backup og meta

ဦးခေါင်းထိခိုက်မိခြင်းဟာ လေဖြတ်စေနိုင်သလား


Dr. Thant Zin မှ ရေးသားသည်။ · 25/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဦးခေါင်းထိခိုက်မိခြင်းဟာ လေဖြတ်စေနိုင်သလား

    လေဖြတ်ခြင်းရဲ့ ၂၀%ခန့်ဟာ အသက် ၆၅ နှစ်အောက်

    အရွယ်တွေမှာ တွေ့ရတတ်ပြီး ဒီလေဖြတ်ရခြင်းရဲ့ အကြောင်းရင်းကတော့ နားလည်ရခက်နေဆဲပါပဲ။ ဦးခေါင်းပိုင်းထိခိုက်ခြင်းနဲ့ ခေါင်းထိခိုက်မှုကြောင့် ဦးနှောက်ဒဏ်ရာရတဲ့အခါမှာ လေဖြတ်နိုင်ခြေ များတယ်လို့ သုတေသနတခုက ဆိုပါတယ်။

    သုတေသီတွေ တွေ့ရှိတာကတော့ အသက် ၅၀အောက် အရွယ်တွေမှာ ထိခိုက်မှုကြောင့် ဦးနှောက်ဒဏ်ရာရခြင်းမှာ အသက် ၅၀ကျော်အရွယ်တွေထက် ပိုဖြစ်တတ်ပါတယ်။ တကယ်တော့ အသက် ၅၀အောက် တစုံတယောက်အတွက် လေဖြတ်နိုင်ခြေ သိပ်တော့မရှိပါဘူး။ ဒါကြောင့် ၃၀ % လောက် ဖြစ်နိုင်ခြေများလာခြင်းဟာ တယောက်ချင်းစီကိုတော့ သိပ်ပြီး ထိရောက်မှု မရှိပါဘူး။

    အကြောင်းရင်းများ

    ထိခိုက်မှုကြောင့် ဦးနှောက်ဒဏ်ရာရခြင်းဟာ ဦးခေါင်း ဒါမှမဟုတ် ကိုယ်ခန္ဓါကို ထိခိုက်မိလို့ ဒဏ်ရာရစေလို့

    ဖြစ်ပါတယ်။ ဒဏ်ရာအတိမ်အနက်ဟာ အဖြစ်အပျက်ရဲ့ သဘောသဘာဝ၊ ထိခိုက်တဲ့အား စတဲ့ အကြောင်းများစွာပေါ် မူတည်ပါတယ်။ ဒဏ်ရာနဲ့ပတ်သက်လို့ အောက်ပါအချက်တွေမှာ မူတည်ပါတယ်။

    – ဦးနှောက်ဆဲလ်များ ထိခိုက်ခြင်းဟာ ဦးခေါင်းခွံပေါ် ထိခိုက်တဲ့ နေရာအောက်တည့်တည့်မှာ ဖြစ်ပေါ်စေပါတယ်။

    – အလွန်ပြင်းထန်တဲ့ ထိခိုက်မှုကြောင့် ဥိးနှောက်ဟာ ဦးခေါင်းခွံထဲမှာ ရှေ့နောက်ရွေ့သွားရင် ထိခိုက်မှုတွေ ပိုများတတ်ပါတယ်။

    – လည်တဲ့အနေအထားနဲ့ ပြင်းထန်စွာ ခိုက်မိရင် ဆဲလ်တည်ဆောက်မှုတွေကို စုတ်ပြဲစေပါတယ်။

    – ပေါက်ကွဲစေတတ်တဲ့ အရာနဲ့ဆိုရင် ကျယ်ပြန့်တဲ့ ထိခိုက်မှုကို ဖြစ်ပေါ်စေပါတယ်။

    – ဥိးခေါင်းခွံကို ဖောက်ထွင်းပြီးဝင်လာတဲ့ အရာဝတ္ထုဟာ ဦးနှောက်ဆဲလ်တွေ၊ သွေးကြောတွေ၊ ဦးနှောက်ဘေးက အကာအကွယ်ပေးတဲ့ တစ်သျှူးတွေကို ပြန်မကောင်းနိုင်သော ပျက်စီးခြင်းမျိုးနဲ့ ဆိုးရွားပြင်းထန်စွာ

    ထိခိုက်စေနိုင်ပါတယ်။

    – ဦးနှောက်ထဲမှာ၊ ဦးနှောက်တဝိုက်မှာ သွေးယိုတာ၊ ရောင်တာ၊ သွေးခဲတာဟာ ဦးနှောက်ကို အောက်ဆီဂျင်ရာက်ခြင်းမှ ပြတ်တောက်စေပြီး ထိခိုက်မှုကို ပိုဆိုးစေပါတယ်။

    ထိခိုက်မှုကြောင့် ဦးနှောက်ဒဏ်ရာရခြင်း အဖြစ်အများဆုံး အခြေအနေတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

    ချော်လဲခြင်း၊ လိမ့်ကျခြင်း။ အိပ်ရာမှလိမ့်ကျတာ၊ ရေချိုးခန်းမှချော်လဲတာ၊ လှေကားထစ်မှ ပြုတ်ကျတာ စတဲ့ လိမ့်ကျခြင်းတွေဟာ ထိခိုက်မှုကြောင့် ဦးနှောက်ဒဏ်ရာရခြင်းကို အဖြစ်များစေပြီး အသက်ကြီးပိုင်းနဲ့ ကလေးငယ်တွေမှာ တွေ့ရများပါတယ်။

    ယာဉ်တိုက်မှု။ ကား၊ မော်တော်ယာဉ်၊ စက်ဘီးစတာနဲ့ လူနဲ့ မတော်တဆထိခိုက်မိခြင်းဟာ တွေ့ရများတဲ့ အကြောင်းအရင်းတခု ဖြစ်ပါတယ်။

    အကြမ်းဖက်မှု။ ဦးနှောက်ထိခိုက်မှုရဲ့ ၂၀%ခန့်ဟာ သေနတ်ဒဏ်ရာ၊ အိမ်တွင်းအကြမ်းဖက်ခြင်း၊ ကလေးကို အကြမ်းဖက်ခြင်း စတဲ့ အကြောင်းအရာတွေကြောင့် ဖြစ်စေပါတယ်။ ကလေးကို ကြမ်းတမ်းစွာ ကိုင်လှုပ်ခြင်းကြောင့် ကလေးရဲ့ ဦးနှောက်ဆဲလ်တွေ ထိခိုက်စေနိုင်ပါတယ်။

    အားကစား။ ဦးနှောက်ထိခိုက်ခြင်းကို ဘောလုံး၊ လက်ဝှေ့၊ ဘေ့စ်ဘော၊ စကိတ်၊ ဟော်ကီ စတဲ့ အားကစားနည်းတွေနဲ့ တခြားပြင်းထန်တဲ့ အားကစားနည်းတွေကြောင့် ဖြစ်စေပြီး လူငယ်တွေမှာ တွေ့ရများပါတယ်။

    ပေါက်ကွဲခြင်း၊ တိုက်ပွဲတွင် ဒဏ်ရာရခြင်း။ ပေါက်ကွဲမှုဟာ ဦးနှောက်ဒဏ်ရာရခြင်းရဲ့ အကြောင်းရင်းတခုဖြစ်ပြီး စစ်မှုထမ်းတွေမှာ အတွေ့များပါတယ်။ ထိခိုက်ရခြင်းရဲ့ ဖြစ်ပေါ်ပု့ကို ကောင်းကောင်းမသိရပေမယ့် သုတေသီအများကတော့ ပေါက်ကွဲမှုက ထွက်ပေါ်တဲ့ ဖိအားလှိုင်းတွေဟာ ဦးနှောက်ကိုဖြတ်သွားပြီး ဦးနှောက်ရဲ့လုပ်ငန်းတွေကို ဖြတ်တောက်ပစ်လိုက်တယ်လို့ ယူဆကြပါတယ်။

    ဒါ့အပြင် ပေါက်ကွဲမှုရဲ့ နောက်ဆက်တွဲပြသနာတွေဖြစ်တဲ့ ဖောက်ထွင်းဝင်သွားတဲ့ ဒဏ်ရာတွေ၊ ချွန်ထက်တဲ့အရာတွေ လွင့်စင်ပြီး ထိခိုက်မိတာတွေ၊ ပြုတ်ကျတာ၊ ကိုယ်ခန္ဓါကို တိုက်ရိုက်ထိခိုက်တာတွေကြောင့်လည်း ဦးနှောက်ဒဏ်ရာ ရတတ်ပါတယ်။

    ဦးခေါင်းထိခိုက်မိသူများနဲ့ တခြားဦးနှောက်ထိခိုက်မှုများမှာ အရမ်းကြီးစိတ်ပူပန်မနေသင့်ဘဲ လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ကိုင်ရပါမယ်။ သွေးပေါင်ချိန်ကိုထိန်းခြင်း၊ လေဖြတ်ခြင်းရဲ့ သတိပေးလက္ခဏာတွေကို သတိပြုခြင်း စတာတွေနဲ့ လေဖြတ်နိုင်ခြေကို လျှော့ချရပါမယ်။ သွေးခဲလေဖြတ်ခြင်းကို သွေးခဲပျော်ဆေးများနဲ့

    အချိန်မီကုသခြင်းဟာ မစွမ်းမသန်ဖြစ်ခြင်း၊ သေဆုံးခြင်းစတာတွေ လျော့နည်းအောင် ကောင်းကောင်းကူညီနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 25/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement