backup og meta

ဝမ်းဗိုက်လေပွ ခြင်းကို ဖြစ်စေသည့် အကြောင်းအရင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Ye Mhan Linn မှ ရေးသားသည်။ · 08/01/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝမ်းဗိုက်လေပွ ခြင်းကို ဖြစ်စေသည့် အကြောင်းအရင်းများ

    ဝမ်းဗိုက်လေပွ ခြင်းဆိုတာဘာလဲ

    tအူထဲက လေနဲ့ ဓာတ်ငွေ့တို့ကြောင့် ဝမ်းဗိုက်တစ်ခုလုံး ပြည့်တင်းသလို ခံစားရခြင်းကို ဝမ်းဗိုက်လေပွ ခြင်းလို့ ခေါ်ပါတယ်။ လေပွတဲ့အခါ သင့်ဝမ်းဗိုက်တစ်ခုလုံး ဖောင်းတင်းပြီး နာကျင်မှုဝေဒနာ ခံစားရနိုင်သလို မကြာခဏ လေထိုးလေအောင့်ခြင်း၊ လေချဉ်တက်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

    ဝမ်းဗိုက်လေပွခြင်းဟာ နေ့စဉ်လူမှုဘ၀ လုပ်ငန်းဆောင်တာတွေကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

    ဘာကြောင့် ဝမ်းဗိုက်လေပွ ရသလဲ

    ဝမ်းဗိုက်လေပွခြင်းရဲ့ အဓိကတရားခံကတော့ အစာစားပြီးချိန်မှာ ထွက်လာတဲ့ ဓာတ်ငွေ့ပဲဖြစ်ပါတယ်။ အစာအိမ်က မချေဖျက်နိုင်တဲ့ အစားအစာတွေ ပြိုကွဲတဲ့အခါ ဒါမှမဟုတ် ပါးစပ်ကနေ လေအများအပြားဝင်ရောက်တဲ့အခါ ဝမ်းဗိုက်ထဲ ဓာတ်ငွေ့တွေ စုပုံလာမှာဖြစ်ပါတယ်။ အမှန်တကယ်တော့ အစာစားတဲ့အချိန်၊ သောက်တဲ့အချိန်တိုင်း ပါးစပ်ကတဆင့် ခန္ဓာကိုယ်ထဲ ပြင်ပလေဝင်ရောက်နိုင်ပေမယ့် အောက်ပါအခြေအနေတွေမှာ ပုံမှန်ဝင်နေကျ လေပမာဏထက် အဆပေါင်းများစွာ ပိုဝင်သွားတတ်ပါတယ်။

  • အစားအသောက်ကို အလွန်အမင်း မြန်မြန်ဆန်ဆန် စားသောက်ခြင်း
  • ဆေးလိပ်သောက်ခြင်း
  • ပီကေဝါးခြင်း
  • ချောင်နေသည့် အံကပ်များ တပ်ဆင်ခြင်း
  • ပုံမှန်အားဖြင့် မျိုချလိုက်မိတဲ့ လေတွေဟာ လေချဉ်တက်ရာ၊ လေလည်ရာကတဆင့် ခန္ဓာကိုယ်ပြင်ပဆီ ပြန်ထွက်သွားတာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲ ဓာတ်ငွေ့စုပုံခြင်းအပြင် အစာချေဖျက်နှုန်း နှေးကွေးခြင်းကြောင့်လည်း လေပွခြင်း၊ ဝမ်းဗိုက်ကယ်ခြင်းကို ဖြစ်လာနိုင်ပါတယ်။

    ဝမ်းဗိုက်လေပွစေသည့် အကြောင်းအရင်းများ

    ဝမ်းဗိုက်လေပွစေတဲ့ ဖြစ်လေ့ဖြစ်ထအရှိဆုံး အကြောင်းအရင်းကတော့ ဝမ်းချုပ်ခြင်းပဲ ဖြစ်ပါတယ်။ ပုံမှန်ဝမ်းသွားနေကျ အကြိမ်ရေလောက် မသွားတော့ဘူးဆိုရင် ဝမ်းချုပ်နေမှန်း မိမိကိုယ်ကိုယ် သတိထားမိကြတာ များပါတယ်။ ဒါပေမယ့် အောက်ပါလက္ခဏာတွေ ဖြစ်လာမယ်ဆိုရင်တော့ ဝမ်းပုံမှန်သွားနေရင်တောင် ဝမ်းချုပ်တယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

    • ဝမ်းမာမာခဲခဲများသွားခြင်း
    • ဝမ်းစသွားရန် ညှစ်ရခြင်း
    • ဝမ်းချုပ်ခြင်းကြောင့် ဝမ်းဗိုက်လေပွခြင်း၊ ဗိုက်အောင့်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ ဝမ်းမသွားနိုင်ဘဲ အူမကြီးထဲ အချိန်ကြာကြာရှိနေမယ်ဆိုရင် ဘက်တီးရီးယားပိုးမွှားများရဲ့ အချဉ်ဖောက်ခြင်းကို ခံရပြီး ဝမ်းဗိုက်လေပွခြင်းကို ပိုမိုဆိုးရွားစေမှာ ဖြစ်ပါတယ်။

    ဝမ်းဗိုက်လေပွ ခြင်းကို ဖြစ်ပေါ်စေသည့် ကျန်းမာရေးအခြေအနေများ

    • Irritable bowel syndrome ခေါ် အူမကြီးတွင်ဖြစ်သည့် ရောဂါတစ်မျိုး
    • အူလမ်းကြောင်း ထိခိုက်လွယ်ခြင်း
    • အစားအသောက်ကြောင့် လေပွခြင်း
    • အူသိမ်ပိုင်း ကပ်ပါးတွယ်ခြင်း
    • ဟော်မုန်းပြောင်းလဲမှု
    • အစာမစားနိုင်သည့် စိတ်ရောဂါများ
    • အူရောင်ရမ်းသည့်ရောဂါ
    • စိတ်ဖိစီးမှု၊ စိတ်ကျခြင်း၊ စိုးရိမ်ပူပင်မှု စသည့် စိတ်ကျန်းမာရေး ပြဿနာများ
    • ရင်ပူခြင်း
    • ကိုယ်အလေးချိန်တက်ခြင်း

    အထူးသတိပြုရမည့် ကျန်းမာရေးအခြေအနေများ

  • ဂလူတန်လို့ ခေါ်တဲ့ဓာတ်တစ်မျိုး စားသုံးမိသောကြောင့်ဖြစ်သည့် မျိုးဗီဇနဲ့ ကိုယ်ခံအားတုံ့ပြန်မှုဆိုင်ရာ အူလမ်းကြောင်းရောဂါတစ်မျိုး (Celiac disease)
  • ကင်ဆာရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါတို့ကြောင့် ဝမ်းဗိုက်ခေါင်းတွင်း အရည်များစုပုံခြင်း (ရေဖျဉ်းစွဲခြင်း)
  • ကာကွယ်ခြင်း

    ဝမ်းဗိုက်လေပွခြင်းကို ကာကွယ်နိုင်မယ့် အသုံးအဝင်ဆုံး နည်းလမ်းကတော့ အစားအသောက်ပုံစံ ပြောင်းလဲခြင်းပဲ ဖြစ်ပါတယ်။ ဝမ်းဗိုက်တွင်းမှာ အချဉ်ဖောက်ရမလွယ်ကူတဲ့ FODMAP diet ခေါ် oligosaccharide များ (ဂျုံ၊ ကြက်သွန်နီ၊ ပဲတောင့်အမျိုးမျိုး)၊ disaccharide များ (ဒိန်ချဉ်၊ နို့)၊ monosaccharide များ (ပန်းသီး၊ သစ်တော်သီး) နှင့် polyols များ (တရုတ်ဆီးသီး၊ ဆီးသီး၊ ပန်းဂေါ်ဖီ) ကို စားသုံးခြင်းအားဖြင့် ဝမ်းဗိုက်လေပွတာကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

    Takeaways

    ဝမ်းဗိုက်လေပွ ခြင်းဟာ လူတိုင်း ဖြစ်ဖူးပြီး အများစုက အလိုလို ပျောက်ကင်းသွားနိုင်ပါတယ်။ ရောဂါအခံတစ်ခုခုရှိပြီး မကြာခဏ လေပွတတ်ရင်တော့ ဆရာဝန်နဲ့ ပြသပြီး ဆွေးနွေးသင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 08/01/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement