backup og meta

အသည်းရောဂါအတွက် အထူးအစားအစာများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Hello Sayarwon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းရောဂါအတွက် အထူးအစားအစာများ

    အသည်းရောဂါအတွက် အထူးအစားအစာများ

    အသည်းရောဂါမှန်း အဖြေရှာအတည်ပြုပြီးတာနဲ့ လူနာတွေမေးလေ့ရှိတဲ့မေးခွန်းတွေဟာ အစားအစာ၊ လေ့ကျင့်ခန်းတွေနဲ့ ပတ်သက်သော အကြောင်းအရာတွေဖြစ်ပါတယ်။ မေးလေ့ရှိတဲ့မေးခွန်းတွေကတော့ အသည်းအတွက် ဘယ်အစားအစာတွေက ကောင်းလဲ၊ ပရိုတိန်းဓါတ် ဘယ်လောက်စားရမလဲ၊ လေ့ကျင့်ခန်းလုပ်ခြင်းက ကောင်းလား၊ ဘယ်အားကစားမျိုးတွေ မလုပ်သင့်ဘူးလဲ စတာတွေဖြစ်ပါတယ်။

    အသည်းရောဂါလူနာတွေမှာ အချို့အစားအစာတွေကို အတိုင်းအတာပမာဏနဲ့ စားသင့်ပါတယ်။ ဒါကိုပြစ်ဒဏ်တစ်ခုလို မစဉ်းစားဘဲနဲ့ အသည်းကျန်းမာဖို့အတွက် လှေကားထစ်တစ်ဆင့်လို့မှတ်သင့်ပါတယ်။

    အသည်းရောင်ရောဂါသည်တွေအတွက် သင့်တော်တဲ့ အကောင်းဆုံး အစားအစာတွေဆိုတာ ရှိသလား။

    ဆရာဝန်ဆီသွားပြီး အသည်းရောဂါအတွက် ဘာစားသင့်လဲလို့ မတောင်းဆိုရဲကြပါဘူး။ အသည်းရောဂါအမျိုးအစား (သည်းခြေလမ်းကြောင်းကြောင့်ဖြစ်တဲ့ အသည်းခြောက်ခြင်း အရက်ကြောင့်ဖြစ်တဲ့ အသည်းခြောက်ခြင်း)၊ အသည်းရောဂါအဆင့် ( အပျော့စားအသည်းရောဂါ၊ ဆိုးရွားပြင်းထန်တဲ့အသည်းရောဂါ) စတဲ့အခြေအနေတွေပေါ်မူတည်ပြီး အသည်းရောဂါအတွက် အစားအစာကို စံသတ်မှတ်ထားလို့မရပါဘူး။ လူတစ်ယောက်ချင်းစီမှာ အာဟာရဆိုင်ရာလိုအပ်မှုတွေရှိပြီး ထိုလိုအပ်မှုတွေကလည်း အချိန်တိုင်းပြောင်းလဲနေပါတယ်။

    အသည်းရောဂါသည်တွေအတွက် တစ်နေ့လုံး အစာနည်းနည်းစီ စားခြင်းက စွမ်းအင်များများရရှိပြီး အစာချေဖို့ လွယ်တာကြောင့် အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ သိရှိထားပါတယ်။ အကယ်၍ တစ်စုံတစ်ယောက်က တစ်နေ့သုံးနပ်ဘယ်လိုစားရမလဲ ဆိုလာရင် မနက်စာကိုဘုရင်လိုစားပါ၊ နေ့လည်စာကိုမင်းသားလိုစားပါ၊ ညစာကိုသူတောင်းစားလိုစားပါ လို့ပြောကြပါတယ်။ မတူတဲ့အစာအုပ်စုအသီးသီးမှာ ကယ်လိုရီပါဝင်မှုတွေ မတူနိုင်ပါဘူး။ ပရိုတိန်း၊ ကာဗိုဟိုက်ဒရိတ် တစ်ဂရမ်မှာ လေးကယ်လိုရီပါပြီး အဆီတစ်ဂရမ်ကနေ ကိုးကယ်လိုရီရနိုင်ပါတယ်။

    အရက်တစ်ဂရမ်ကနေ ၇ ကယ်လိုရီရပါတယ်။ အရက်ကြောင့် ပရိုတိန်း၊ ကာဗိုဟိုက်ဒရိတ် စားခြင်းထက် စွမ်းအင်ပိုရနိုင်ပြီး အဆီထက် စွမ်းအင်ထောက်ပံ့မှုအနည်းငယ်နည်းပါတယ်။ အရက်က စွမ်းအင်ပေးနိုင်သော်လည်း အာဟာရတော့မပေးနိုင်ပါဘူး။ အရက်က အကျိုးမရှိတဲ့ ကယ်လိုရီတွေကိုပဲပေးနိုင်ပါတယ်။

    အသည်းရောင်ရောဂါအတွက် ယေဘုယျလမ်းညွှန်မှုများ

    သိပ်မဆိုးတဲ့အသည်းရောဂါသည်တွေအတွက် သင့်တင့်မျှတတဲ့ အစားအစာလို့ပြောရင် အောက်ပါအချက်တွေအကုန်ပါရပါမယ်။ (လူတိုင်းအတွက် အသည်းရောဂါမရှိတဲ့လူတွေတောင် စားသင့်တဲ့ ကျန်းမာရေးနဲ့သင့်တော်တဲ့ အစားအစာတွေဖြစ်ပါတယ်။ )

    • ကာဗိုဟိုက်ဒရိတ် ၆၀ရာခိုင်နှုန်းမှ ၇၀ရာခိုင်နှုန်း ( ကောက်ပဲသီးနံတွေမှ ပြုလုပ်ထားတဲ့ ခေါက်ဆွဲ၊ ပေါင်မုန့်စသည်)
    • ပရိုတိန်း ၂၀ရာနှုန်းမှ ၃၀ရာနှုန်း ( အဆီမပါတဲ့ အသား၊ ဟင်းသီးဟင်းရွက်မှရတဲ့ ပရိုတိန်း)
    • မပြည်ဝဆီ ၁၀ရာနှုန်းမှ ၂၀ရာနှုန်း
    • တစ်နေ့ ရေ၈ခွက်မှ ၁၂ခွက်(၂၀၀-၂၅၀ မီလီလီတာ)
    • တစ်နေ့ ဆိုဒီယမ် ၁၀၀၀ မှ ၁၅၀၀ မီလီဂရမ်
    • ဗီတာမင်နဲ့ သတ္ထုဓါတ်အလွန်အကျွံစားခြင်းမှ ရှောင်ခြင်း (အထူးသဖြင့် ဗီတာမင်အေ၊ ဗီတာမင် ဘီ ၃ နဲ့ သံဓါတ်)
    • အရက်ရှောင်ခြင်း
    • အသင့်အစားအစာများရှောင်ခြင်း
    • လတ်ဆတ်တဲ့အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ
    • ကဖင်းဓါတ်အလွန်အကျွံသောက်ခြင်း (တစ်နေ့တာတွင် သုံးခွက်ထက်မပိုသင့်ပါဘူး)
    • ဗီတာမင်ဒီ၊ ဆီနှင့် ကယ်လ်စီယမ်ဖြည့်စွက်မှီဝဲခြင်း
    • ဗီတာမင်အီးနှင့် CoQ10 ကဲ့သို့သော ဓါတ်တိုးဆန့်ကျင်အာဟာရများ
    • Glucosamine chondroitin (အရိုးနုကို အားဖြည့်ပေးသော ဓါတ်ပစ္စည်များ) ဖြည့်စွက်မှီဝဲခြင်း

    အစားတွေစားလိုက်တဲ့အချိန်တိုင်းမှာ သင့်အသည်းဟာ သင့်တော်တဲ့အင်္ဂါအစိတ်အပိုင်းဆီ သင့်တင့်တဲ့အာဟာရရဖို့ အမြဲတမ်း ထိန်းညှိပေးရပါတယ်။ ကျန်းမာတဲ့လူတစ်ယောက်အတွက် အလိုအလျောက်ထိန်းညှိပေးနေနိုင်ပါတယ်။ အသည်းမကောင်းတဲ့လူမှာတော့ အမျိုးမျိုးသောအာဟာရအတွက် သင့်တင်အောင်စီစဉ်ပေးတဲ့နေရာမှာ ပြဿနာရှိလာပါတယ်။ အာဟာရဟာ သက်တမ်းတစ်လျှောက် နောက်ထပ်ထိခိုက်မှုတွေကိုနည်းဖို့ စွမ်းဆောင်နိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Hello Sayarwon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement