backup og meta

လေဖြတ်ပြီးနောက် ကြွက်သားတောင့်တင်းခြင်းကို သက်သာစေသော နည်းလမ်း ၅ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Ye Mhan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေဖြတ်ရောဂါ ဖြစ်ပြီး အသက်ရှင်သူများတွင် ခန္ဓါကိုယ် တောင့် တင်းနေတတ်ပါသည်။ အသက်ရှင်သူ ရောဂါရှင် အနေဖြင့် ယခင် လောက် လှုပ်ရှားရ မကောင်းသည်ကို တွေ့ရမည် ဖြစ်ပါသည်။ ယင်းကို ကြွက်သားတောင့်တင်းခြင်း (muscle spasticity) ဟု ခေါ်ပါသည်။

    လေ့ကျင့်ခန်း ပြုလုပ်ခြင်း

    လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် ကြွက်သားတောင့်တင်းခြင်း အ တွက် အရေးကြီးပါသည်။ ထို့ကြောင့် လေဖြတ်ပြီးသော လူနာကို ဆရာဝန်အနေဖြင့် ပြန်လည်သန်စွမ်းရေးအတွက် အကြောအဆစ် ပြန်လည်သန်စွမ်းရေး ပညာရှင်နှင့် တွေ့ဆုံပေးပါလိမ့်မည်။ ယင်းပညာရှင်က လူနာ၏ အခြေအနေပေါ် မူတည်ပြီး ပြန်လည်သ န်စွမ်းရေးအတွက် သင့်တော်သော လေ့ကျင့်ခန်းများကို သင်ကြား ပေးပါမည်။ နောက်ပိုင်းတွင်မူ ပညာရှင်နှင့် ရက်ချိန်ပေး တွေ့ဆုံပြီး ကြားထဲတွင် လူနာကိုယ်တိုင် လေ့ကျင့်ခန်း များကို ပြုလုပ်ရမည်ဖြစ်ပါသည်။ ရေကူးခြင်းကဲ့သို့ လေ့ကျင့်ခန်း များသည်လည်း ကြွက်သားများ လျော့ရဲခြင်းကို သက်သာစေ ပါမည်။ အချို့အခြေအနေများတွင် လိုအပ်ပါက ရေခဲကပ်ခြင်း၊ လျပ်စစ်လှုံဆော်ပေးခြင်း တို့ကို လိုအပ်သလို ပြုလုပ်ပေးပါ လိမ့်မည်။

    စက်ကိရိယာများ

    Braces ဟုခေါ်သော အထိန်းအချုပ် ကိရိယာများ တင်ဆင်ခြင်း၊ ကျပ်ထုတ်စည်းခြင်း စသည်တို့သည်လည်း ကြွက်သားများ၏ မူလ အနေအထားကို ထိန်းသိမ်းနိုင်ပြီး ကြွက်သားများ သိမ်သွားခြင်းကို တားဆီးနိုင်ပါမည်။

    ဆေးဝါးများ

    ကြွက်သားတောင့်တင်းခြင်း များကို ဆေးဝါးအကူအညီဖြင့် လျော ချနိုင်ပါသည်။ ဆရာဝန်မှ အောက်ပါ ဆေးဝါးများကို လိုအပ်သလို ညွန်ကြားပါလိမ့်မည်။

    • Baclofen (Lioresal) သည် ဗဟိုအာရုံကြောစနစ်ကို သက်ရောက်မှု့ ရှိပါသည်။ ဤဆေးသည် ကြွက်သားများ ဂဏာမငြိမ်ဖြစ်ခြင်း၊ တောင့်တင်းခြင်း၊ အနာသက်သာစေ ခြင်းနှင့် လှုပ်ရှားရခက်ခြင်းကို သက်သာစေပါသည်။ ဘေး ထွက်ဆိုးကျိုးများ အနေဖြင့် ကြွက်သားများ ထိန်းချုပ်နိုင်မှု့ အားနည်းခြင်း၊ ထင်ယောင်ထင်မှား ဖြစ်ခြင်း၊ ကြွက်သား အားနည်းခြင်းများ ဖြစ်စေနိုင်သော်လည်း ကြွက်သား တောင့် တင်းခြင်း အတွက်မှု baclofen သည် အထိရောက်ဆုံးဆေး ဖြစ်ပါသည်။
    • Tizanidine hydrochloride (Zanaflex) သည် အာရုံကြော လှုံဆော်မှု အပေါ် သက်ရောက်မှု ရှိပါသည်။ သို့သော် အာနိသင်မှာ ကြာရှည်ခံခြင်း မရှိပါ။ ဘေးထွက်ဆိုးကျိုးများမှာ အိပ်ငိုက်ခြင်း၊ နှုတ်ခမ်းခြောက်ခြင်းနှင့် သွေးဖိအား ကျစေခြင်း တို့ဖြစ်ပါသည်။
    • Dantrolene sodium (Dantrium) သည် ကြွက်သား တောင့် တင်းစေသော အာရုံကြော လှုံဆော်မှု့ကို ဟန့်တားစေ ပါသည်။ ဘေးထွက်ဆိုးကျိုးများမှာ အားနည်းခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ စိတ်ကျခြင်းနှင့် ဝမမ်းလျောခြင်း တို့ဖြစ်စေနိုင် ပါသည်။
    • အခြားဆေးဝါးများ အနေဖြင့် diazepam (Valium) နှင့် clonazepam (Klonopin) စသော ဆေးများကိုလည်း သုံးစွဲနိုင်ပါသည်။

    အချို့လူနာများတွင် ဆေးတစ်မျိုး မကဘဲ ပေါင်းစပ်ပေးခြင်းလည်း ရှိနိုင်ပါသည်။

    ထို့အပြင် အာရုံကြောကို တိုက်ရိုက်သက်ရောက် တားဆီးပေးသော ထိုးဆေးများလည်း အသုံးပြုနိုင်ပါသည်။ ယင်းထိုးဆေးများမှာ စားဆေးများထက် ပိုမိုအစွမ်းထက်ပြီး အန္တရာယ်ကင်းသော်လည်း ကျွမ်းကျင်သူများမှ ထိုးပေးရန် လိုအပ်ပါသည်။ အသုံးများသော ထိုးဆေး နှစ်မျိုးရှိပြီး ယင်းတို့မှာ botulinin toxin (Botox) နှင့် pheol.

    • Botulinum toxin (Botox) သည် ကြွက်သားတောင့်တင်း ခြင်းကို ဖြစ်စေသော ဓါတ်ပစ္စည်းကို တားဆီးပေးပါသည်။ ကြွက်သားတောင့်တင်းခြင်းကို ဟန့်တားရာတွင် ထိရောက် သော်လည်း တစ်ကြိမ်ထက် ပိုထိုးရန် လိုအပ်ပါသည်။ အာနိသင်မှာ တစ်သက်လုံးခံမည် မဟုတ်ပါ။ ဘေးထွက် ဆိုးကျိုးများ အနေဖြင့် ကြွက်သားများ အားနည်းခြင်း၊ မျိုချရ ခက်ခဲခြင်းနှင့် ဆေးထိုးသော နေရာတွင် နာကျင်ခြင်းတို့ ဖြစ်စေနိုင်ပါသည်။
    • Phenol သည် Botox ထက်ပိုကြကြာ အာနိသင်ပေးနိုင်ပြီး ဘေးထွက်ဆိုးကျိုးများ အနေဖြင့် ဆေးထိုးသော နေရာတွင် နာခြင်း၊ ပူလောင်ခြင်း၊ ထုံကျင်ခြင်းနှင့် ဖူးယောင်ခြင်းများ ဖြစ်နိုင်ပါသည်။

    ခွဲစိတ်ကုသခြင်း

    ပြင်းထန်သော ကြွက်သားတောင့်တင်းခြင်းများတွင်မူ ခွဲစိတ်ခြင်း ဖြင့်လည်း ကုသနိုင်ပါသည်။ ခွဲစိတ်ကုသရာတွင် လက်ပိုင်းဆိုင်ရာ ပြဿနာဖြစ်ပါက Biceps သို့မဟုတ် Triseps ကြွက်သားများ၏ အရွက်များကို လျော့ပေးမည်ဖြစ်ပါသည်။ လမ်းလျောက်ရ ခက်ခဲသော လူနာများတွင်မူ Hamstrings ကြွက်သားများ သို့မဟုတ် ခြေညိုးရှိ Flexor ကြွက်သားများကို လျော့ပေးမည် ဖြစ်ပါသည်။

    အိမ်တွင်ပြုစု စောင့်ရှောက်ခြင်း

    လူနာကို ကြွက်သားတောင့်တင်းခြင်း သက်သာစေရန် အိမ်တွင်အောက်ပါအတိုင်း ပြုစုနိုင်ပါသည်။

    • တင်းကျပ်လွန်းသော အဝတ်အစားများ မဝတ်ခြင်း
    • စိတ်ဖိစီးမှု့ လျော့စေခြင်း
    • နေထိုင်ရ အဆင်ပြေသော ပုံစံဖြင့် ပုံစံပြောင်း နေခြင်း
    • နှုံးခွေခြင်း မဖြစ်စေရန် အိပ်ရေး၀၀အိပ်ခြင်း
    • အခန်း အပူချိန်ကို မပူလွန်း၊ မအေးလွန်း ဖြစ်အောင် ထိန်းညှိပေးခြင်း

    ကြွက်သားတောင့်တင်းခြင်းသည် လေဖြတ်ပြီးနောက် အတွေ့ရ အများဆုံး ပြဿနာပင် ဖြစ်ပါသည်။ လူနာ၏ ကိုယ်လက်လှုပ်ရှား မှု့ကို များစွာထိခိုက်စေနိုင်သော်လည်း ပြန်လည်သန်စွမ်းရေး လေ့ ကျင့်ခန်းများဖြင့် အတတ်နိုင်ဆုံး ပြန်လည်လှုပ်ရှားနိုင်ရန် ကြိုးစား နိုင်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချ က်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement