခြင်းအများစုဟာ ဦးနှောက်ကိုထောက်ပံ့ပေးနေတဲ့သွေးလွှတ်ကြော တနည်း မေ့ကြောလို့ခေါ်တတ်ကြတဲ့ carotid artery ရောဂါ ဒါမှမဟုတ် သွေးဝင်ခန်းခုန်နှုန်းမမှန်ခြင်းကြောင့် ဖြစ်နေရပါတယ်။ Carotid artery ရောဂါဟာ သွေးကြောထဲမှာသွေးများခဲကာ ဦးနှောက်ဆီသွေးမရောက်ခြင်းကြောင့်လေဖြတ်ရခြင်းဖြစ်တယ်။

    အကြောင်းအရင်းများ

    အဓိကကတော့ သွေးလွှတ်ကြောတွေရဲ့ အတွင်းနံရံတွေ ဆက်တိုက်ထိခိုက်ခြင်းကြောင့်ဖြစ်ရတယ်။ သွေးကြောအတွင်းမှာ စုပုံနေတဲ့အရာတွေက သွေးစီးလမ်းကြောင်းကိုပိတ်ကာ အထူးသဖြင့်ဦးနှောက်ဆီသို့သွေးရောက်မှုကိုဟန့်တားလိုက်တယ်။ အကြောင်းအရင်းတွေကတော့ –

  • ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးသုံးခြင်း။
  • သွေးတိုးခြင်း။
  • သွေးတွင်းသကြားဓါတ်၊ အဆီ၊ ကိုလက်စရောတိုးစေသောရောဂါများ၊ ဥပမာ- ဆီးချိုသွေးချို၊ အဝလွန်ခြင်း သို့ အင်ဆူလင်မထိန်းနိုင်ခြင်း။
  • ထိုအခါ ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ပျက်စီးမှုတွေပြန်ပြင်ဖို့၊ ပြန်လည်တိုက်ခိုက်ဖို့စတင်လာတယ်။ ထိုပြန်လည်ပြင်ဆင်ခြင်းကြောင့် သွေးကြောထဲမှာ စုပုံခြင်းတွေဖြစ်လာပြီး သွေးကြောကျဉ်းခြင်း၊ ပိတ်ခြင်းတို့ ဖြစ်လာတော့တယ်။ ကိုလက်စရော၊ အမျှင်တစ်သျူး၊ ကယ်လ်စီယမ်နဲ့ တခြားဆဲလ်အမှုန်အမွှားများစုကာ ထိခိုက်နေတဲ့သွေးကြောနံရံကိုဖာဖို့ သွေးခဲဖြစ်လာတယ်။ ထိုသွေးခဲကြောင့်ပဲ သွေးကြောကျဉ်းလာပြီး လေဖြတ်ရပါတော့တယ်။

    လက္ခဏာများ

    ပုံမှန်အားဖြင့်စောစီးတဲ့အဆင့်တွေမှာ လက္ခဏာတွေမပြတတ်ဘူး။ ပိုအရေးကြီးတာက သွေးကြောတဝက်ပိတ်ချိန် သို့ လုံးဝပိတ်သွားပြီး လေဖြတ်ကာမှ လက္ခဏာတွေပေါ်လာတာဖြစ်တယ်။ အောက်ပါတို့ဖြစ်နိုင်ပါတယ် –

    • မူးခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်း။
    • ရုတ်တရတ်အကြောင်းမဲ့ပြင်းထန်စွာခေါင်းကိုက်ခြင်း။
    • များသောအားဖြင့်တခြမ်းကွက်ပြီး မျက်နှာ၊ ခြေ လက်တို့တွင် ထုံခြင်း၊ အားနည်းခြင်း။
    • စကားပြောခြင်း၊ နားလည်ခြင်းတို့တွင်အခက်အခဲဖြစ်လာခြင်း။
    • မျက်လုံးတစ်ဖက် သို့ နှစ်ဖက်လုံးရုတ်တရတ်မမြင်တော့ခြင်း။

    ကာကွယ်ခြင်း

    သိနေပြီးသားအတိုင်း ရောဂါတစ်ခုကိုကာကွယ်ရန် ထိုရောဂါဖြစ်နိုင်စေသောအချက်များကိုကာကွယ်ဖို့လိုပါတယ်။ လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောရောဂါတို့မှာ ဆေးလိပ်သောက်ခြင်း၊ နေထိုင်မှုပုံစံမမှန်ခြင်းတို့ကဲ့သို့ အချက်များစွာရှိပါတယ်။ ဒါကြောင့် သင့်နှလုံးသားအတွက် ကျန်းမာရေးညီညွတ်တဲ့နေထိုင်မှုပုံစံနေသင့်တယ်။

    • ကျန်းမာရေးညီညွတ်စွာစားခြင်း – ဒါကြားဖူးနေကျပါ။ ဒါပေမယ့် ဘယ်တော့မှလည်းအိုဟောင်းမသွားတဲ့အကြံဉာဏ်ပါ။ ကျန်းမာရေးညီညွတ်စွာစားခြင်းဖြင့် နှလုံးရောဂါသာမက တခြားသော သွေးချိုဆီးချို၊ အဝလွန်ခြင်း စသည်တို့ကိုလည်း ကာကွယ်နိုင်မှာဖြစ်တယ်။ ကိုယ်အလေးချိန်ထိန်းနိုင်ပါက သွေးတွင်းသိကြားဓါတ်များခြင်းကိုကာကွယ်နိုင်ပြီး ဦးနှောက်သွေးကြောရောဂါများကိုလည်းကာကွယ်နိုင်ပါလိမ့်မယ်။
    • ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း။
    • ဆေးလိပ်ဖြတ်ခြင်း။

    ပြင်းထန်တဲ့အခြေအနေတွေမှာနေထိုင်မှုပုံစံပြောင်းလဲခြင်းတစ်ခုထဲနဲ့ ရောဂါကိုမထိန်းချုပ်နိုင်ပါဘူး။ ဆရာဝန်ကဆေးများနဲ့ကုသကာ ရောဂါဖြစ်နိုင်စေသည့်အချက်များကိုထိန်းချုပ်ပါလိမ့်မယ်။

    လေ့လာမှုတွေအရ carotid artery ရောဂါခံစားနေရသူတွေဟာ အမေရိကန်ဒေသတွေအပြင် အများကြီးကျော်လာပါပြီ။ နေထိုင်မှုပုံစံမမှန်တဲ့တိုင်းပြည်တွေမှာထိုရောဂါဖြစ်ပြီးလေဖြတ်ခြင်းတွေဖြစ်လာကြတယ်။ ဒါပေမယ့် နေထိုင်မှုပုံစံပြောင်းလဲပြီး ဆေးသောက်ခြင်းဖြင့် ကာကွယ်နိုင်မယ့်အခွင့်အလမ်းတွေလည်း ရှိပါသေးတယ်။

    Hello Health Group မှ အခြားသောဆေးဘက်ဆိုင်ရာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများ၊ ကုသမှုများမပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr.Aye Myat Myat Noe မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement